part 22

934 64 0
                                    

The last chance
(နောက်ဆုံးအခွင့်အရေး)

part-22

ရိပေါ်  ယုန်ပေါက်နဲ့ ချစ်သူဖြစ်ပြီးတည်းက
အလုပ်များနေရသည်
ယုန်ပေါက်ကို ရုံးနဲ့နီးတဲ့ သူ့အိမ်မှာပဲခေါ်ထားသည်

ဒါတောင် ယုန်ပေါက်ကိုမနည်းခေါ်ထားရတာ
ယုန်ပေါက်သူငယ်ချင်းတွေကလည်း ခုထက်ထိသူ့ကိုမကြည်ဘူး

သူ့မှာ ယုန်ပေါက်သူငယ်ချင်းတွေနဲ့ မနည်းအတိုက်အခံလုပ်ပြီးသူ့ကိုခေါ်လာရတာ
ယုန်ပေါက်ကလား သူကအေးဆေးပဲ
အားချန်တို့ခွင့်ပြုရင်ပြီးတာပဲတဲ့

ကိုယ့်မှာတော့ သူနဲ့မနေရမှာစိုးလို့ လုပ်နေရတာ

ခုလည်း မနက်ဘက်သူစားဖို့ မနက်စာပြင်နေတာ
ဒါတောင် မစားဘဲထွက်သွားတာကရှိသေးတယ်
သူ့ကိုဆူလို့ကတော့ မကျေနပ်ဘူးလား မကေနပ်ရင်ပြတ်မယ်ကစတာပဲ

အဟင်း ခုမှဝဋ်ကောင်းကောင်းလည်နေတာပါ
ပြတ်မယ်ဆိုတဲ့စကားက အဲ့လောက် နာကျင်ရမှန်းမသိခဲ့ဘူး
သူတောင် နာကျင်ရတယ်ဆိုရင် ယုန်ပေါက်လည်း အဲ့တုန်းကနာကျင်ခဲ့မှာပဲ

တခါတလေ သူ့သူငယ်ချင်းတွေ အိမ်ကိုပါလာတတ်တယ်
အဲ့အချိန်ဆို ကိုယ့်ကို အဖက်တောင်မလုပ်ဘူး
သူ့သူငယ်ချင်း ကြားထဲဝင်ကပ်ချွဲနေတာ

တကယ်ပါ ယုန်ပေါက်ကအဲ့လိုချွဲတတ်မှန်းမသိဘူး
သူ့ရဲ့အခုပုံစံက သူ့သူငယ်ချင်းတွေရှေ့မှလပေါ်လာတာ

ကိုယ့်အပေါ်လည်း အဲ့လိုချွဲစေချင်လိုက်တာယုန်ပေါက်ရယ်လို့တွေးမိတယ်
အရင်က ယုန်ပေါက်ချွဲတာဘယ်မြင်ဖူးမလဲ သူ့ကိုတွေ့တိုင်း ပြဿနာပဲလှိမ့်ရှာခဲ့တာကို

*ရိပေါ်~
ဝမ်ရိပေါ်~~~~~~~~~~~~

*ဟင် ယုန်ပေါက်
နိုးပြီးလား ကိုယုန်ပေါက်တွက်မနက်စာပြင်နေတာ

*ခင်ဗျားကို ကျွန်တော်ခေါ်နေတာကြာပြီ
ဘယ်ကောင်မအကြောင်း တွေးနေလို့
ပြန်မထူးနိုင်ရတာလဲ
ဘာလဲအရင်ကလို စိတ်ကုန်နေပြီလား
စိတ်ကုန်ရင်ပြောနော် အားမနာနဲ့
ဒီကပြတ်ပေးဖို့အသင့်

*ရှောင်းကျန့် မင်းဘယ်လိုပြောလိုက်တာလဲ
ကိုယ်က မင်းကို စိတ်ကုန်စရာလား
ကိုယ်အရင်လိုမဟုပ်တော့ပါဖူးကွာ
မယုံကြည်ရင်တောင် မင်းစောင့်ကြည်ပေးပါကွာ
အဲ့လို ပြတ်မယ်ဆိုတာတွေမပြောပါနဲ့

The last chance(နောက်ဆုံးအခွင့်အ​ေ၇း)Opowieści tętniące życiem. Odkryj je teraz