*** Part - (1) ***

3.7K 111 14
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~~~~~

*** အချို့သောအစပြုချိန်များ ***

ညနေခင်းနေဝင်ရီတရောအချိန် ။ ပုဇွန်ဆီရောင်ကောင်းကင်ကြီးက ဝံ့ကြွားလှပစွာဖြင့် မိုးမြင့်ထက်မှာတည်ရှိနေသည် ။ လေပြေလေညှင်းလေးက ဖြေးညှင်းစွာတိုးဝေ့တိုက်ခတ်နေသောကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးက ပြီးပြည့်စုံနေ၏ ။

ထိုအခြင်းအရာများနဲ့မသက်ဆိုင်သော အဖြစ်အပျက်တစ်ခုကလည်း ကြိုတင်စီစဉ်ထားသလို ရောက်ရှိလို့လာသည် ။

ရပ်ကွက်ထဲသို့ဝင်လာသော အမျိုးသမီးတစ်ယောက် ။ ကလေးကို လက်တစ်ဖက်ကဆွဲပြီး ခပ်သွက်သွက်လှမ်းနေပုံအရ အလျင်လိုနေသည့်ဟန်ပန်အပြည့်ဖြင့် ။

" မေမေ သားသား လက်နာတယ် "

ကလေးလေးရဲ့တိုးဖွပြီးသေးငယ်တဲ့အသံလေးက ချစ်စဖွယ်အတိပင် ။ ဒါပေမဲ့ ထိုအမျိုးသမီးက ကလေးရဲ့စကားကိုစိတ်ဝင်စားဟန်မပြဘဲ ရှေ့ကိုသာဆက်လျှောက်နေ၏ ။

ဝါးကပ်ကျိုးတို့ကျဲတဲကာရံထားတဲ့ ခြံဝိုင်းတစ်ခုရှေ့တွင် ရပ်လိုက်သည် ။ ထိုအမျိုးသမီးက ခြံထဲ၌ လူရိပ်လူယောင်ရှိမရှိ လှမ်းကြည့်လိုက်သေး၏ ။ ထို့နောက် လက်တစ်ဖက်ကဆွဲထားတဲ့ အိတ်ကိုမြေကြီးပေါ်ပစ်ချပြီး ကလေးရှေ့တွင်ဆောင့်ကြောင့် ထိုင်သည် ။

" ဒီအိမ်ရှေ့ကနေ ဘယ်ကိုမှမသွားနဲ့နော် သားသား ၊မေမေ ခဏနေရင် လာခေါ်လှည့်မယ် ၊ ဟုတ်ပြီလား "

အသက် ခုနှစ်နှစ်ကျော်လောက်ရှိမည်ထင်ရတဲ့ ကောင်လေးရဲ့မျက်လုံးထဲတွင် ရုတ်ချည်းဆိုသလို မျက်ရည်တို့ ပြည့်အိုင်လို့လာသည် ။ ထားခဲ့ခံရမည်ကို သိနေသည်ထင်၏ ။ နွမ်းဖတ်ဖတ်အင်္ကျီအကွက်လေးကို ဘောင်းဘီဒူးဖုံးရုံလေးနဲ့တွဲဝတ်ထားပေမဲ့လည်း ကလေးလေးက ပါးဖောင်းဖောင်းလေးနဲ့ချစ်စရာကောင်းလွန်းနေပါသည် ။

" သား သားသားဆီ ပြန်လာနော် မေမေ ၊ သားသား ဖရုံသီးလည်းစားပါ့မယ် ၊ အဝတ်တွေလည်းပေအောင် မဝတ်တော့ပါဘူး ၊ က ကတိပေးပါတယ် ၊ ဟင့် "

ဒီနေရာမှာ ကြာကြာဆက်နေလို့မဖြစ်တော့တာကြောင့် အမျိုးသမီးက မတ်တပ်ထရပ်လိုက်သည် ။ ကလေးက အော်မငိုပေမဲ့လည်း ရှိုက်သံထွက်အောင် ငိုနေပြီ မဟုတ်ပါလား ။

သူတစ်ယောက်သာ (Completed)Where stories live. Discover now