ဘဝကံ

18 1 0
                                    

လောကဓံအလှည့်အပြောင်းကြားက
တို့တစ်တွေ..
ကံဇာတ်ဆရာ စေစားရာအတိုင်း
မင်းနဲ့ကိုယ်ပါ ကခဲ့ကြရတယ်။
ကုန်လွန်နေ့ရက်တွေရဲ့ အဆုံးသတ်မှာတော့
မင်းနဲ့ကိုယ်ပါ သင်ခန်းစာဆူးတွေကိုယ်စီ
ရင်ဝယ်ပိုက်ပြီး ရူးနှမ်းဖူးခဲ့တယ်။
ဘဝကံရဲ့အချိုးအကွေ့တွေက
မင်းထင်သလိုချိုမြိန်တာ မဟုတ်ဘူး။
အရောင်အသွေးစုံတဲ့ မာယာတွေကအများသားရယ်ပါ။
ကြယ်ကြွေတယ်ဆိုတာ
အများမြင်က လှပတယ်ပေါ့။
တကယ်တမ်းကြ တော့
ပြင်းလွန်းတဲ့လောင်ကျွမ်းခြင်းတွေနဲ့
စတေးခံ မြေခရတာပါ။
အဲ့ဒါ ဘယ်လိုလှပတဲ့သဘောတရားလည်း။
ဘဝကံရဲ့ ချမှတ်ရာ စည်းမျဥ်းပဲလေ
ငြင်းဆန်ပိုင်ခွင့်မရှိဘူး။

mp🍁 Rockeain

🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

Zawgyi

တို့တစ်တွေ..
ကြယ်ကြွေတယ်ဆိုတာ
တကယ်တမ်းကြ တော့
စတေးခံ မြေခရတာပါ။

mp🍁 Rockeain

my pome(ကဗျာများ)Where stories live. Discover now