*** Final Part ***

1.4K 62 12
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~~~

*** ထပ်တူကျခြင်းအနုပညာ ***

တစ်အိမ်ဝိုင်းလုံးက တိတ်ဆိတ်ငြိမ်သက်နေသည် ။ ကားလာပြင်တဲ့သူတွေကိုလည်း မတွေ့ ။ ပြီးတော့ ခန့်ညားကိုလည်း နေရာအနှံ့မှာ ရှာနေပေမဲ့ မတွေ့ ။ အပြင်သွားလိုက်တာများလား မသိချေ ။ ရင်ခုန်ပြီးစိတ်လှုပ်ရှားနေတာကိုထိန်းရင်း သူသူ နာနေတာကိုပင် မေ့ပျောက်မိသည်အထိ ။

" အန်တီ ဦးလေး ခန့်ညားကော "

အိပ်ခန်းထဲမှာပါမရှိတာကြောင့် အပေါ်ထပ်ကိုတက်ပြီး ဦးလေးနဲ့အန်တီကိုမေးလိုက်သည် ။

သူသူ အံ့ဩသွားပါသည် ။ အန်တီက အရှေ့ခန်းမှာ ထိုင်ငိုနေတာဖြစ်သည် ။ ဦးလေးကတော့ စိတ်ပျက်လက်ပျက်ဖြင့် အန်တီ့ဘေးမှာထိုင်နေ၏ ။ သူသူ့ကိုတွေ့တော့ နှစ်ယောက်လုံး အံ့ဩတကြီးဖြင့် ပြန်ကြည့်လာကြသည် ။ သူသူ့ပုံစံကလည်း အရမ်းအလျင်လိုနေသည် မဟုတ်လား ။

" သူရိန်လင်း ၊ နင် နင် ပြန်လာသေးတယ်ပေါ့ ၊ တစ်ညလုံး ဘယ်မှာသွားသေနေတာလဲ အကောင်ရဲ့ ၊ ဟမ် ၊ နင်တို့နှစ်ယောက်လုံး ငါတို့အပေါ်မှာလုပ်ရက်တယ်ဆိုပြီး ငါ့မှာ တစ်မနက်လုံးထိုင်ငိုနေရတာ "

အန်တီ့စကားကြောင့် လူက ယိုင်ခနဲတောင် ဖြစ်သွားရသည် ။ ကြမ်းပြင်ပေါ်ဝုန်းကနဲထိုင်ချလိုက်မိ၏ ။

" ခန့် ခန့်ညား ဘယ်မှာလဲ အန်တီ ၊ သူ ဘာဖြစ်လို့လဲ "

" ရှင်ပဲပြောလိုက်တော့ "

ဦးလေးက မျက်စိမျက်နှာတွေပျက်နေသည် ။

" ဘာဖြစ်လဲလို့ ဦးလေး ၊ ခန့်ညား ဘာဖြစ်လို့လဲ "

ဦးလေးက သက်ပြင်းတစ်ခုကို လေးပင်စွာချသည် ။

" မနေ့က မင်းသွားပြီးတော့ သူပြန်ရောက်လာတယ် ၊ ပြီးတော့ မှောင်တဲ့အထိစောင့်ပေမဲ့ မင်းပြန်ရောက်မလာလို့ သွားရှာတယ်တဲ့ ၊ ရပ်ကွက်ထဲကလူတွေက ဟိုကောင်လေးအိမ်ထဲကိုလိုက်သွားတယ်ပြောကြတော့ အဲ့အိမ်ရှေ့မှာ အကြာကြီးထိုင်စောင့်နေသေးတယ် ၊ 10 နာရီထိုးတော့ အဲ့အိမ်ရှေ့ကနေ အသံအကျယ်ကြီးနဲ့ အော်ခေါ်တော့တာပဲ ၊ မင်းပြန်ဖြေတဲ့အသံမကြားရဘူးဆိုပြီး လူတွေဝိုင်းဆွဲနေတဲ့ကြားထဲကနေ ခြံတံခါးကျော်ပြီး အဲ့အိမ်ထဲကိုသွားရှာတာ ၊ အထဲရောက်တော့ မီးနဲ့တံခါးတွေပဲဖွင့်ထားပြီး လူတစ်ယောက်မှရှာမတွေ့ဘူး "

သူတစ်ယောက်သာ (Completed)Where stories live. Discover now