Story-28

5.2K 346 26
                                    

  နောက်တစ်နေ့မနက်ရောက်တော့...မျက်လုံးဖွင့်လိုက်တာနဲ့မြင်လိုက်ရတဲ့jen... liပေါ်မှာအုပ်မိုးထားကာliကိုပြုံးကာကြည့်နေသည် liလည်းခနတော့မှင်သက်နေမိတယ်...jenကဘယ်အချိန်ကြည့်ကြည့်liမျက်လုံးထဲမှာလုံးဝပြည့်စုံလွန်းသည် အခုလိုသေချာကြည့်ရင်ပိုတောင်လှနေသေး...ခနနေတော့မျက်နှာအနှံ့နဲ့နှုတ်ခမ်းပေါ်ရောက်လာတဲ့အနမ်းတွေ...jenက liပါးတွေနဖူးတွေကိုနမ်းပြီးနှုတ်ခမ်းကိုခပ်ဖွဖွဖိကပ်နမ်းသည်....liလည်းကြောင်သွားကာခနနေမီသတိဝင်ကာထထိုင်လိုက်သည်
Li-" jen...ဒါဘာလုပ်တာလည်း.."
Jen-" နမ်းတာလေ ကို့ယောကျားကိုနမ်းတာဘာဖြစ်လို့လည်း...."
   Jenအပြောကြောင့်နည်းနည်းခေါင်းရှုပ်သွားသည်..
Li-" ဒါပေမယ့်လည်း...."
Jen-" ကဲဘာမှဒါပေမယ့်မနေနဲ့တော့ ထတော့မနက်စာပြင်ထားတယ်ရေချိုးပြီးရင်မနက်စာစားရမယ်ဟုတ်ပြီလား."
     Liလည်းjenပြောနေတာကိုနားထောင်နေမိတယ်...
   အရှေ့မှာထိုင်ကာjenပြောတာကိုနားထောင်ကာထိုင်နေတဲ့ကို့ကိုအသည်းယားတာကြောင့်
Jen=" ရေမချိုးရသေးဘူးလား ဒါမှမဟုတ်jenချိုးပေးရမလား...ကဲပါကြာပါတယ်လာချိုးပေးမယ်..."
Li-" ဟာအဲ့လိုမလုပ်နဲ့လေ liဘာသာliဘဲချိုးတော့မယ် "
    ပြောကာကုတင်ပေါ်ကနေပြေးဆင်းကာရေချိုးခန်းထဲကိုပြေးဝင်သွားတယ် အဲ့တော့မှာjenလည်းသားတွေဆီထွက်လာကာ​ပြင်စရာရှိတာပြင်ပေးပြီး မနက်စာစားဝိုင်းမှာစောင့်နေမိတယ် ခနနေတော့ ကို ဆင်းလာပြီးသားတွေဘေးမှာထိုင်ကာမနက်စာစားနေတယ်..မနက်စာစားပြီးတော့unnieကအလုပ်သွားပြီးjenလည်းစာကြည့်ခန်းထဲဝင်ကာစရင်းတွေစစ်နေခဲ့တယ် ကိုကတော့အလုပ်တွေကိုစီစစ်နေပြီးသားတွေကတော့စာဖတ်နေတယ်လေ ခနနေတော့ခြံထဲကိုဝင်လာတဲ့ကားတစ်စီး....
