part 20

1K 57 0
                                    

The last chance
(နောက်ဆုံးအခွင့်အရေး)

part-20

ရိပေါ် သူ့လုပ်ရပ်ကို သူပြန်တွေးမိရင်းရယ်မိသည်
အခု သူဝတ်ထားပုံမှာ all blackကိုမှ ခေါင်းစွပ်ပါတဲ့အကျီဖြင့် ခေါင်းကိုအုပ်ထားသေးသည်
mask လည်းတပ်ထားသည်
ယခု သူ့ပုံစံမှာ stackerလိုလို idolလိုလိုပင်

အခုသူရှောင်းကျန့်အိမ်ရှေ့နားက ကားထဲမှာပင်
ရှောင်းကျန့်နောက်ကို လိုက်ဖို့ပင်ဖြစ်သည်
အတွင်းရေးမှူကို အိမ်စုံစမ်းပြီး ရောက်နေခြင်းပင်
ဟောက်ရွှမ်းတို့သာ သူ့အဖြစ်ကိုသိသွားပါက အလှောင်ခံရမှာကျိန်းသေပင်

ထိုစဥ် ကားအနက်တစ်စီး ရှောင်းကျန့်အိမ်ရှေ့ကိုလာရပ်သည်
မကြာပါဖူး ယုန်ပေါက်ထွက်လာတယ်

ဟင် ယုန်ပေါက်က ဒီလိုပုံစံနဲ့ ဘားကိုသွားမယ်ပေါ့လေ

ယုန်ပေါက်ဝတ်လာပုံမှာ hoddie အဖြူရောင် ဘောင်းဘီကလည်း ခပ်ဝဝပင်ဝတ်ထားသည်
ဦးထုပ်လည်းစောင်းထားပြီး ရှေ့ဆံပင်ကို ကျောင်းမှာတုန်းကလို ခပ်အုပ်အုပ်လေးချထားတယ်

သူဝတ်ထားပုံမှာ sexyမဆန်ပဲ ချစ်စရာကောင်းနေသညိ
ဒါနဲ့ ယုန်ပေါက်က barသွားမှာ ဒီလိုဝတ်ထားတာပါလိမ့်

ရိပေါ် သူတို့ကားနောက်က ခပ်ခွာခွာလိုက်လာခဲ့တယ်
ဘားကိုရောက်တော့ သူတို့နောကိဝိုင်းမှာ နောက်ကျောပေးပြီထိုင်လိုက်သည်
ဘာလိုလိုနဲ့ သူတောင် ဘားမရောက်တာကြာသွားပြီပဲ

*ဆိုစမ်းပါဦး sean
မှားလို့ အခု ရှောင်းကျန့်လို့ခေါ်ရမလား

*ခေါ်ချင်သလို ခေါ်ပါဗျာ
ကျောင်းမှာလို seanလို့ပဲခေါ်ခေါ် အဆင်ပြေတယ်

*ဟုပ်ပါပြီ ဒီ ဒီဇိုင်းက ဘယ်လိုဖြစ်လာတာ
ဘာလဲ အသစ်အဆန်းထွင်တာလား
အာရုံစိုက်ခံရအောင်

*ဟ ဟ လုပ်ပြီ စီနီယာကတော့
ကျွန်တော်က ဒီအတိုင်းထိုင်နေတောင် အာရုံတွေက ကျွန်တော့်စီမှာပဲဟာ

ကျွန်တော် နိုင်ငံခြားမှာ sexyဆန်ဆန်ဝတ်တယ်ဆိုတာက အဲ့လောက် အာရုံနောက်စရာမလိုဘူးလေ
ကျွန်တော့်ဆီ အာရုံရောက်လည်း barထဲမှာပဲ ပြီးတဲ့ကိစ္စ

The last chance(နောက်ဆုံးအခွင့်အ​ေ၇း)Where stories live. Discover now