Part - 10

3.4K 240 8
                                    

𝐔𝐧𝐢𝐜𝐨𝐝𝐞✓✓✓

"ဟိုလေ အခုတလော Jiminမူမမှန်တာတွေများရှိလား"

"အဲ့လိုမျိုးမရှိပါဘူး ဘာလို့လဲ Seokjin"

Seokjinကနှလုံးအထူးကုခွဲစိတ်ဆရာဝန်တစ်ယောက်။Jiminအခုဘယ်လိုအခြေအနေလည်းဆိုတာ သူသိသည်။အခုJiminရဲ့ကျန်းမာရေးကအရင်နဲ့မတူ ပိုဂရုစိုက်ပေးရမဲ့အခြေအနေရောက်နေပြီ။ဒါကြောင့် Seokjin အသိပေးဖို့လိုလာသည်။ကိုယ့်ညီ‌လေးအရင်းတစ်ယောက်လိုချစ်ခင်ရတဲ့Jiminကိုသူလည်းစိတ်ပူမိသည်။သို့ပေမဲ့ လူကြီးတွေကိုမေးကြည့်တော့ Jiminဘာမှမဖြစ်ဘူးဆိုတော့ ဒါမဟုတ်လောက်။လူကြီး‌တွေမသိဘူးဆိုတော့ Jiminတစ်ခုခုကိုဖုံးကွယ်ထားသည်။အခုလည်းJiminအခြေအနေကိုကြည့်ချင်၍ဆေးရုံမှာdutyချိန်းလိုက်ပြီး မနက်စောစောParkအိမ်ကိုရောက်လာတာပင် လူကြီးတွေကိုသတိပေးချင်တာလည်းပါတာပေါ့

"ကျွန်တော်ပြောချင်တာကဥက္ကဌကြီးတို့ Jiminကို အရင်ကထက်ပိုပြီးဂရုစိုက်ပေးဖို့လိုပါမယ်"

"ဟင် သားလေးကဘာဖြစ်လို့လဲ"

Jiminအမေကစိတ်ပူစွာဖြင့်မေးလိုက်သည်။

"ဒီလိုပါ Jiminသတိလစ်တတ်တဲ့ရက်တွေက ဟိုးအရင်ကထက်ပိုများလာတယ် ပြီးတော့ကျွန်တော်စမ်းသပ်ရ‌သလောက်Jiminရဲ့နှလုံးကအရင်နေ့တွေထက်လည်းအားနည်းလာတယ်"

"စိုးရိမ်ရလား Seokjin"

"အခုလောလောဆယ်တော့ စိုးရိမ်စရာမရှိပါဘူး သေချာဂရုစိုက်ပေးရင်ရပါတယ် စိတ်ခံစားချက်နဲ့လည်းဆိုင်ပါတယ် သူစိတ်ချမ်းသာနေဖို့လိုတယ်"

"ဟို ဆေးရုံတက်ဖို့ရော"

"အခုတော့မတက်လည်းရပေမဲ့ နောက်ပိုင်းမှာဒီလိုအခြေအနေပြန်ဖြစ်လာရင်တော့ ဆေးရုံတင်ရလိမ့်မယ် ဆေးရုံမှာသေချာဆေးကုသမှုခံယူမှဖြစ်ပါမယ်"

"ဟူး~~~~~~"

လူကြီးတွေအကုန် ခေါင်းငိုက်စိုက်ကျကုန်ကြသည်။စိုးရိမ်စရာမရှိ‌သေးဘူးဆိုပေမဲ့ ဒေါက်တာပြောသလောက်ဆို သူတို့JiJiလေးကအခြေအနေမကောင်းဘူးဆိုတဲ့သဘောပေါ့။Yoongiနဲ့အတူရှိတုန်းက JiJiလေးကရောဂါသည်ဆိုတာကိုတောင်မေ့ပျောက်ပြီးပျော်နေတာ။အခု Yoongiလေးမရှိတဲ့အချိန်ကျမှ တခုခုဖြစ်သွားရင် ဒုက္ခ.....။
....................      .......................  ..........     ......

🍁မြတ်နိုးရပါသော ကလေးငယ်🍁🍁မြတ်နိုးရပါသော ကလေးငယ်🍁(Complete)Where stories live. Discover now