night

13 1 2
                                    

ည..
အဖော်မဲ့ပေမဲ့..ကြယ်တွေရှိသေးတယ်။

ည..
အဖော်မဲ့ပေမဲ့ တိတ်ဆိတ်မှု့တို့က မခွဲအတူတူ။

ည..
အလင်းဖျဖျရောင်ဝါငယ်နဲ့ပိုးစုန်းကြူးရယ်။

ည..
တစ်ခါတစ်လေ သံစုံညီလှတဲ့ ပိုးဖလံအသံများနဲ့။

ည..
တိမ်တွေဖုံးပေးထားတဲ့ လပြည့်ဝန်းနဲ့အတူ။

ည..
ဒီအချိန်လေးကုန်လွန်သွားရင်ဖြင့်..ချန်ထားခဲ့ရမှာအသေအချာပေ။

မိုးသောက်လို့ရောင်နီတွေက အသင့်စောင့်ကြိုနေတော့ မင်းက အထီးကျန်ဝေဒနါများအတွက်
ဖြေသိမ့်နှစ်လိုဖွယ်ပဲ။
ပျော်ရွှင်ခြင်း..
နာကျင်ခြင်း..
ဝမ်းနည်းခြင်း..
အချစ်.အမုန်း.အဃာတတွေနဲ့ပြည့်နေတဲ့ လူတွေအတွက် မင်းက အကောင်းဆုံး အားဆေးပါ။

အိပ်စက်သွားတဲ့ စက္ခုအာရုံများကတော့ မင်းနဲ့အတူ ရင်းနှီးခဲ့တဲ့ အထူးမိတ်ဆွေတော်ဖြစ်ခဲ့ပါတယ်။
ဒီနေ့ညလေးကတော့ မင်းကငါ့ရဲ့အကောင်းဆုံးဧည့်သည်ပဲ..ည။
လေပြေနဲ့အတူ ယစ်မူးနေတဲ့အဆွေးသံစဥ်များကြား ငါကမင်းဆီ ရောက်အောင်လာခဲ့မယ် ည။

mp Rockeain

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

Zawgyi

Night

ည..

ည..

ည..

ည..

ည..

ည..

ပျော်ရွှင်ခြင်း..
နာကျင်ခြင်း..
ဝမ်းနည်းခြင်း..


mp Rockeain

my pome(ကဗျာများ)Where stories live. Discover now