အဖမ္းခံရျခင္း/အဖမ်းခံရခြင်း

64 11 0
                                    

Zawgyi

"ယုန္ျဖဴေလးျပန္ေပးဆြဲခံရျပန္ၿပီတဲ့"

အာျပဲတဲ့ ေဒၚၾကက္မအသံေၾကာင့္ မနက္ခင္းအစာလာေကာက္ၾကတဲ့အေကာင္ငယ္ေလးမ်ားမွာ ႐ုတ္စိ႐ုတ္စိျဖစ္သြားၾကကာ သစ္ခ်သီးဝါးေနတဲ့ ႐ွည့္ကေလးက မ်က္လံုးေလးေပလပ္ေပလပ္နဲ႔

"ဘယ္တစ္ေယာက္လဲ အႀကီးလား အငယ္လား"

"ေသခ်ာေပါက္ အငယ္ယုန္ျဖဴေလးပဲေပါ့"

တထစ္ခ်ေျပာေနတဲ့ ေဒၚၾကက္မကို ႏွံေကာင္ေလးက သကၤာမကင္းစြာၾကည့္လိုက္ရင္း

"ေသခ်ာလိုိ႔လား"

"ဟဲ့ ေသခ်ာတာမွလြန္ေရာ ညကအဖိုးဇီးကြက္ကသူကိုယ္တိုင္ျမင္ခဲ့တာတဲ့ ယုန္ျဖဴေလးေတာထဲကိုဆြဲေခၚခံခဲ့ရတာတဲ့ေလ ၿပီးေတာ့အေခၚခံရတဲ့ေနရာကလဲ အဲ့ဒီယုန္ညိဳေနတဲ့ဂူထဲတဲ့"

သက္ျပင္းတစ္ခ်က္ခ်ၿပီးေတာ့ေဒၚၾကက္မကဆက္ေျပာတယ္

"အရင္ကလဲ ယုန္ျဖဴေလးေျပာက္သြားတာမ်ား တစ္ပတ္ေလာက္ေန ေတာ့မွ အဲ့ယုန္ညိဳေနတဲ့ဂူထဲကျပန္ထြက္လာတာ သူ႔မိဘေတြကလဲသားေျပာက္တာလိုက္မ႐ွာၾကဘူး သူ႔အကိုဆိုဂ႐ုေတာင္မစိုက္ဘူး အိုက္ယား သနားဖို႔ေကာင္းလိုက္တဲ့ေကာင္ေလး "

"ဒါဆိုက်ေနာ္တို႔ ဘယ္လိုလုပ္ၾကမလဲ"

"သူ႔မိဘေတြကိုအေၾကာင္းၾကားၾကမလား"

"ေဟ့ သူ႔မိဘေတြကဂ႐ုမစိုက္ပါဘူးဆို ငါတို႔အေၾကာင္းၾကားေတာ့ေရာထူးမွာမလို႔လား"

"ဒါဆို ငါတို႔အဖိုးဇီးကြက္ဆီသြားရေအာင္ သူကဥာဏ္႐ွိတယ္လို႔ေျပာၾကတယ္"

ေတာေကာင္ေလးမ်ားမွာ သူတို႔ဦးေႏွာက္ေသးေသးေလးမ်ားႏွင့္ဖ်စ္ညႇစ္စဥ္းစားၾကေသာ္လည္း ဘာမွထြက္မလာတဲ့အဆံုး ဖိုးဇီးကြက္ဆီသို႔သာခ်ီတက္ခဲ့ၾကတယ္
............

Unicode

"ယုန်ဖြူလေးပြန်ပေးဆွဲခံရပြန်ပြီတဲ့"

အာပြဲတဲ့ ဒေါ်ကြက်မအသံကြောင့် မနက်ခင်းအစာလာကောက်ကြတဲ့အကောင်ငယ်လေးများမှာ ရုတ်စိရုတ်စိဖြစ်သွားကြကာ သစ်ချသီးဝါးနေတဲ့ ရှည့်ကလေးက မျက်လုံးလေးပေလပ်ပေလပ်နဲ့

"ဘယ်တစ်ယောက်လဲ အကြီးလား အငယ်လား"

"သေချာပေါက် အငယ်ယုန်ဖြူလေးပဲပေါ့"

တထစ်ချပြောနေတဲ့ ဒေါ်ကြက်မကို နှံကောင်လေးက သင်္ကာမကင်းစွာကြည့်လိုက်ရင်း

"သေချာလိို့လား"

"ဟဲ့ သေချာတာမှလွန်ရော ညကအဖိုးဇီးကွက်ကသူကိုယ်တိုင်မြင်ခဲ့တာတဲ့ ယုန်ဖြူလေးတောထဲကိုဆွဲခေါ်ခံခဲ့ရတာတဲ့လေ ပြီးတော့အခေါ်ခံရတဲ့နေရာကလဲ အဲ့ဒီယုန်ညိုနေတဲ့ဂူထဲတဲ့"

သက်ပြင်းတစ်ချက်ချပြီးတော့ဒေါ်ကြက်မကဆက်ပြောတယ်

"အရင်ကလဲ ယုန်ဖြူလေးပြောက်သွားတာများ တစ်ပတ်လောက်နေ တော့မှ အဲ့ယုန်ညိုနေတဲ့ဂူထဲကပြန်ထွက်လာတာ သူ့မိဘတွေကလဲသားပြောက်တာလိုက်မရှာကြဘူး သူ့အကိုဆိုဂရုတောင်မစိုက်ဘူး အိုက်ယား သနားဖို့ကောင်းလိုက်တဲ့ကောင်လေး "

"ဒါဆိုကျနော်တို့ ဘယ်လိုလုပ်ကြမလဲ"

"သူ့မိဘတွေကိုအကြောင်းကြားကြမလား"

"ဟေ့ သူ့မိဘတွေကဂရုမစိုက်ပါဘူးဆို ငါတို့အကြောင်းကြားတော့ရောထူးမှာမလို့လား"

"ဒါဆို ငါတို့အဖိုးဇီးကွက်ဆီသွားရအောင် သူကဉာဏ်ရှိတယ်လို့ပြောကြတယ်"

တောကောင်လေးများမှာ သူတို့ဦးနှောက်သေးသေးလေးများနှင့်ဖျစ်ညှစ်စဉ်းစားကြသော်လည်း ဘာမှထွက်မလာတဲ့အဆုံး ဖိုးဇီးကွက်ဆီသို့သာချီတက်ခဲ့ကြတယ်
............







အရေးပေါ်!!! ယုန်ဖြူလေးကို ယုန်ညိုကြီးကဖမ်းသွားပြန်ပြီWhere stories live. Discover now