13. The Autumn Where I Met You

2.6K 340 29
                                    

Bo Jun Yi Xiao / school-romance

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Bo Jun Yi Xiao / school-romance

Song recommendation - You Better Know by Red Velvet

_________
zawgyi
_________

“မင်းနောက်နေတာမလား”

“ဟင့်အင်း”

“မင်းဘာပြောလိုက်လဲရောသိရဲ့လား”

“သိတယ်”

“ဒါဆိုသူ့ကိုအတည်ကြီးလိုက်မှာပေါ့”

“ဒါပေါ့”

ဂျယ်ဟျွန်း သူ့နဖူးသူရိုက်မိတယ်။ မှားလေပြီ။ ညီမဖြစ်သူက အစ်ကို့သူငယ်ချင်းနဲ့ချိတ်ပေးပါဆိုလို့ ဂွင်ဆင်ပေးလိုက်တာ။ ကျေးဇူးရှင်က ကိုယ့်ညီမကိုမကြွေဘဲ ကိုယ့်ညီမပုံဆွဲနေတဲ့ကောင်လေးကို မြင်မြင်ချင်းကြိုက်သွားပါတယ်တဲ့။ ဒါဘယ်လိုအကျိုးနည်းမှုကြီးလဲ။

“သူကအဖြောင့်နော်”

“ငါလည်းမဂေးပါဘူး သူ့ကိုပဲကြိုက်တာ”

ဗုဒ္ဓ အလ္လာဟ် ယေရှု~ အားတဲ့ဘုရားဆင်းကယ်ပါ။ ကိုယ့်လူဘယ်လောက်ခေါင်းမာလဲကိုယ်အသိဆုံး။ တစ်ခါဆုံးဖြတ်ပြီးရင် ပြန်မပြင်ဘူးဆိုတာလည်းသိပ်သိ။ ဒီအတိုင်းဆိုရင်တော့ ဟိုစီနီယာအစ်ကိုကိုပဲ ညတိုင်းလက်အုပ်ချီတောင်းပန်ရမယ်ထင်။

အစ်ကိုရေ~ ကျွန်တော့်ကောင်းမှုကြောင့် အစ်ကို့ဆီကို ငမွှေထိုးတစ်ကောင်ရောက်လာပါလိမ့်မယ်။ ခွင့်လွှတ်သည်းခံလှည့်ပါလော့။

=====================================================

“အမလေး”

Locker တံခါးဆွဲအပိတ် ဘွားကနဲပေါ်လာတဲ့လူရိပ်ကြောင့် တုန်တက်သွားတယ်။ Locker နံရံကိုမှီပြီး လက်ပိုက်ရပ်နေတဲ့ထိုသူမျက်နှာက ‘ငါမင်းကိုနှောင့်ယှက်ဖို့လာတာ’ လို့ပြောနေသယောင်။

Dear Spring [Donation Project]Where stories live. Discover now