Part - 13

3.2K 193 29
                                    

𝐔𝐧𝐢𝐜𝐨𝐝𝐞✓✓✓

Yoongi မူမမှန်တဲ့ကလေးငယ်ကိုကြည့်ရင်းစိုးရိမ်စိတ်တွေမြင့်တက်လာသည်။ဖြူဖွေးနေတဲ့မျက်နှာလေးကချက်ချင်း နီရဲလာပြီးမျက်ရည်တွေဝိုင်းကာ သူ့ကိုအားကိုးတကြီးကြည့်နေတာ ဘာတွေဖြစ်နေတာလဲ ကလေးငယ်......

ထိုအချိန်မှာပဲ ကလေးက သူ့ရင်ဘတ်ကိုသည်းထန်စွာဖိရင်း လဲကျသွားတာကို မြင်လိုက်ရပေသည်။လက်ထဲကပန်းစည်းမှာလည်းမြေပြင်ပေါ်သို့ကျလျက်.....

"ကလေးငယ်!!!"

"သားလေး!!"

"Ji Ji!!"

"Jimin!!!"

Yoongiစိတ်ပူကာ ကလေးကိုခေါ်ရင်းအနားဆီပြေးသွားလိုက်မိသည်။နှစ်ဖက်လူကြီးတွေလည်းစိုးရိမ်စွာအနားရောက်လာကြသည်။
Yoongiကတော့ လဲကျနေတဲ့ကလေးငယ်ကိုရင်ခွင်ထဲပွေ့ထားမိသည်။

"ကလေးငယ် ထပါဦး ဟေ့ ကလေးလေး ကိုကိုခေါ်နေတယ်လေ"

"သားလေး ထပါဦး"

ပွဲကိုလာတဲ့ဧည့်သည်တွေလည်း လန့်ကုန်ပြီး အသံများကျွတ်စီကျွတ်စီထွက်လာကြသည်။

"ခန ကျွန်တော်ကြည့်ပေးမယ်"

Seokjinလည်းJiminနားသို့ရောက်လာပြီး စမ်းသပ်ကြည့်ပေမဲ့ ပုံမှန်မဟုတ်တဲ့အခြေအနေကြောင့်အရမ်းလန့်သွားရသည်။

"ဟာ!! ဒါ ဒါ"

"ကလေး ဘာဖြစ်တာလဲ!!"

"မြန်မြန် Yoongi Jiminကိုခေါ်ခဲ့ ဆေးရုံပို့ရမယ်"

Seokjinလည်း ဆေးရုံတင်ရမှာမို့ YoongiကိုJiminခေါ်ခဲ့ခိုင်းလိုက်ပြီး သူကကားမောင်းရတော့သည်။မိဘတွေလည်း seokjinကားနောက်သို့လိုက်ကာ ဆေးရုံသွားရတော့သည်။အမှတ်မထင်ဖြစ်သွားတဲ့ကိစ္စကြောင့် မင်္ဂလာပွဲလည်းပျက်သွားခဲ့ရပြီ။ဒါ့ကြောင့် Yoongiရဲ့အတွင်း‌ရေးမှူးကနေ ဧည့်သည်တွေကိုပြောလိုက်ရသည်။

"သတို့သား နေမကောင်းဖြစ်သွားလို့ ပွဲကိုဆက်မလုပ်ဖြစ်တော့ပါဘူး ကြွရောက်လာတဲ့လူကြီးမင်းတို့ကို သတို့သားနှစ်ယောက်နဲ့နှစ်ဖက်မိဘတွေကိုယ်စား ကျွန်တော်ကပဲတောင်းပန်ပါတယ် ပြန်လို့ရပါပြီခဗျ"

🍁မြတ်နိုးရပါသော ကလေးငယ်🍁🍁မြတ်နိုးရပါသော ကလေးငယ်🍁(Complete)Where stories live. Discover now