Story-23

4.7K 348 14
                                    

At jen's side
   Jen ကိုကို့ ကိုလွမ်းတယ် သူအခုဘယ်ရောက်နေပြီလည်း သူ့ကုမ္ပဏီကိုသတင်းစုံစမ်းတော့လည်းဘယ်ရောက်နေမှန်းမသိရ.....တိုက်ခန်းကိုလိုက်သွားတော့လည်း သူ့သူငယ်ချင်းတွေနဲ့ပြောင်းသွားတယ်တဲ့လေတိုက်ခန်းကိုတော့မရောင်းသွားဘူးတဲ့ jenလည်းသူ့သူငယ်ချင်းဆိုတဲ့လူတွေကိုစုံစမ်းမိတော့ဟိုအမျိုးသမီးနဲ့အမျိုးသားတစ်ယောက် jenလည်း ကို့ ရဲ့အကြောင်းတွေစုံစမ်းတော့ အကုန်လုံးကငယ်သူငယ်ချင်းတွေတဲ့လေ jenမှားခဲ့တာလား ကိုကို့ ကိုဖောက်ပြန်တယ်လို့စွပ်စွဲခဲ့တာလေ အခုတော့အရမ်းလွမ်းနေရပြီ ဘယ်ရောက်နေမှန်းလည်းမသိသလို ဘာလုပ်နေမှန်းလည်းမသိရဘူး နေရောကောင်းပါ့မလား နှလုံးအောင့်ရင်ရောအဆင်ပြေပါ့မလား အနားမှာရှိနေတုန်းကတော့လက်စားချေဖို့အတွက်အမြဲရက်စက်ခဲ့ပြီး အခုကျမှကို့ကိုအသည်းအသန်လိုက်ရှာနေမိတယ် နောက်ဆုံးပြောခဲ့တဲ့စကားတွေကြောင့်မုန်းသွားမှာလည်းjenကြောက်တယ်
Jen-" ကို ရယ်jenဆီပြန်ခဲ့ပါနော်ဒီတစ်ခါကျရင် jenကအရာရာအလျော့ပေးပြီး လုပ်ခဲ့သမျှလုပ်ရက်တွေအတွက်တောင်းပန်ပါတယ်နော်...jenအနားကိုအရင်လိုလေးပြန်လာပေး jenကကို့ ကိုမခွဲချင်ဘူး ကို့အနားမှာဘဲနေချင်တာမို့ကျေးဇူးပြုပြီး jenဆီကိုပြန်လာပြီးအရင်လိုလေးချစ်ပေးပါ....။
6 month later
At li's side
    Liဒီကိုရောက်တော့ခွဲစိက်ဖို့ကိုပြင်ဆင်ခဲ့တယ် သုံးလလောက်နေတော့ခွဲစိတ်ခဲ့ရတယ်Bamနဲ့Somiရဲ့ကောင်းမွန်မှုတွေကြောင့် liခွဲစိတ်မှုကအောင်မြင်စွာပြီးစီးခဲ့တယ် အခုတော့liဆေးရုံကဆင်းပြီးAmericaမှာအနားယူနေခဲ့တယ်နောက်ပြီးအလုပ်တွေလည်းအိမ်မှာဘဲလုပ်ပြီးcomputerကနေဘဲအလုပ်ကိစ္စတွေကိုကုမ္ပဏီတွေကိုပို့​ပေးတယ် somiပြောတာတော့ပြန်စတွေ့တုန်းကလိုမဟုတ်တော့ဘဲ"နင်အထက်တန်းကျောင်းသားဘဝကလိုအေးစက်စက်ပြန်ဖြစ်နေပြီနော်" လို့တောင်ပြောလာတယ် liလည်းဘယ်တက်နိုင်မလည်းနေ့ရက်တွေလည်ပတ်နေတဲ့သာမန်ရက်တွေကအေးစက်နေတော့လူလည်းတဖြည်းဖြည်းအေးဆက်ဆက်ပြန်ဖြစ်နေပြီလေ.....appaတို့ကိုလည်းအဆက်အသွယ်ဖြတ်ထားပြီးအလုပ်တွေကိုတော့အမြဲဦးစီးလုပ်ပေးနေပါတယ်အခုချိန်မှာအရာရာကတွေးသမျှခေါင်းထဲကထွက်သမျှဟာjenနဲ့ပက်သတ်တဲ့အရာတွေချည်းဘဲမို့ liမနည်းကြိုးစားမေ့ဖျောက်နေရပါတယ်...သားလေးတွေကိုလွမ်းရင်အရက်ကအတူတူရိုက်ထားတဲ့ပုံလေးတွေက်ပြန်ကြည့်ပြီးအလွမ်းသယ်မိတယ်...တစ်နေ့ကျရင်တော့liသားလေးတွေဆီသွားမှာပါ
