*** Note ***

1.1K 48 14
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီ Short Story အတွက် Note လေးနည်းနည်းရေးချင်ပါတယ် ။ ကိုယ်က အလုပ်ကြောင့်မလို့ အိမ်နဲ့တစ်မြို့စီမှာ နေရသူပါ ။ လွန်ခဲ့တဲ့တစ်လလောက်က အိမ်နဲ့တစ်ရက်မှာ ဖုန်းပြောရင်း ညီမလေးကပြောပြတဲ့အကြောင်းအရာကို အခြေခံပြီး ဒီ Short Story ကိုရေးဖြစ်သွားတာပါ ။ ပြောဖြစ်တာကြာခဲ့ပြီဖြစ်ပေမဲ့ အလုပ်မအားလို့ ဒီပိတ်ရက်လေးငါးရက်မှာမှ အကောင်အထည်ဖော်ဖြစ်သွားပါတယ် ။

ကိုယ်တို့အဖေ ကားပြင်တဲ့ဝပ်ရှော့ကကောင်လေးက ခေါက်ဆွဲပြုတ်ထဲကြွက်ဆေးထည့်စားပြီး သတ်သေသွားပါတယ်တဲ့ ။ အကြောင်းရင်းက သူ့ဝပ်ရှော့က‌ယောကျာ်းလေးသူငယ်ချင်းက မိန်းမယူသွားလို့ပါတဲ့ ။

အဲ့အကြောင်းကြားပြီး ရင်ထဲနင့်ကနဲပါပဲ ။ ကိုယ်သိခွင့်ရတဲ့အကြောင်းရာက အဲ့နှစ်ချက်တည်းပါပဲ ။ အဲ့ကောင်လေးရဲ့နာမည်ကို မသိသလို သူနဲ့ပတ်သက်တာ ဘာတစ်ခုမှလည်း မသိပါဘူး ။ ကိုယ့်အဖေတောင် ဖြတ်သွားဖြတ်လာလောက်ပဲ တွေ့ဖူးမယ်ထင်ပါတယ် ။

သတ်သေသွားတဲ့အကြောင်းရင်းကိုတော့ ကာယကံရှင်ပဲ သိပါလိမ့်မယ် ။ ကိုယ်က အဲ့အကြောင်းလေးတစ်ခုတည်းပေါ်မှာ အခြေခံပြီး Short Story အစအဆုံးကို စိတ်ကူးယဉ်ရေးထားခြင်းဖြစ်ပါတယ် ။ ဇာတ်နာအောင်ကို တမင်ရေးထားတာပါ ။ ပြောချင်တာက အဲ့ကောင်လေးရဲ့အပြင်ကလက်တွေ့ဘဝက အဲ့လောက်ထိလည်းဆိုးချင်မှဆိုးမယ် ။ အဲ့ထက်လည်းဆိုးနေနိုင်တယ် ။ အများပြောကြသလို သူ့သူငယ်ချင်းမိန်းမယူသွားလို့သတ်သေသွားတာဖြစ်နိုင်သလို တခြားအကြောင်းကြောင့်လည်း ဖြစ်နိုင်ပါတယ် ။ ကိုယ်က ဒီထဲမှာ သူတို့နှစ်ယောက်ရဲ့ အသက် (18) နှစ်ကျော်တဲ့ကာလကိုတောင် 2015 လောက်ကို Reference ယူပြီးရေးထားခြင်းဖြစ်ပါတယ် ။

ဆိုတော့

ကိုယ် အများကြီးတွေးခဲ့မိပါတယ် ။ လူတစ်ယောက် သတ်သေသွားဖို့အတွက် တွန်းအားပေးခဲ့တဲ့အကြောင်းတွေက ဘာတွေဖြစ်မလဲပေါ့နော် ။ အမျိုးမျိုးရှိနိုင်ပေမဲ့ ကိုယ်ကတော့ အချစ်ဘက်ကိုပဲ ဦးစားပေးလိုက်ပါတယ် ။ အချစ်ကြောင့်တစ်ခုတည်းနဲ့သတ်သေသွားတာလားလို့မေးရင် ကိုယ်လည်း မဖြေတတ်ပါဘူး ။ အပေါ်မှာပြောခဲ့သလိုပဲ ကိုယ်သိတာကလည်း အဲ့နှစ်ခုအပြင် ဘာမှမရှိပါဘူး ။ ယုတ်စွအဆုံး သူ့အသက်ကိုတောင် မသိပါဘူး ။

သူတစ်ယောက်သာ (Completed)Where stories live. Discover now