မင္းပဲ မိန္းမ/မင်းပဲ မိန်းမ

43 6 2
                                    


Zawgyi







.......................

Unicode

ဂျုံညိုလုံးလေးကအိပ်ယာထဲကနေဂူအပြင်ကပြောနေတဲ့အသံတွေကိုကြားလိုက်ရတယ်

"ဘာ..ငါကပြန်ပေးဆွဲတယ်..အဲ့ငှက်ကြားအိုဇီကွက်ကြီးက သူ့မျက်လုံးတွေကကောင်းကောင်းအလုပ်မလုပ်တော့ဘူးထင်တယ်..ငါနဲ့အဲ့အစာထည့်တဲ့အိပ်ကြီးနဲ့ကိုမှားရတယ်လို့..ငါကသာနစ်နာသူပါဟ..ပြီးတော့ဟိုအဖြူကောင်ပြောတာ ငါကသူ့မိန်းမဟုတ်လား....ခွီး...မင်းတို့တမျိုးလုံးသာ ငါ့မိန်းမ.."

ထိုနောက် အားကျိုးမာန်တက်အခွခံထားတဲ့အရှိန်နဲ့ မေ့မျောသွားရှာလေတယ်...

ယုန်ဖြူလေးပြန်ဝင်လာတော့ အိပ်ယာပေါ်မှာသူယူလာတဲ့ယုန်အဖြူအရုပ်လေးကိုဖက်ရင်းအိပ်ပျော်နေတဲ့သူ့ရဲ့ဂျုံညိုလုံးလေးကိုတွေ့လိုက်ရတယ် အဲ့ဒီနူးညံ့ပြီးသေးသွယ်တဲ့မျက်နှာလေး နီရဲပြီးနုထွေးနေတဲ့နုတ်ခမ်းလေးတစ်စုံနဲ့ ဖြူဖျော့နေတဲ့အသားရည်လေးပေါ်မှာသူလုပ်ထားတဲ့အချစ်အမှတ်သားတွေ ..

အဲ့ဒီနေ့ကို သူမေ့မရဘူး သူ့အကိုရဲ့အလုပ်ကိစ္စကြောင့်တစ်ဖက်ရွာကိုသွားပြီးပြန်အလာ ချောင်းစပ်နားမှာရေသောက်နေတဲ့ဂျုံညိုလုံးလေးတစ်လုံးကိုတွေ့လိုက်ရတယ် ကျောက်တုန်းပေါ်မှာထိုင်ပြီးလက်တိုတိုလေးတွေနဲ့ရေကိုလှမ်းခပ်ပြီးသောက်နေတယ် မုန်လာဥအကြီးကြီးကိုပါးစပ်အပြည့...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အဲ့ဒီနေ့ကို သူမေ့မရဘူး သူ့အကိုရဲ့အလုပ်ကိစ္စကြောင့်တစ်ဖက်ရွာကိုသွားပြီးပြန်အလာ ချောင်းစပ်နားမှာရေသောက်နေတဲ့ဂျုံညိုလုံးလေးတစ်လုံးကိုတွေ့လိုက်ရတယ် ကျောက်တုန်းပေါ်မှာထိုင်ပြီးလက်တိုတိုလေးတွေနဲ့ရေကိုလှမ်းခပ်ပြီးသောက်နေတယ် မုန်လာဥအကြီးကြီးကိုပါးစပ်အပြည့်ကိုက်ပြီးစားလိုက် ရေခပ်သောက်လိုက်နဲ့ရေတွေကပါးစပ်တစ်လျှောက်စီးကျလာပြီးရင်ဘက်မှာစိုကုန်တယ်ဂလု သူကြည့်ရင်းကြည့်ရင်းနဲ့အတွေးတွေကမှောင်မိုက်လာတယ်နောက်တော့ဂျုံညိုလုံးလေးက သူနေတဲ့ဂူထဲကိုပြန်သွားတော့သူအနောက်ကနေခိုးပြီးလိုက်သွားတယ် နေရာသိရပြီးဆိုတော့အရင်ဆုံးအိမ်ပြန်ပြီး သူ့အကိုခိုင်းထားတဲ့အလုပ်ကိုအပြီးလက်စသတ်ပေးရမယ်
ကံဆိုးစွာနဲ့ပဲအလုပ်က ကြာဦးမှာဖြစ်လို့ မစောင့်နိုင်တော့ပဲသူ့အကိုဆီကခွင့်ယူပြီး အဲ့ဒီဂျုံညိုလုံးလေးရှိရာဂူဆီပြေးတော့တာပေါ့
.......................
တွေ့ပြီ စပျစ်သီးရိုင်းတွေစားပြီး ချဉ်တူးသွားလို့ရှုံ့တွနေတဲ့သူ့ရဲ့ဂျုံညိုလုံးလေး ဒါပေါ့ သူကအဲ့လိုမျိုးလေးဆို ကူညီပေးချင်တာဆိုတော့ အဟမ်း သူ့ကိုအချိုလေးကျွေးချင်တယ်လေ.. သူ့နားသွားပြီးသူ့ကိုကူညီပြီး အချိုလေးကျွေးတယ် ပြီးတော့သူ့ဂူထဲခေါ်ပြီး အဟမ်း အချိုလေးကျွေးတယ်... ..သူ့အကိုကသူ့ကို လေးရက်ပဲခွင့်ပေးတာဆိုတော့ လေးရက်ပဲအချိုကျွေးခဲ့လိုက်ရပြီး အိမ်ပြန်သွားခဲ့တယ်..



အရေးပေါ်!!! ယုန်ဖြူလေးကို ယုန်ညိုကြီးကဖမ်းသွားပြန်ပြီWhere stories live. Discover now