1 year later
At jen's side
    တစ်နှစ်ကျော်သွားပြီး...ကိုjenဆီကထွက်သွားတာတစ်နှစ်ကျော်ခဲ့ပြီ မဆက်အသွယ်မရခဲ့ ရှာလို့မရခဲ့..အစအနပျောက်သွားတဲ့ ကိုဟာဘယ်ရောက်နေလည်းjenမသိခဲ့ပါ ကို ထွက်သွားတဲ့နောက်ပိုင်းနောင်တတွေတပွေ့တပိုက်နဲ့ကျန်ခဲ့ရသူဟာjenပါကိုရယ် ညတိုင်းကိုအိပ်ခဲ့တဲ့ကို့​ရဲ့အခန်းလေးထဲဝင်ကာကိုအိပ်ခဲ့တဲ့အိပ်ယာပေါ်မှာညတိုင်းငိုကြွေးနေမိသူပါ...လက်ထပ်ပြီးတုန်းကအတူတူနေခဲ့တဲ့အချိန်တွေကိုပြန်တွေးပြီးလွမ်းဆွတ်မိသူပါ.... jenအခန်းထဲမှာတိုင်းအိပ်ယာပေါ်မှာအိပ်ရင်းအရင်ကကိုအိပ်ခဲ့ဖူးတဲ့နေရာလေးကိုပြန်စမ်း​ပြီးမျက်ရည်တွေကျနေမိတယ် အခုကျမှ ကို့ရင်ခွင်ငွေ့ကိုအရမ်းလိုချင်တယ် ထိတွေ့ခဲ့တဲ့အထိအတွေ့တွေကိုပြန်တွေးမိတိုင်း ကို့ကိုအကြိမ်ကြိမ်အော်ငေါက်ကာငြင်းပယ်ခဲ့တဲ့ ကိုယ့်ကိုကိုယ်ဒေါသထွက်မိတယ်ကိုရယ် jenကိုရော ကို မလွမ်းဖူးလားဟင်....စိတ်နာသွားသလား....ကျေးဇူးပြုပြီးပြန်လာပေးနိုင်မလား...ဒီတစ်ခါပြန်တွေ့ရင်လေ jenဘက်ကမှားခဲ့ကြောင်းတောင်းပန်ပြီးအနားကိုပြန်လာပေးဖို့တောင်းဆိုမယ် ကို သာအနားပြန်လာပေးရင်လေjenအရင်လိုလက်စားလည်းမချေတော့ဘူး ဆိုးလည်းမဆိုးတော့ဘူးသိလား....jen ကို့ ကိုအရမ်းချစ်တယ်.....အရင်လိုjenကိုတီတီတာတာပြောပြီးဘေးနားမှာချစ်တယ်လိုအမြဲပြောနေတဲ့ ကို့ကိုပြန်လိုချင်တယ်....ကိုမရှိတော့မှကိုပြင်ပေးတဲ့မနက်စာလေးကိုစားချင်လာတယ်၊ ကိုမရှိတော့မှာအရင်ကကိုထွေးပွေးပေးတဲ့နွေးထွေးမှုကိုလိုချင်လာတယ်...နောင်တဆိုတာနောင်မှရတယ်ဆိုတဲ့စကားဟာသိပ်မှန်တယ် ကို ရယ်jenလည်းကိုမရှိမှကို့တန်ဖိုးကိုသိပြီး ကို့ကိုအရမ်းလိုအပ်နေတယ်.....ကိုသိလားဒီနေ့သားလေးတွေရဲ့သုံးနှစ်ပြည့်မွေးနေ့လေ...သား​တွေကကို့ကိုသတိရနေကြတာသိလားပြန်မလာသေးဘူးလားဟင်
Jen-" omma တို့ဒီနေ့ဘယ်သွားကြမလည်းဟင် omma သားလေးနှစ်ယောက်ရဲ့မွေးနေဆိုတော့ "
Eric-" မုန့်ဆိုင်သွားမယ်လေomma "
Alice-" တော့ပိုကီရယ်....ဖက်ထုပ်လေးရယ်အအေးလေးရယ်ဆိုသိပ်ကောင်းမှာဘဲနော်omma "
  JenတွေးမိတာကAliceလေးကကိုနဲ့အရမ်းတူတာဘဲသိလား ကိုနဲ့အကြိုက်ကအစတစ်ပုံစံတည်း
Jen-" ကောင်းပြီလေommaတို့တော့ပိုကီဆိုင်သွားကြတာပေါ့ "
Eric- "nae omma☺ "
Alice-"ရေးး.သွားမယ်..go.go.go.let.go..."
