Chapter - [ 45 ]

3.8K 573 38
                                    

Unicode

လေလံပွဲသည် ဆယ်နာရီတွင် စတင်ခဲ့သည်။

၎င်းတို့၏ သီးသန့်ခန်းအတွင်း သူတို့ငါးယောက်လုံး မည်သူမျှ လေလံပွဲကို အထူးစိတ်ဝင်စားပုံမပေါ်ပေ။ ရှောင်ရန်ယွင်သည် ရှောင်ယွမ်မုကို အမည်မသိ အကြောင်းတစ်ခုခုကြောင့် စိတ်ဝင်စားသွားပုံရပြီး သူနှင့် တစ်ချိန်လုံး စကားပြောနေခဲ့သည်။ တခြားသူများကို စကားပြောသည်မှာ ရှားပါးသော သို့မဟုတ် တစိမ်းများကို အာရုံမစိုက်တတ်သော ရှောင်ယွမ်မုသည် ရှောင်ရန်ယွင်အပေါ် မမျှော်လင့်ဘဲ နူးညံ့သိမ်မွေ့လို့နေသည်။

ဟုတ်ပေသည်။ စုန့်ရွှမ်ဟယ် ကလွဲလို့ ဘယ်သူမှ သူ့ရဲ့ နူးညံ့သိမ်မွေ့မှုကို မရိပ်မိနိုင်ပေ။ ရှောင်ရှန်းလင်သည် သူ့ဝမ်းကွဲမှ ရှောင်ယွမ်မုကို ဤကဲ့သို့ နှောင့်ယှက်ခြင်းသည် အတော်ပင် မယဉ်ကျေးဟုပင် ထင်ခဲ့မိသည်။ အဘယ်ကြောင့်ဆိုသော် ရှောင်ယွမ်မု က သူမကို ပြန်ဖြေသည်ဆိုသော်လည်း သူ့အဖြေအားလုံးသည် အလွန်ပင် ဂရုမစိုက်ဘဲ ဖြစ်နေသောကြောင့်ပင်။ သူ၏ တုံ့ပြန်မှုသည် တိုတောင်းပြီး ထိရောက်မှုရှိသည်။

ရှောင်ရန်ယွင်သည်လည်း ရှောင်ယွမ်မု ဟာ စကားအများကြီးပြောတတ်သည့် သူမဟုတ်သလို သူနဲ့ အများကြီးစကားပြောဖို့ မကြိုးစားသင့်ဘူးလို့ ပြောနိုင်ပေသည်။ သို့သော်လည်း သူမ
ဘာကြောင့်မှန်းမသိ သူနှင့် ပထမဆုံး
စကားစပြောပြီးကတည်းက အမှန်တကယ် နီးကပ်ချင်နေသလို ခံစားရသည်။ သူနှင့် စကားစမြည်ပြောရန် အတင်းအကြပ် ဆွဲဆောင်နေသော တစ်စုံတစ်ရာ ရှိလို့နေသည်။

" ယွမ်မုကောကော၊ ပစ္စည်းတွေရဲ့လက်ကမ်းစာစောင်တွေကို လိုက်ကြည့်နေတဲ့အချိန် ကောမျက်လုံးတွေကို တစ်စုံတစ်ခုကများ ဖမ်းစားသွားတာလား?"


ရှောင်ယွမ်မု၏ အဖြေသည် အလွန်တိုတောင်းပြီး ရိုးရှင်းပါသည်။

" မဟုတ်ဘူး"

" McPhail ရဲ့ နှစ် 30 ပြည့် နှစ်ပတ်လည် ကြယ်သီးတွေက ကောနဲ့ တကယ်လိုက်ဖက်မယ်ထင်တယ်။"

ရှောင်ရန်ယွင်၏ မျက်လုံးများ တလက်လက်တောက်ပလို့နေသည်။ သူမ သူ့ကို တစ်နာရီခန့်သာ သိခဲ့သော်လည်း ရှောင်ယွမ်မု နှင့် နီးစပ်နေပြီဟု ခံစားမိသည်။

RMLE  [ MM Translation ]Where stories live. Discover now