17. Dear Your Highness

2.7K 251 17
                                    

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


Lian Suo Fan Ying / Historical-fantasy

_________

zawgyi

_________

ကျွန်တော်က မင်နိုင်ငံနယ်စပ်မှာအခြေတည်တဲ့ ဝေ့လာ့ထဲ့ (Oirat) မျိုးနွယ်ဝင်တစ်ယောက်ပါ။

မျိုးနွယ်စုနာမည်က အားထန်ကိုင့်အာရ်။ ငယ်နာမည်က ၀မ်ရိပေါ်။ မျိုးနွယ်ဝင်တွေက ရိအားထန် (ပထမအားထန်) လို့ခေါ်တယ်။ မိသားစုဝင်တွေက ရှောင်အာရ်လို့ခေါ်တယ်။ အမေဖြစ်သူမှည့်ထားတဲ့ ငယ်နာမည်ကိုခေါ်မယ့်လူကတော့ အခုထိကျွန်တော်နဲ့ရေစက်မဆုံသေးပါဘူး။

အားထန်ကိုင့်အာရ်တဖြစ် ကျွန်တော်ဝမ်ရိပေါ်ဟာ မျိုးနွယ်စုတပ်မှူးတွေထဲကတစ်ယောက်။ ရဲရင့်တဲ့ဝေ့လာ့ထဲ့အမျိုးသားနဲ့ ကျက်သရေရှိတဲ့မင်နိုင်ငံသူရဲ့သား။ အမြွာနှစ်ယောက်ရဲ့အစ်ကို။ နောက်ပြီး တော်ဝင်မင်းသားတစ်ပါး။

ဟုတ်တယ်။ ကျွန်တော့်အဖေက ဝေ့လာ့ထဲဘုရင်။ ကျွန်တော့်အမေက မင်နိုင်ငံရဲ့မင်းသမီးဟောင်း၊ လက်ရှိဝေ့လာ့ထဲ့မိဖုရားကြီး။ အဲတော့ကာ သားအကြီးဆုံးဖြစ်တဲ့ကျွန်တော်က အလိုလိုနေရင်း ထီးနန်းဆက်ခံမယ့်အိမ်ရှေ့စံဖြစ်လာတာပေါ့။ ဒီလိုဆိုလို့ သူ့ဘ၀လေးကောင်းလိုက်တာလို့မတွေးပါနဲ့။ ကျွန်တော်ဆိုတာ လွတ်လပ်စွာသွားလာနိုင်တဲ့ ကျွန်တော့်ညီငယ်တွေကို အမြဲမနာလိုဖြစ်နေရသူပါ။

အားထန်ဆွင်းနဲ့ အားထန်ဇိုက်လို့ခေါ်တဲ့ အမြွာနှစ်ယောက်က အသက် ၁၈ နှစ်အရွယ်မင်းသားနှစ်ပါး။ အရည်အချင်းရှိပေမယ့် မျောက်ရှုံးအောင်သောင်းကျန်းတတ်တယ်။ ပြဿနာရှာပြီးရင်ထွက်ပြေးတယ်။ ကျွန်တော်ကတော့ ဘယ်ကိုမှပြေးလို့မရပါဘူး။ ဘာကြောင့်လဲမေးရင် အိမ်ရှေ့စံမင်းသားဖြစ်နေလို့ပါ။

Dear Spring [Donation Project]Where stories live. Discover now