*** Part - (4) ***

946 70 17
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~~~~

*** ပထမ ဝေးကွာခြင်း ***

ကြုံဖူးကြပါရဲ့လား ။

နီးရက်နဲ့ဝေးကွာနေတာမျိုး ။ မြင်နေရပေမဲ့ တွေ့ခွင့်မရှိတာမျိုး ။ ခေါ်ဖို့ကြိုးစားတိုင်း ဆွံ့အနေရတာမျိုး ။ ကျောချင်းကပ်အိပ်နေပေမဲ့ ကမ္ဘာတွေခြားနေတာမျိုး ။ ချစ်နေပေမဲ့လည်း ဖွင့်ပြောခွင့်မရှိတာမျိုးပေါ့ ။

ညအိပ်တိုင်း မျက်ရည်တွေသာ တလိမ့်လိမ့်ကျရသည် ။ (4) နှစ်ကျော်လောက်အရင်းနှီးဆုံးဖြစ်ခဲ့သမျှတွေသည် အခုချိန်မှာတော့ သူစိမ်းတွေအတိုင်း ။ မဟုတ်ဘူး ။ သူစိမ်းတွေထက်တောင် ဝေးကွာသွားကြသည်လား ။ သူသူ မတွေးတတ်တော့ပါ ။ ဘယ်နေရာကနေ စပြီးမှားယွင်းခဲ့လဲမသိသလို ဘယ်နေရာမှာအဆုံးသတ်မလဲလည်း မသိပြန်ဘူး ။

မိုးလင်းလို့မျက်လုံးနှစ်ဖက်ပွင့်တာနဲ့ မင်းမျက်နှာမြင်ရမှ နေ့တစ်နေ့ကိုစတင်တတ်တော့တဲ့ငါနဲ့ ငါ့ကို မုန်းနေတဲ့ မင်း ။ ဘယ်အရာတွေက လွဲချော်စေတဲ့ကံတရားတွေလဲ ခန့်ညားရယ် ။ ဘယ်အရာတွေကများလဲ ။

ခေါင်းပူအောင်တွေးနေပေမဲ့ ငါမသိဘူး ။

မင်းနဲ့ငါ နှစ်ယောက်တည်းပဲရှိတဲ့ဘဝလေးဖြစ်အောင် ဘယ်လိုပြန်တည်ဆောက်ရမလဲ ငါမသိတော့ဘူး ။

အမှားတွေကိုပြင်ဆင်လိုက်ရင်ကော မင်းကငါ့ဆီပြန်လာမှာတဲ့လား ။ မင်းချစ်ရတဲ့သူကိုလွှတ်ချခဲ့ပြီးပေါ့ ။ ငါ့အတွေးတွေ သိပ်ကိုကလေးဆန်သွားတယ်ထင်တယ် ။ ဖြစ်မှမဖြစ်နိုင်တာပဲ ။

မင်းပြောခဲ့တယ်နော် ။ မိန်းမယူဖြစ်ရင်တောင် ငါ့ကိုချစ်တာရဲ့ခြေဖျားကိုမှီပါ့မလားတဲ့ ။ မင်းရဲ့အပြောနဲ့လုပ်ရပ်တွေက ဆန့်ကျင်ဘက်ဆန်လှချည်လား ။ လိုသလိုအသုံးချခွင့်ပေးနေတဲ့ငါ့ကိုမှ တစ်ဘဝလုံး ခံစားစေချင်သေးတာလား ။

မင်းက ဘယ်တုန်းကမှ ငါ့ဘက်ကိုမကြည့်ခဲ့ပါဘူး ခန့်ညားရယ် ။ ငါ့ရင်ထဲကိုလည်း ဘယ်တော့မှမြင်နိုင်မှာ မဟုတ်ပါဘူး ။

အခြောက်တဲ့ ၊ အဟက် ။ အဲ့စကားကို မင်းပါးစပ်ကနေကြားခွင့်ရတာမလို့ ငါပိုပြီးရင်နာရပါတယ် ။ တကယ်ဆို အဲ့ထက်ပိုလှပြီးကြားကောင်းတဲ့စကားလုံးလေး ရွေးချယ်ပေးသင့်တယ်မဟုတ်လား ။

သူတစ်ယောက်သာ (Completed)Where stories live. Discover now