ပေတစ်ခုံရဲ့အထားအသို😌

23 3 0
                                    

ခန္တီစ တရားဟာ
ချစ်သူနဲ့ကျမှ
ဖြည့်ကျင့်ခွင့်ရတဲ့ စရဏ။
ငှက်ပျောရွက်လိုတစ်ကိုယ်စာအရွက်ဖားနေဆဲ
အထဲမှာ ဘာရှိမလဲလို့
တစ်လွှာပြီးတစ်လွှာ ခွာကြည့်ရင်း
အပျင်းအပြေကစားသွားတယ်။

မြှားပစ်ခြင်းအတတ်...
ငါ့ကိုယ်ပေါ်က..ပစ်မှတ်ကွင်းပြီး
မင်းခွင်းတိုင်းစူးနေတဲ့ ငှက်တောင်တွေနဲ့
အဆိပ်တွေခွာချလို့မရတဲ့
ဖြူးတစ်ကောင်လည်းဖြစ်ခဲ့ဖူးတယ်။

သားသတ်သူဝင်စားတဲ့မှော်ဆရာလို
ငါ့ခန္ဓာကိုယ်ကို အပိုင်းပိုင်း
ဖြတ်တောက်ပြသပြီးမှ
ရယ်ရယ်မောမော လွှဲသွားတဲ့မျက်နှာ
အကောင်းအတိုင်းပြန်လုပ်ပေးဖို့
မလွယ်ပါဘူး။
အမှားတစ်ရုံနဲ့အမှန်တရားကို
ခွဲတမ်းကျတော့
နာဖို့မေ့နေတဲ့ ရင်ကို ခဏခဏ
ရိုက်တတ်သူက
ပေတစ်ရံလိုရင်တစ်အုံနဲ့
တူတစ်လက်ကို မျှော်တနေတဲ့ငါကပဲ
ချစ်ခြင်းတရားတွေအထားအသိုမှားခဲ့ပါတယ်။

🍁mp🍁

🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿❤❤

Zawgyi

ေပတစ္ခုံရဲ႕အထားအသို😌

ခႏၱီစ တရားဟာ
ခ်စ္သူနဲ႕က်မွ
ျဖည့္က်င့္ခြင့္ရတဲ့ စရဏ။
ငွက္ေပ်ာ႐ြက္လိုတစ္ကိုယ္စာအ႐ြက္ဖားေနဆဲ
အထဲမွာ ဘာရွိမလဲလို႔
တစ္လႊာၿပီးတစ္လႊာ ခြာၾကည့္ရင္း
အပ်င္းအေျပကစားသြားတယ္။

ျမႇားပစ္ျခင္းအတတ္...
ငါ့ကိုယ္ေပၚက..ပစ္မွတ္ကြင္းၿပီး
မင္းခြင္းတိုင္းစူးေနတဲ့ ငွက္ေတာင္ေတြနဲ႕
အဆိပ္ေတြခြာခ်လိဳ႕မရတဲ့
ျဖဴးတစ္ေကာင္လည္းျဖစ္ခဲ့ဖူးတယ္။

သားသတ္သူဝင္စားတဲ့ေမွာ္ဆရာလို
ငါ့ခႏၶာကိုယ္ကို အပိုင္းပိုင္း
ျဖတ္ေတာက္ျပသၿပီးမွ
ရယ္ရယ္ေမာေမာ လႊဲသြားတဲ့မ်က္ႏွာ
အေကာင္းအတိုင္းျပန္လုပ္ေပးဖို႔
မလြယ္ပါဘူး။
အမွားတစ္႐ုံနဲ႕အမွန္တရားကို
ခြဲတမ္းက်ေတာ့
နာဖို႔ေမ့ေနတဲ့ ရင္ကို ခဏခဏ
ရိုက္တတ္သူက
ေပတစ္ရံလိုရင္တစ္အုံနဲ႕
တူတစ္လက္ကို ေမွ်ာ္တေနတဲ့ငါကပဲ
ခ်စ္ျခင္းတရားေတြအထားအသိုမွားခဲ့ပါတယ္။

🍁mp🍁

my pome(ကဗျာများ)Where stories live. Discover now