မဂၤလာပြဲ/မင်္ဂလာပွဲ(END)

47 9 3
                                    


Zawgyi

အလုပ်တွေအကုန်လုံးအပြတ်ဖြတ်ပြီးတဲ့နောက်တော့သူ့အိမ်ကိုခွင့်တောင်းပြီး သူ့ရဲ့မိန်းမလေးအကြိုက် သစ်သီးခြောက်တွေ မုန့်အချိုတွေ အရုပ်တွေ ထည့်ထားတဲ့အိတ်ကြီးကိုထမ်းပြီးညတွင်းချင်းပဲထွက်ခဲ့တယ် မထွက်လာခင်သူ့အကိုသူ့ကိုပေးလိုက်တယ် ဘာဆေးဆိုလား အဟမ်း ယောက်ျားတွေအတွက်ကောင်းတယ်တဲ့....
ရောက်ရောက်ချင်းပဲမိန်းမလေးကို အချိုကျွေးတော့တာပဲ အဲ့တာမုန့်အချိုတော့မဟုတ်ဘူးပေါ့..

"အင်း..."

မျက်နှာနုနုလေးကိုတစ်စိမ့်စိမ့်ကြည့်ရင်းအတွေးလွန်နေတုန်းသူ့မိန်းမလေးရဲ့ညီးသံကိုကြားလိုက်တယ်..

"မိန်းမ လည်ချောင်းနာနေလား ကိုယ်စပျစ်သီးခြောက်လက်ဖက်ရည်လုပ်ထားတယ် နွေးနွေးချိုချိုလေး သောက်လိုက်ပါဦး"

နူးနူးညံ့ညံလေးပြောလာတဲ့အသံလေးနဲ့တယုတယလက်ဖက်ရည်တိုက်လာတဲ့လက်အစုံနဲ့အဖိုးမဖြတ်နိုင်သလိုကြည့်လာတဲ့မျက်ဝန်းတစ်စုံဟာဆိုရင်တော့ဖြင့်ပြီးခဲ့တဲ့ရက်တွေတုန်းကသူမဟုတ်ခဲ့တဲ့အတိုင်းပဲ

"အဲ့လိုမခေါ်နဲ့.."

အော်ငိုထားရလို့အနည်းငယ်အက်နေတဲ့အသံနဲ့ပြောလိုပြီးတဖက်လှည့်ကာပြန်အိပ်ဖို့ပြင်လိုက်တယ် ဒါပေမယ့် ပါးလေးတွေကပူနေတယ်လို့ခံစားရတာ လက်ဖက်ရည်ကြောင့်ပဲဖြစ်မယ်ထင်တယ်..

အဲ့ဒီနေ့မှာပဲ ယုန်ဖြူလေးလက်ထပ်မဲ့သတင်းကတောထဲမှာပြန့်သွားခဲ့တယ် အရပ်ရှည်ရှည် အသားဖြူဖြူနဲ့ နုတ်ခမ်းစွန်းလေးတွေကပြုံးနေသယောင်လေးကော့တက်နေတဲ့ ယုန်ဖြူလေးကိုကြိုက်ကြတဲ့ မိန်းကလေးတွေတော့အသည်းကွဲတဲ့နေ့ပါပဲ

မင်္ဂလာသတင်းလိုက်ဖြန့်တဲ့သူကတော့ ..........

အင်းခများတို့မှန်တယ်အဲ့တာဒေါ်ကြက်မတို့အဖွဲ့ပါပဲ ...

မင်္ဂလာပွဲအခမ်းနားပြင်ဆင်ပြီးတဲ့အခါ သတိုးသားကသူ့ရဲ့သတိုးသမီးကို လက်မောင်းထဲပွေ့သယ်ပြီး မင်္ဂလာဆောင်ခဲ့ပါတယ် အားလုံးပြီးတဲ့အထိအိပ်နေပြီးဘာမှမသိရှာတဲ့ဂျုံးညိုလုံးလေးဟာ နွေးထွေးတဲ့လက်မောင်းကြားထဲမှာ အိမ်မက်လှလှမက်နေပုံပါပဲ နုတ်ခမ်းလေးတွေဟာရေးရေးလေးပြုံးနေလေရဲ့......

🎉 You've finished reading အရေးပေါ်!!! ယုန်ဖြူလေးကို ယုန်ညိုကြီးကဖမ်းသွားပြန်ပြီ 🎉
အရေးပေါ်!!! ယုန်ဖြူလေးကို ယုန်ညိုကြီးကဖမ်းသွားပြန်ပြီWhere stories live. Discover now