story-1

5.5K 305 9
                                    

မိုးတွေရွာနေတဲ့လမ်းမပေါ်မှာလူတွေပြေးလွှားနေကြတယ် li ကတော့ရှေးဟောင်းပစ္စည်းဆိုင်ဖြစ်တဲ့ li ဆိုင်လေးရဲ့မှန်ဘောင်တွေရှိတဲ့ပြတင်းပေါက်ဘေးမှာထိုင်ပြီး coffe သောက်နေတုန်း
ချလွင်....ချလွင်...
ဆိုင်တံခါးဖွင့်ရင်ခေါင်းလောင်းလေးတွေမြည်သံကြားလို့ကြည့်လိုက်တော့မိန်းကလေးတစ်ယောက် မိုးမိလာတယ်ထင်တယ်သူ့ခေါင်းပေါ်ကရေတွေကိုခါနေတယ် မိန်းကလေးပုံစံကြည့်ရတာဒီလောက်မိုးအေးနေတာတောင်ပေါင်တိုလောက်ရှိတဲ့ဘောင်းဘီနဲ့အေးနေပုံပင် ဒါ​ပေမယ့် li လည်းliနဲ့မဆိုင်သည်မို့ coffee သာပြန်သောက်နေလိုက်တယ်
coffee သောက်နေရင်း
Jen-" ဟေ့ ဒီမှာလူတစ်ယောက်လုံးဝင်လာတာမမြင်ဘူးလား "
Li-" မြင်တယ်လေ "
Jen=" ဟာ မြင်ရဲ့သားနဲ့ဘာကြည့်တာလည်း "
Li-" ငါကဘာလုပ်ရမှာလည်းအဲတာဆို "
Jen=" ​တော်​တော်ကပ်သီးကပ်ဖဲ့နိုင်တဲ့လူကြီးဘဲ ဒါနဲ့ ဒီဆိုင်ရှင်ဘယ်မှာလည်း"
Li-" မင်းအရှေ့မှာထိုင်နေတဲ့ငါက ဒီဆိုင်ပိုင်ရှင်ဘဲ "
Jen-" ဟုတ်လား 😁😁 "
အဲ့တော့မှအဲ့မိန်းကလေးကစပ်ဖြီးဖြီးနဲ့
Jen- " ရှေးဟောင်းပစ္စည်းရောင်းချင်လို့"
သူလွယ်အိတ်ထဲကထုတ်လာတဲ့ပစ္စည်းကိုကိုင်ကြည့်လိုက်တော့ ရှားပါးပစ္စည်းပင် သူ့အရွယ်လေးနဲ့မှမလိုက်ဘယ်ကရလာတာလည်း
Li-" ဟေ့ မင်းဒါကိုဘယ်ကရလာတာလည်း ဒါကရှားပါးပစ္စည်းနော် မင်းရိုးရိုးသားသားရောဟုတ်ရဲ့လား "
Jen-" ဘာ.... ဒီမယ် ဒီရုပ်ကိုဘာမှတ်နေလည်း ဒါဘိုးဘွားပိုင်ပစ္စည်းနော် အိမ်မှာထားတာအပိုဘဲမို့လို​နေတုန်းယူလာရောင်းတာ ဘာလည်းမဝယ်ဘူးလား ပေးပြန်မယ်တခြားနေရာမှာသွားရောင်းမယ် "
Li-" ဟေ့..ဟေ့...အဲ့လိုမဟုတ်ဘူး ငါဝယ်မယ် မင်းကိုကြည့်ရတာအသက်မပြည့်သေးတဲ့ပုံမို့လို့ "
Jen-" လူကိုများအသက်မပြည့်ဘူးလေးဘာလေးနဲ့ အသက်18ပြည့်ပြီးပြီသိလား တက္ကသိုလ်တောင်တက်နေပြီလူကိုဘာမှတ် "
Li-" ဟုတ်ပါပြီကွာ ပြောဒီရှေးဟောင်းပစ္စည်းအတွက်မင်းဘယ်လောက်လိုချင်လည်း "
Jen=" ဝမ်နှစ်သောင်း "
