part 15

1.2K 75 1
                                    

The last chance
(နောက်ဆုံးအခွင့်အရေး)

part-15

ရှောင်းကျန့်တို့ဘပေကျင်းကိုရောက်တာ
4ရက်ရှိသွားပြီ
မရောက်တဲ့နှစ်တွေအတွင်း
တော်တော်ပြောင်းလဲသွားတာပဲ

သူတို့ကျောင်းကြီးလည်း တော်တော်တိုးတက်လာတာ
သူငယ်ချင်းတွေကိုလည်း သတိရပါတယ်

*ဟျောင့် ကျန့်ကျန့်
ဒီကိုလာဦးကွ
အဲ့မှာ ငေးမနေနဲ့

*လာပါပြီကွာ
ဘာလည်းပြော

*မင်းပြန်ရောက်တာ သူငယ်ချင်းတွေကိုမတွေ့ချင်ဘူးလား

*တွေ့တော့ တွေ့ချင်တယ်
ငါလည်း အဆက်အသွယ်ဖြတ်ထားတော့
သူတို့အကြောင်းတွေ မသိဘူးကွ

*ငါလည်း တူတူပဲ
ဟိုတလောကမှ ဖေးရန်နဲ့တွေ့တာကွ
သူလည်း သတိရနေတာ
ငါတို့နိုင်ငံခြားသွားတာလည်း သူသိတယ်လေ

အဲ့တာ သဘက်ခါသူ့မွေးနေ့ ငါ့ကိုဖိတ်ထားတယ်
ငါက မင်းတို့ပြန်ရောက်နေတယ်ပြောတော့
မင်းတို့ကိုပါဖိတ်တယ်တဲ့ လာပါတဲ့

ကျန်တဲ့သူငယ်ချင်းတွေလည်း လာမှာတဲ့
ကျောင်းသားဟောင်းတွေ့ဆုံပွဲလိုပဲတဲ့
မင်းတို့ လိုက်ခဲ့ပါလား
သူငယ်ချင်းတွေတွေ့ရတာပေါ့

*omm သွားတော့သွားချင်တယ်
အားချန်မင်းရော လိုက်မှာလား

*ငါကတော့ သွားမယ်
မတွေ့ရတာကြာပြီကွ

*အေးလေ အာ့ဆို ငါလည်းလိုက်မယ် ယွီပင်း

*ok ငါတော့ အကျီတွေရွေးထားမှ
ကိုယ်ပိုချောလာတယ်ဆိုတာပြရမယ် ဟ ဟ
--------------

*boss အပြင်မှာ bossကိုတွေ့ချင်လို့တဲ့

*ဟျောင့် ဝမ်ရိပေါ် မင်းက ငါတို့လာတာတောင်
ခွင့်တောင်းရဦးမှာလား

*အေးလေ အပိုတွေလုပ်နေတယ်

*အခုလည်း မင်းတို့ဝင်ချင်တိုင်းဝင်လာတာပဲမလား
ငါ့ကိုလာပြောနေသေးတယ်

*ဒါပေါ့ ခွင့်တောင်းစရာလား

*ဒါနဲ့ လူစုံတက်စုံပါလား
ဘာကိစ္စလဲ ဘားသွားဖို့ဆို ငါမအားဘူး
အလုပ်တွေရှိသေးတယ်

The last chance(နောက်ဆုံးအခွင့်အ​ေ၇း)Where stories live. Discover now