  သားနှစ်ယောက်မှာEricလေးကတော့တည်ပြီးAliceလေးကိုအရမ်းချစ်တယ်သူ့ညီလေးသူ့ညီလေးဆိုပြီး၊Aliceလေးကတော့အရမ်းကစားတာမနိုင်ပါဘူးပမွှေစိန်လေးပါ ဒါပေမယ့်သူအကိုပေါ်တော့အရမ်းမဆိုးဘူးသူ့အကိုကိုချွဲမယ်ဒါမှမဟုတ်တစ်ယောက်ယောက်ကိုချွဲပြီဆိုရင်အာဘွားတွေစွတ်ပေးတော့တာဘဲ တကယ့်အတက်လေးတွေ jenလည်းသူတို့မွေးနေ့ဆိုတော့စိတ်တိုင်းကျဆိုင်တစ်ဆိုင်မှာထိုင်စားချင်တာတွေစားမွေးနေ့ကိတ်လုပ်ပေးပြီး လိုချင်တာတွေဝယ်ပေးကာအိမ်ပြန်လာခဲ့တယ် ခြံထဲရောက်တော့ဘယ်ကမှန်းမသိတဲ့ပြိုင်ကားတစ်စီးအမဲရောင်မှာအဖြူရောင်စပ်ဖောက်ထားတာပင်..jenလည်းအိမ်ထဲဝင်လိုက်တော့ နှလုံးသားတစ်ခုလုံးငလျင်အကြမ်းစားလှုပ်သွားသလားအောင့်မေ့ရလောက်အောင်တွေ့ရတဲ့သူက ကို ဖြစ်နေတယ် အရင်လိုလူကြီးဆန်ဆန်မဟုတ်ဘဲ ဘောင်းဘီအတိုကိုမှအပေါ်ကshirtနဲ့အပေါ်ထပ်jacketနဲ့လူငယ်ဆန်ဆန်ဝတ်ထားတဲ့ကို unnieနဲ့ဥည့်ခန်းထဲမှာစကားပြောနေပုံပင်
Alice&Eric-" appa "
သားတွေအသံကြားမှjenတို့ဘက်ကိုလှည့်လာတယ် သားတွက ကို ထိုင်နေတဲ့အေပည်ကိုပြေးတက်ကာအသည်းအသန်ဖက်ကြတော့တာပါဘဲ
Alice-" appa လူဆိုးကြီးသားတိူ့ကိုအကြားကြီးပစ်ထားတယ် "
Etic-" ဖုန်းလေးတောင်မဆက်ဘူး appaက "
Li. -" appa လည်းအလုပ်တွေအရမ်းရှုပ်နေလို့ပါဗျာဒီနေ့ကappaသားလေးတွေမွေးနေ့မို့ပြန်လာခဲ့တာ "
Eric-" တကယ်နော်..."
Li-" တကယ်ပါဗျ..."
Alice-" ပြောတော့သားတို့အတွက်အရုပ်အကြီးကြီးပါလာမှာဆို "
Li-" appa တိုက်ခန်းမှာကျန်ခဲ့တယ်လိုက်ယူကြမလား  "
Eric-" ယူမယ်ယူမယ်.."
Alice=" သားလည်းယူမယ်နော်appa "
Li-" ကောင်းပြီလေဒါဆိုသွားမှာပေါ့နော်..."
    သားတွေကိုပြောနေတဲ့ ကို့ ကိုကြည့်ရင်းjenပြုံးနေမိတယ် ကိုလည်းနည်းနည်းကလေးဆန်လာတာဘဲအမူယာလေးတွေကအစ
Li-" jen li ဒီတစ်ညသားတွေကိုတိုက်ခန်းခေါ်သွားချင်လို့ခွင့်ပြုပေးနိုင်မလား "
  Jenလည်းရုတ်တရက်ကြီးဆိုတော့ဘာပြောရမှန်းမသိ
Jen-" ရ...ရတာပေါ့...."
Li-" ဒါဆို li ကိုပြန်ခွင့်ပြုပါအုံး unnie liပြန်ပြီနော် "
Irene"အင်း...ဒီမှာမအိပ်ဘူးလားli.."
Li-" မအိပ်တော့ဘူးunnieတိုက်ခန်းမှာBamတို့ရှိသေးတယ် ဒါဆိုသွားပြီနော်."
    ပြောပြီးတာနဲ့liလည်းသားတွေကိုကားဆီခေါ်ခဲ့ပြီး ကားပေါ်တင်ကာ li တိုက်ခန်းကိုပြန်လာခဲ့တယ်....ကျန်ခဲ့တဲ့jenမှာတော့မျက်​ရည်လေးတွေဝဲလျက်
Jen-" သူjenကိုအဖက်တောင်မလုပ်တော့ပါလားunnieရယ်... "
Irene-" ကြိုစားကြည့်ပါjenရယ် အားမလျော့ပါနဲ့ သူစိတ်ဆိုးနေတုန်းခနဖြစ်မှာပါ ကဲအခုတော့သွားနားလိုက်အုံးမနက်ကျရင်သူ့တိုက်ခန်းကိုလိုက်သွားလေ.."
Jen-" ဟုတ်unnieပြောသလိုဘဲမနက်ကျမှလိုက်သွားလိုက်မယ် ဒါဆိုjenသွားနားပြီနော်unnie.."
     ပြောကာအပေါ်ထပ်ကိုတက်သွားတဲ့jenကိုကြည့်ပြီးireneလည်းအခန်းထဲဝင်ကာနားလိုက်တယ်....။
#Story-23(end)

'Please don't leave me baby'Where stories live. Discover now