Part -5

4.2K 271 15
                                    

𝐔𝐧𝐢𝐜𝐨𝐝𝐞✓✓✓

"မိန်းမရေ ကိုယ်Min အိမ်တော်ကိုခနသွားဦးမယ်"

"အင်း အင်း သွားလေ ခနဒီမှာဥက္ကဌကြီးတို့ဖို့ မုန့်ယူသွားပေးဦး"

"အင်း အင်း"

ဒုဥက္ကဌပတ်ခ်က Minအိမ်သို့အရေးကြီးစာရွက်စာတမ်းများသွားပို့ရန်ပြင်ဆင်နေသည်။ဒုဥက္ကဌကတော်က‌လည်း စားကောင်းသောက်ဖွယ်‌တွေကိုတခါတည်းထည့်ပေးလိုက်ရန်ပြင်သည်။

"ဒါဆို ကိုယ်သွားပြီနော်"

"ဟုတ်ကဲ့"

"ဖေဖေ!! ဖေဖေ!! ခန ခန ခန ခန ခန!!!!"

ဒုဥက္ကဌမှအိမ်ပြင်ကိုထွက်ရန်ပြင်တုန်း အပေါ်ထပ်ကနေ ပြေးဆင်းလာသော ချစ်သားလေး......

"သားဘာမှာမလို့လဲပြော အဖေဘာဝယ်ခဲ့ပေးရမလဲ"

"မဟုတ်ဘူး မဟုတ်ပါဘူး သား သားလည်းလိုက်ချင်လို့"

"သားလိုက်ချင်လည်းခေါ်သွားလိုက်ပါ ကိုရယ်"

"နော် ဖေဖေနော် သားကိုခေါ်သွားပါ နော် သားလိုက်ချင်လို့အင်္ကျီတောင်လဲထားရတာ"

သားတော်မောင်ကအရမ်းလိုက်ချင်နေတဲ့ပုံနဲ့အဖေကိုချွဲနွဲ့ပြနေတာ ဒီကအဖေကဘယ်လိုလို့မခေါ်ရက်ပဲနေပါ့မလဲ...

"ဟုတ်ပြီ ဟုတ်ပြီ သွားကြမယ်"

"ရေးးးးဒါမှဖေဖေကွ မေမေ တာ့တာ သားတို့သွားပြီ"

"သွားပါရှင် တာ့တာ"

ပတ်ခ်သားအဖနှစ်ယောက်Minအိမ်တော်ဆီသို့ထွက်လာခဲ့သည်။Minအိမ်သို့ရောက်တော့

"ဖေဖေ သားအော်ခေါ်လိုက်မယ်နော် ဟီးးး"

"ခေါ်ပါဗျာ"

သူတို့ရောက်လာတာကိုမြင်တဲ့အလုပ်သမားတွေကအိမ်ထဲကလူကြီးတွေကိုသွားပြောလို့သိပေမဲ့လည်း သားကခေါ်ချင်တယ်ဆိုလို့ခေါ်ခွင့်ပေးလိုက်သည်။

Jiminလည်းခြံထဲရောက်တာနဲ့ကားပေါ်ကဆင်းကာ.....

"အိမ်ရှင်တို့!!!!!!Hellooooo!!!!ဘိုးဘိုးတို့ သားလာတယ်!!!!!"

"ဟာ...ငါ့မြေးသမက်လေးပါ ပါလာတာလား"

Jiminလည်းအသံကျယ်ကျယ်နှင့်အော်ခေါ်လိုက်တော့ အိမ်ထဲကနေ ကိုကို့အဘိုးနှင့်ကိုကို့အမေထွက်လာသည်။ Jiminမြင်တော့ အဘိုးနဲ့အမေ့ကိုပြေးဖက်လိုက်သည်။

🍁မြတ်နိုးရပါသော ကလေးငယ်🍁🍁မြတ်နိုးရပါသော ကလေးငယ်🍁(Complete)Where stories live. Discover now