*** Part - (3) ***

891 75 24
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~

*** မင်းပျော်ရင် ပြီးတာပဲ ***

" သူသူလေး "

အဲ့အသံကြားပြီဆို သူသူ လန့်ရပြီ ။ ခန့်ညားက တစ်ခုခုကို အလိုရှိတိုင်း ထိုကဲ့သို့ခေါ်တတ်၏ ။

မေးဆတ်ပြလိုက်တော့ ခန့်ညားက မီးဖိုဘေးကခွေးချေခုံတစ်ခုယူပြီး ဝင်ထိုင်သည် ။ ပြီးတော့ သူသူသင်နေတဲ့ချဉ်ပေါင်ရွက်တွေကို စိတ်မပါစွာဖြင့် ဆွဲဖြုတ်နေ၏ ။ အခုတလော အန်တီနေမကောင်းချေ ။ ထို့ကြောင့် သူသူပဲ မီးဖိုချောင် ဝင်နေရသည် ။

" ပြောလေ ဘာပြောမလို့လဲ "

သူသူ စကားထောက်ပေးတာတောင် ခန့်ညားကပြောထွက်မလာသေး ။ ကိစ္စက ကြီးပုံပေါ်ပါသည် ။

" ဟို ဟိုလေ "

" ကဲ ဘာလဲ ပြောစမ်းပါ ခန့်ညားရာ ၊ ငါရင်တွေပူလွန်းလို့ "

ထိုအခါမှ ခန့်ညားကပြုံးသည် ။ အဓိပ္ပါယ်ဖွင့်ပြရလျှင် " မင်း ငါပြောတာ လုပ်ပေးရမှာပါ " ဆိုတဲ့ယုံကြည်ချက်ရှိတဲ့ အပြုံးမျိုး ။

" မင်းမှာ ပိုက်ဆံ နှစ်သောင်းလောက်ရှိလား "

သူသူ မျက်ခုံးပင့်မိ၏ ။ တစ်လကို ငွေရှစ်သောင်းပဲရတဲ့ သူသူနဲ့ခန့်ညားအတွက်တော့ ငွေနှစ်သောင်းဟာ အတော်များသည်လို့ ဆိုနိုင်သည် ။

" အင်း ငါသက်သက်ဖယ်ထားတာနဲ့ ဟိုနေ့ကမုန့်ဖိုးရတာပေါင်းရင်တော့ သောင်းခြောက်ထောင်လောက်ပဲရှိမှာပေါ့ ၊ ဘာလုပ်မှာမလို့ အဲ့လောက် အများကြီးလိုတာလဲ "

မိဘက သားသမီးကို မေးသည့်ပုံစံနဲ့တောင် ဆင်တူနေသည် ။ တကယ်တော့ သက်သက်ဖယ်ထားတဲ့ငွေဆိုတာ ခန့်ညားအတွက်ပါပဲ ။ တစ်ပတ်ရစ်ဖုန်းလေးပဲဝယ်ပေးထားရလို့ စိတ်မကောင်းဖြစ်နေတာ ကြာခဲ့လေပြီ ။ ညတိုင်း ဖုန်းသုံးတိုင်း ဖုန်းပြောလို့တစ်ခုသာရတဲ့ဖုန်းလေးမလို့ စိတ်မကောင်း ။ နည်းနည်းလေးဖြစ်ဖြစ် ပိုကောင်းတဲ့ဖုန်းလေး ဝယ်ပေးချင်သည် ။ သူများကြားရင်တော့ ရယ်မလား မသိ ။ ကိုယ်တိုင်တောင် ဖုန်းမကိုင်နိုင်တဲ့ကောင်က သူများအတွက် ပိုကောင်းတာ ဝယ်ပေးချင်သည်တဲ့လေ ။

သူတစ်ယောက်သာ (Completed)Where stories live. Discover now