Li-" ဘာများလှချည်လား မင်းရှားပါးပစ္စည်းဆိုပြီးနော်စျေးလာမတင်နဲ့ "
Jen=" ဟေ့ဒီမှာပိုက်ဆံလိုနေလို့လာရောင်းတာ လုပ်ပါနော် "
Li-" ဟူးးး ဝမ်နှစ်သောင်းမဟုတ်လား ရော့..ရော့.ယူသွား "
မျက်နှာငယ်နဲ့လုပ်ပြနေတဲ့အရှေ့ကချာတိတ်ကို သူ့သဘောအတိုင်းလုပ်ပေးလိုက်တယ်
Jen=" လူကြီးကအရမ်းလိမ်မာတာဘဲ ဒါဆိုသွားပြီနော် "
နှုတ်ဆက်ပြီးထွက်သွားတဲ့ချာတိတ်ထားခဲ့တဲ့ရှေးဟောင်းပစ္စည်းကိုအရောင်သေချာပြန်တင်ပြီးသန့်ရှင်းဖို့ဝန်ထမ်းကောင်လေးကိုလွှဲပေးလိုက််တယ် ပေးပြီးတာကွန်ဒိကိုသာဆိုင်ကယ်စီးပြီးပြန်ခဲ့လိုက်တယ် li နေ့ရက်တွေကပုံမှန်ပါဘဲ မနက်မိုးလင်းရင် ပြင်ဆင်ပြီးဆိုင်သွားတယ်ဆိုင်ထိုင်တယ် ပြီးရင်တော့ပုံမှန်ဘဲအိမ်ပြန်လာတယ် li ကဘဝကိုရိုးရိုးရှင်းရှင်းနေရတာဘဲကြိုက်တယ် အဲတာကြောင့်အိမ်နဲ့ခွဲထွက်ပြီးတစ်ယောက်တည်းနေတာ ရှင်းရှင်းပြောရရင် Li က Monoban မျိုးရိုးရဲ့နောက်ဆုံးဆက်ခံသူပေါ့ ဒါပေမယ့် li အဲ့တာတွေကိုမမက်မောဘူး li ကရိုးရှင်းတဲ့ဘဝလေးကိုဘဲလိုချင်တာ li ခုနှစ်နှစ်သားမှာomma ဆုံးသွားတယ် အဲ့တာပြီးတော့ li အသက်12ရောက်တော့ appa ကနောက်အိမ်ထောင်ပြုခဲ့တယ် li ဘာမှမပြောခဲ့ပါဘူး ဒါပေမယ့် အဲ့အမျိုးသမီးကအမြဲ li ကိုဆိုပွစိပွစိနဲ့ အိမ်မပြန်လာလို့အမြဲပြောတယ်၊appa ကုမ္ပဏီမှာအလုပ်လာမလုပ်လို့ပွစိပွစိလုပ်တယ်၊ ပြီးတော့အခုလိုရိုးရိုး​ သာမန်နေလို့တဲ့လေ ကိုယ့်ဂုဏ်နဲ့ကိုယ်နေရမယ်တဲ့ li မှအဲ့လိုမျိုးတွေကိုသဘောမကျတာ li ပျော်တဲ့ဘဝမှာဘဲနေတယ် li သဘောကျတဲ့ရှေးဟောင်းပစ္စည်းတွေကိုစုပြီးဆိုင်ဖွင့်ထားတာအတော်အသင့်အဆင်ပြေတယ် အဲ့တာကြောင့် li ကျေနပ်ရတယ် li အသက်ကအခုနှစ်ဆယ်ပြည့်ပြီးပြီကျောင်းလည်းပြီးသွားပြီပေါ့ li ဘဝကအေးအေးဆေးဆေးပါဘဲ ဘာကိစ္စတွေမှလည်းမရှိခဲ့ဘူး....။

#story-1
#ပထမဆုံးပိုင်းဆိုတော့နည်းနည်းတိုမယ်နော်😁😁 li အကြောင်းအရာကိုပြောသွားတာပါ ခနလောက်သီးခံပြီးစောင့်​ပေးလို့ကျေးဇူးပါ ပုံမှန်တင်ပေးပါမယ်နော်😉

'Please don't leave me baby'Where stories live. Discover now