Chapter-[9]

3.5K 575 13
                                    

< Laughing And Hugging >

Unicode

" ဒီမှာ ဒီမှာ ! , အားလုံးပဲ ငါတို့သခင်လေးစုန့်ကို ဂုဏ်ပြုပေးလိုက်ကြရအောင် !

ညစာစားပွဲရဲ့ထိပ်ဆုံးမှာ ခေါင်းရိတ်ထားပြီး မျက်နှာဝိုင်းဝိုင်းဖြင့် သက်လတ်ပိုင်းလူတစ်ယောက်က မတ်တပ်ရပ်လို့နေသည်  ထိုသူက သူ့လက်ထဲကဝိုင်ခွက်ကို စုန့်ရွှမ်ဟယ်ဆီ မြှောက်ပြကာ တကျိုက်တည်းသောက်လိုက်တော့သည်

စုန့်ရွှမ်ဟယ်က သူ့နေရာမှာပဲ ပျင်းရိပျင်းတွဲဖြင့်ထိုင်ကာ ဟွမ်ခုံးကို အပြုံးမမည်သော အပြုံးဖြင့်ကြည့်နေလိုက်သည် သို့သော်ငြား သူကထိုလူကိုမျက်နှာသာပေးသည့်အနေဖြင့် မတ်တပ်ထရပ်လိုက်ပြီး ဝိုင်ခွက်ကိုမြှောက်ကာ တဖက်လူ၏ပခုံးကိုဖက်လိုက်ပြီး ပြုံးကာပြောလိုက်သည်

" အနာဂတ်မှာ အောင်မြင်လာမဲ​့ ဒါရိုက်တာဟွမ်ရဲ့ ရုပ်ရှင်အတွက် ကြိုတင်ပြီးတော့ ဂုဏ်ပြုပါတယ်ဗျာ "

ဟွမ်ခုံး အားပါးတရပြုံးနေခဲ့တာဆိုသော်ငြားလည်း ထိုစကားကိုကြားတော့ သူ့ရဲ့အပြုံးတွေက ပိုပြီးကြီးမားတောက်ပလာခဲ့သည် စုန့်ရွှမ်ဟယ်ရဲ့ ဘေးနားမှာထိုင်နေတဲ့ မိန်းမလေးကို တစ်ချက်ကြည့်လိုက်ပြီး

" စုန့်သခင်လေး အရေးကြီးတာပြောရဦးမယ်ဗျာ! ကျွန်တော်တို့ ရှောင်လျို့က စုန့်ရယ်နဲ့ ခွက်ချင်းတိုက်ပြီးစကားပြောချင်နေတာ အဲဒါ စုန့်ရယ်မငြင်းလောက်ဘူးမလား ?"

စုန့်ရွှမ်ဟယ် ရဲ့ စူးရှတဲ့အကြည့်တွေက ဘေးနားမှ ရပ်ရုံသာရပ်နေတဲ့ မိန်းမဆီ ရောက်သွားသည် သူ့ရဲ့ နှုတ်ခမ်းထောင့်စွန်းလေးက ကော့တက်လာပြီး အပြုံးလေးဖြင့်

" ရုပ်ရှင်ဘုရင်မလျို့ က သိပ်ကို လှလွန်းတဲ့ဟာ ကျွန်တော်က ဘယ်လိုများ ငြင်းရက်နိုင်မှာလဲ?"

လျို့ရွှီက အင်မတန်ကို စဉ်းစားချင့်ချိန်တတ်သည် သူမ၏ဖြူဖွေးနေတဲ့ လက်ချောင်း လေးတွေက ဝိုင်ဖြူထည့်ထားတဲ့ခွက်ကို မြှောက်ပြလိုက်ပြီး အနီရောင်တောက်တောက် သူမရဲ့ နှုတ်ခမ်းဆီမှ အပြုံးတပွင့်ကို ပေးစွမ်းလာကာ

RMLE  [ MM Translation ]Where stories live. Discover now