ပြန်ဆုံချိန်😶(rose)

23 2 0
                                    

ဆူးတွေဖြန့်ပြီး ကနေတယ်
မင်းသိပ်လှတုန်းပဲ နှင်းဆီ🌹
ငါဖြီးသင်းနမ်းရှိုက်ဖူးတဲ့
ဆံနွယ်ခွေလေးတွေ
ဆေးအရှိန်နဲ့
ပြောင်လဲ့ ဖြောင့်စင်းလို့။
အမြဲတောင်းပန်တဲ့ကြားက
ရမ်းကားခဲ့တဲ့မျက်လုံးတွေ
အခုချိန်ထိ အလင်းမဝင်သေးဘူး။
တည်ငြိမ်ပါတော့ နှင်းဆီ 🌹
မင်းရှာနေတဲ့အိပ်မက်တွေ
မင်းကမ္ဘာမှာမနေကြတော့ဘူး။
ထပြန်ခဲ့ပေမဲ့
မင်းရှိနေတဲ့ဆိုင်ကလေးကို
ငါ့အဆောင်ကိုသယ်ခဲ့ပါတယ်
ဒီည....ဂစ်တာတီးပြချင်လို့။

🍁mp🍁

🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

Zawgyi

ျပန္ဆုံခ်ိန္😶

ဆူးေတြျဖန့္ၿပီး ကေနတယ္
မင္းသိပ္လွတုန္းပဲ ႏွင္းဆီ🌹
ငါၿဖီးသင္းနမ္းရွိုက္ဖူးတဲ့
ဆံႏြယ္ေခြေလးေတြ
ေဆးအရွိန္နဲ႕
ေျပာင္လဲ့ ေျဖာင့္စင္းလို႔။
အၿမဲေတာင္းပန္တဲ့ၾကားက
ရမ္းကားခဲ့တဲ့မ်က္လုံးေတြ
အခုခ်ိန္ထိ အလင္းမဝင္ေသးဘူး။
တည္ၿငိမ္ပါေတာ့ ႏွင္းဆီ 🌹
မင္းရွာေနတဲ့အိပ္မက္ေတြ
မင္းကမၻာမွာမေနၾကေတာ့ဘူး။
ထျပန္ခဲ့ေပမဲ့
မင္းရွိေနတဲ့ဆိုင္ကေလးကို
ငါ့အေဆာင္ကိုသယ္ခဲ့ပါတယ္
ဒီည....ဂစ္တာတီးျပခ်င္လို႔။

🍁mp🍁

my pome(ကဗျာများ)Where stories live. Discover now