Girl-" Ireneနဲ့တွေ့ချင်လို့ပါ "
Arjima-" ireneအိမ်မှာမရှိသေးဘူးသမီး "
Girl-" ဒါဆိုjennieလေးရှိလားarjima"
Arjima -" ရှိတယ်သမီး ဘယ်သူလာတွေ့တယ်လို့ပြောပေးရမလည်းသမီး "
Girl-" Minaလာတွေ့တယ်လို့ပြောပေးပါ "
Arjima-" nae ဧည့်ခန်းထဲမှာထိုင်စောင့်နေပေးပါနော် "
Mina-" nae "
Minaလည်းဧည့်ခန်းထဲမှာထိုင်စောင့်နေလိုက်တယ် လွန်ခဲ့တဲ့လေးနှစ်ကျော်လောက်ကIreneက သြစတေးလျ မှာနေတဲ့Minaကိုဖုန်းဆက်လာခဲ့တယ်သူတကယ်ချစ်တဲ့သူတွေ့ပြီတဲ့လေ....ဒါပေမယ့်လအနည်းငယ်အကြာတော့သူလက်ထပ်လိုက်ပြီတဲ့သူချစ်တဲ့သူနဲ့လားဆိုတော့မဟုတ်ခဲ့ဘူးတဲ့ သူ့အတွက်ဘဝရွေးချယ်မှုကအချစ်နဲ့မဟုတ်ဘဲ စီးပွားရေးရွေးချယ်မှုတစ်ခုဘဲတဲ့လေ ဘဝမှာချစ်ခဲ့ကြတယ်ဆိုရင်ဘဲရတယ်တဲ့လေ.....မကြာခင်မှာဘဲသူ့ညီမလေးလက်ထပ်သွားပြီပြောတယ်ဘယ်သူနဲ့လည်းဆိုတော့သူချစ်​ခဲ့တဲ့သူနဲ့တဲ့လေ..အဲ့တစ်ယောက်ကလက်စားချေသတဲ့လေ...နောက်တော့အဲ့ကောင်လေးကjenလေးကိုတကယ်ချစ်မိလို့သူကိုတောင်းပန်သတဲ့လေ ireneနဲ့တုန်းကတောင်သဘောကျတယ်ဘဲပြောပေမယ့်သူ့ညီမလေးကိုကချစ်သတဲ့လေ....နောက်တော့သူလည်းနိုင်ငံခြားကိုထွက်ခဲ့တယ်တဲ့...အဲ့နောက်ပိုင်းသူလည်းသမီးလေးရပြီး jenလေးလည်းလက်စားချေတာသိခဲ့ပြီးသားလေးနှစ်ယောက်ရတယ်တဲ့လေ jenကလည်းပြန်လက်စား​ချေတယ်တဲ့လေ...အဲ့နောက်ပိုင်းတွေminaလည်းမသိတော့..အတွေးတွေကိုရပ်တန့်တော့minaဆီကိုလာနေတဲ့jen
Jen-" unnie mina မတွေ့ရတာကြာပြီနော်..."
Mina-" ဟုတ်ပါ့jenတောင်အရင်လိုကလေးမဟုတ်တော့ဘဲတကယ့်ကိုအမျိုးသမီးတစ်ယောက်လိုလှနေတာဘဲ "
Jen-" ကျေးဇူးနော်unnie.."
Mina-" jenသားလေးတွေရောဘယ်မှာလည်းunnieကိုမိတ်ဆက်ပေးပါအုံး "
Jen-" ခနနေunnie...Aliceနဲ့Ericလေးရေအောက်ထပ်ကိုခနဆင်းလာပါအုံး...ခနနေရင်ဆင်းလညလိမ့်မယ်unnie "
     Jenပြောပြီးခနကြာတော့သားနှစ်ယောက်ကဆင်းလာတယ်....minaကြည့်မိတော့ချစ်စရာလေးတွေပင်..
Jen-" သားတို့ဒီကိုလား ဒီကအန်တီက​နှုတ်ဆက်လိုက်အုံးအန်တီနာမည်ကIm Minaတဲ့  unnie ဒါjenရဲ့သားကြီးလေးEricတဲ့ဒါကသားငယ်Aliceတဲ့လေ..."
Mina-" တူလေး​တွေကချစ်စရာလေးတွေဘဲ..."
Alic&Eric-" nae အန်တီ "
Mina လည်းကလေးနှစ်ယောက်ကိုကြည့်ကာအသည်းယားတာကြောင့်ပွေ့ဖက်နမ်းနေမိတယ်အခုမှသုံးနှစ်သာသာနဲ့ချစ်စရာပုလုံးလုံးလေးတွေကအတော်ချစ်ဖို့ကောင်းသည် ခနနေတော့ အပေါ်ထက်ကဆင်းလာတဲ့သူတစ်ယောက်Minaငေးမိတယ် သူကminaကိုရင်ခုန်စေတယ်အကြည့်တွေစူးရှစွာနဲ့တောင့်တင်းတဲ့ခန္ဓာပိုင်ဆိုင်ထားတဲ့သူကတကယ်ပင်မိုက်တယ် အရင်ကးတွဲလာသမျှဘယ်ယောကျာ်းသားကိုမှရင်မခုန်ဘူးတဲ့ Minaကအခုလူကိုတော့ရင်ခုန်သတဲ့လေ...ခနနေတော့jenအသံကြောင့်အတွေးတွေပျံ့လွင့်သွားတယ်...
Jen-" ကိုအလုပ်တွေလုပ်တာပြီးပြီလား"
အဲ့တော့သူကjenအမျိုးသားပေါ့ ဘာလို့minaကအိမ်ထောင်ရှိယောကျာ်းတစ်ယောက်ကိုရင်ခုန်နေတာလား
Li-" liပြီးသွားပြီ အပြင်မှာတစ်ခုခုထွက်စားမလို့ သားတွေကိုခေါ်သွားမယ်နော် "
    ကို့စကားကြောင့်jenလည်း
Jen-" အတူသွားကြမယ်လေunnieလည်းလိုက်ခဲ့ပေါ့အခုမှကိုရွးယားပြန်ရောက်တော့လိုက်ခဲ့လေ."
