part 23

932 61 0
                                    

The last chance
(နောက်ဆုံးအခွင့်အရေး)

part-23

ရိပေါ်  နေ့လည်စာစားချိန်ရောက်တော့ ယုန်ပေါက်နဲ့စားဖို့ အောက်ထပ်ဆင်းလာခဲ့တယ်

ယုန်ပေါက် ရုံးခန်းကိုကြည့်တော့ရှိမနေဘူး
မေးကြည့်တော့ ခုနလေးတင်မိန်းကလေးတစ်ယောက်လာခေါ်လို့ထွက်သွားတယ်တဲ့

ရိပေါ် နေ့လည်စာစားချင်စိတ်တောင်မရှိတော့ဘူး
ယုန်ပေါက်ပြန်လာရင် သူ့ဆီလာဖို့ပြောခိုင်းလိုက်ပြီး အပေါ်ပဲပြန်တက်လာခဲ့တယ်
--------

ဒေါက်ဒေါက်

*ဝင်ခဲ့

*boss ကျွန်တော့်ကိုခေါ်တယ်ဆိုလို့ပါ

*ယုန်ပေါက် ဘယ်သူနဲ့သွားတွေ့တာလဲ
ရုံးကိုတောင် လာခေါ်တယ်ဆိုတော့
တော်ရုံမိတ်ဆွေတော့ မဟုပ်လောက်ဖူးမလား

*သေချာတာပေါ့
လီလီက အိမ်က သဘောတူထားတဲ့သူလေ
ဒီအတိုင်း အကြောင်းသိရအောင် တွေ့ကြည့်ရုံလောက်ပဲ
သိပ်အရေးမကြီးပါဘူး

*ဘာ~
သိပ်အရေးမကြီးဘူးဟုပ်လား
အဲ့ဒါ မင်းနဲ့ လက်ထပ်ချင်ရင် လက်ထပ်ရမယ့်သူလေ

ဒါဆို ကိုယ်ကရော
ကိုယ်က ထားခဲ့ဖို့စဥ်းစားနေတာလား
ဟင် ရှောင်းကျန့်

*oh
ဒီမှာ ခင်ဗျားအရှည်ကြီးတွေ သိပ်တွေးတာပဲ
ကျွန်တော့်ကိုခင်ဗျားလိုများထင်နေတာလား

ဘာလဲ
ခုကြတော့ ကြောက်နေတာလား
ခင်ဗျားကိုထားခဲ့မှာကိုလေ

ဒါဆို ခင်ဗျားကစားပြီးထားခဲ့တဲ့ သူတွေကို
နည်းနည်းပါးပါးကိုယ်ချင်းစာသင့်တယ်
ကျွန်တော့်ကိုလည်း ထားခဲ့တာပဲလေ

ဟက်~
တော်တော်တရားဖို့ကောင်းတယ်နော် ဝမ်ရိပေါ်
ခင်ဗျားအလှည့်ကျသိတတ်နေလိုက်တာ

ဘာလဲ ထားပစ်ခံရမှာကို အဲ့လောက်တောင်ကြောက်နေတာလား
အရင်က ဝမ်ရိပေါ်ဘယ်ရောက်သွားတာလဲ

*ဟုပ်တယ်
ကိုယ်ကြောက်တယ်
တခြားသူတွေကို သောက်ဂရုမစိုက်ဘူးကွာ
မင်း ကိုယ့်ကိုမထားခဲ့ရင် ရပြီ

မျက်နှာပြောင်တိုက်တယ်ပြောပြော မင်းအနားမှာပဲနေမှာ
အရင်က ဝမ်ရိပေါ်က အချစ်ကိုမသိသေးလို့ပါကွာ

The last chance(နောက်ဆုံးအခွင့်အ​ေ၇း)Kde žijí příběhy. Začni objevovat