Part - 20 (Final)

5.3K 238 45
                                    

𝐔𝐧𝐢𝐜𝐨𝐝𝐞✓✓✓

Yoongiနဲ့Jimin နှစ်ယောက်သားလက်ကလေးကိုအတူတွဲကာ သွားနေရင်းနေရာတစ်နေရာရောက်တော့Jiminအံ့ဩသွားသည်။

"လှလိုက်တာ Wowwww!!!!!!"

Jiminမျက်စိရှေ့က ရှုခင်းကိုမျက်လုံးကျွတ်မတတ်ကြည့်နေသည်။ဒီလောက်လှတဲ့ရှုခင်းတစ်ခါမှမမြင်ဖူးပါ။တောတောင်တွေစုံကာရေပြင်ကျယ်ကြီးလည်းရှိပြီး လေညင်းလေးတွေကလည်းမျက်နှာပေါ်သို့နူးညံ့စွာဖြတ်ပြေးသွားသည်။ငှက်ကလေးတွေကလည်းကောင်းကင်ပေါ်မှာလွတ်လပ်စွာပျံသန်းနေပြီး အလွန်လှပလွန်းတဲ့မြင်ကွင်းတစ်ခုပါပဲ။

Yoongiက သူ့ကလေးသဘောကျမယ်ဆိုတာသိလို့တမင်ခေါ်လာတာပင်။သူကိုယ်တိုင်လည်းဒီနေရာလေးကိုအရမ်းသဘောကျသည်။အလုပ်ကိစ္စနဲ့ဂျပန်ကိုလာတဲ့အချိန်တွေမှာလည်းဒီနေရာလေးကိုခနခနလာပြီးစိတ်အပန်းဖြေဖြစ်သည်။

ကားတွေလည်းရှင်းပြီး viewကောင်းတာ‌မို့ ဓာတ်ပုံရိုက်ကြတဲ့သူ‌တွေလည်းရှိသည်။လွတ်လွတ်လပ်လပ်စိတ်အပန်းဖြေလို့ရသည့်နေရာလေး.......။

"လှလိုက်တာ"

Jiminကထိုနေရာလေးကိုကြည့်ကာ‌ပျော်ရွှင်နေပြီး မျက်နှာမှာလည်းအပြုံးတွေဆင်မြန်းထားသည်။Yoongiလည်း သူ့ကလေးကိုကြည့်နေရင်း မျက်စိကိုဟိုဘက်ဒီဘက်လိုက်စူးစမ်းနေမိသည်။

လေချွန်သံနဲ့အတူ တကျွတ်ကျွတ်လုပ်နေတဲ့အသံထွက်လာသည်။ထိုအသံနှစ်ခုကရပ်မသွားပဲဆက်တိုက်ထွက်နေသည်။Jiminလည်းသိချင်စိတ်နဲ့အသံကြားရာကိုလိုက်ကြည့်မိတော့ ခပ်လှမ်းလှမ်းကနေJiminကိုကြည့်နေတဲ့လူနှစ်ယောက် သူလည်းကြည့်မိတော့ထိုလူတွေကမျက်စိတစ်ဖက်မှိတ်ပြသည်။ကြောင်သွားပေမဲ့ လေချွန်သံကထပ်ကြားရပြန်သည်။ကြည့်လိုက်တော့လည်းထိုလူတွေကသူ့ကိုပဲကြည့်ကာမျက်စိပဲမှိတ်ပြနေတာ ‌တခြားသူတွေဘာတွေဖြစ်နေမှာစိုးလို့နောက်ကိုလှည့်ကြည့်တော့လည်းသူကလွဲပြီးမရှိ အခုလည်း သူ့ဆီကိုလျှောက်လာနေတာ ကိုကို့ကိုရှာမိတော့လည်း သူနဲ့အနည်းငယ်လှမ်းတဲ့နေရာမှာ
ထိုလူတွေကတဖြည်းဖြည်းJiminနားရောက်လာသည်။ဒီနေရာကနေခွာကာကိုကို့နားသွားကပ်နေဖို့လုပ်တဲ့အချိန်

🍁မြတ်နိုးရပါသော ကလေးငယ်🍁🍁မြတ်နိုးရပါသော ကလေးငယ်🍁(Complete)Where stories live. Discover now