Mina-" ကောင်းသားဘဲ "
Li-" ဒါဆိုလည်းသွားကြမယ်လေ..."
   သွားတဲ့တစ်လျှောက်အရှေ့ခန်းမှာကားမောင်းနေတဲ့သူကိုသာminaကြည့်​နေမိတယ် အတော်ပင်ညို့နိုင်စွမ်းကောင်းတဲ့သူဘဲ....
    Minaအဲ့လိုကြည့်နေတာကိုjenရိပ်မိနေပါတယ် ကို့ကိုဘဲအမြဲကြည့်​နေ​တာမို့jen ဒေါသကထွက်လာရသည်..စားသောက်ဆိုင်ရောက်တော့လည်းကို့ကိုကြည့်ပြီးအစားစားနေသည် jenအတော်ပင်ဒေါသထွက်လှသည် unnieတစ်ယောက်လိုခင်ခဲ့ဖူးတာကြောင့်ဒေါသတွေကိုထိန်းနေမိသည် နောက်ဆုံးအိမ်ပြန်တော့လည်း ဘာမှမသိတဲ့ ကို့ကိုနှုတ်ဆက်ပြီးပြန်သွားသည်
At night
At jen's room
    Jenအခန်းထဲဝင်သွားတော့ ကိုကကုတင်ပေါ်မှာအိပ်ဖို့ပြင်နေပြီလေ jenလည်းကုတင်ပေါ်တက်ကာ ကို့အနောက်ဘက်ကျောပြင်လေးကိုပွေ့ဖက်ကာနမ်းရှိုက်နေမိတယ်
Jen-" ကို ရယ်လွမ်းနေခဲ့တာ...."
   ကိုဘက်ကဘာအသံမှထွက်မလာခဲ့
Jen-" ချစ်တယ်ကို....မတွေ့ရတဲ့အချိန်တွေကအရမ်းကြာလွန်းတယ်..အရမ်းလွမ်းနေခဲ့တာ..ဒီတစ်ခါကို့ကိုနာကျင်အောင်မလုပ်တော့မှာမို့မကြောက်ပါနဲ့လားဟင်...jenကိုနဲ့မထိတွေ့ရတာကြာနေပြီကိုရယ်...jenကိုမလွမ်းဘူးလားဟင်...."
    Jenရဲ့စကားတွေကြောင့်liစိတ်တွေဟာအစိုးမရခဲ့ဒါပေမယ်လည်း စိတ်ကိုအမြန်အနားပေးကာ..
Li=" li အိပ်ချင်နေပြီjen "
Jenလက်တွေဟာရပ်တန့်သွားမိတယ် ကို့ကိုjenနဲ့မျက်နှာချင်းဆိုင်ဆွဲလှည့်ကာ နှုတ်ခမ်းကိုခက်ကြမ်းကြမ်းစုပ်နမ်းမိတယ်...jenအတွက်ကိုကvitaminလေးလေ jenရှိတာတောင်သိသိကြီးနဲ့liအနားမှာဝဲချင်နေတဲ့သူတွေကြောင့်သဝန်တို့စိတ်တွေမွှန်နေမိတယ် ခနနေတော့ပြန်ခွာလိုက်ကာ
Jen=" သမီးလေး လိုချင်တယ်ဆို "
Li-" ဘယ်သူပြောလို့လည်း "
Jen-" jenကသိပြီးသားလေဟိုတစ်နေ့ကတည်းကသိနေတာ...မလိုချင်ဘူးလား"
Li-" ဟင့်အင်းမလိုချင်ပါဘူးjen..liနားချင်နေပြီ..."
  ပြောပြီးတာနဲ့ကိုကjenကိုကျောပေးကာအိပ်ဆက်သွားတယ်  က​လေးလိုချင်ရဲ့သားနဲ့မလိုချင်ယောင်ဆောင်နေတဲ့ကိုဟာ ဟန်ဆောင်မကောင်းခဲ့ပါဘူး jenနဲ့မထိတွေ့ချင်ဘူးဆိူရင်ဘာလို့စောနကjenရဲ့ခပ်ကြမ်းကြမ်းအနမ်းတွေမှာစီးမျောနေခဲ့မှာလည်း လိုလားရဲ့သားနဲ့ကိုဟာကြောက်နေတာပါ..
Jenလည်းကို့ရဲ့ခါးလေးကိုဖက်ကာအနမ်းပေးရင်းအိပ်စက်လိုက်တယ်.....။
#Story-"28(end)

'Please don't leave me baby'Nơi câu chuyện tồn tại. Hãy khám phá bây giờ