အပိုင်း ၁ / အပိုင္း ၁

4.4K 377 55
                                    

Unicode
________

ကိုယ်တော့် ရင်ခွင်ထဲမှာ မောင်မင်းကို
တစ်သက်တစ်ကျွန်း အကျဥ်းချထားလိုက်ပြီ...။

᪥ ~ ᪥ ~ ᪥

ဂျိုဆွန်းပြည်....။

"ဂိုဂူလျောတွင် မွန်ဂိုတို့၏ နိုင်ငံရေး အင်အားလွှမ်းမှုကို ဘုရင်ဂွန်မင်လက်ထက်တွင် အဆုံးသတ်စေခဲ့သည်။ဘုရင်ဂွန်မင်လက်ထက်တွင် ပြင်းထန်သောနိုင်ငံရေး ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက် စစ်ဗိုလ်ချုပ်ယီဆောင်ဂဲ ဦးဆောင်သော တော်လှန်မှုတွင် ပျက်သုန်းခဲ့ရသည်။ဗိုလ်ချုပ်ယီဆောင်ဂဲမှ ၁၃၉၂ခုနှစ်တွင် ဂျိုဆွန်းကို တည်ထောင်...."

တရှူးရှုး ဟောက်သံကြားထဲတွင် အထိန်းတော်ရှောင်း၏ စာဖတ်သံသည် တိတ်ဆိတ်သွားခဲ့ရသည်။လက်ထဲက စာအုပ်ကို ဖယ်ကြည့်လိုက်သောအခါ ခုံပေါ် ခေါင်းစိုက်ပြီး အိပ်မောကျနေသော မင်းသားလေး။

လွန်စွာမှ အပျင်းကြီးလှသော မင်းသားလေးသည် စာအုပ်အထူကြီး တစ်အုပ်ကို ကိုယ်တိုင်မဖတ်ဘဲ အထိန်းတော်ကြီးလက်ထဲ ထည့်ပေးပြီးသည်နှင့် နားထောင်ချင်ယောင်ဆောင်ကာ အားရပါးရ စက်တော်ခေါ်တော့သည်။

အထိန်းတော်ကြီးခမျာ နိှုးရမှာလည်းအခက် ၊ ဒီအတိုင်းထားပြန်ရင်လည်း အခက်၊အကျပ်ရိုက်လျက်ရှိသည်။မတော်လို့ ဘုရင်မင်းမြတ် နန်းတော်ထဲလှည့်လည်ချိန်နဲ့ တိုးသွားလျှင် အပြစ်ပေးခံရမှာတော့ သေချာသည်။

"မင်း....မင်းသား....."

"ဟင်...ဘာ...ဘာဖြစ်တာလဲ"

ထိုအခါမှ အိပ်ချင်မူးတူးနှင့် ဝူးဝူးဝါးဝါး ထလုပ်တော့သည်။လက်ဖြင့် အချိန်အတော်ကြာထိ ဖိအိပ်ထားလို့ထင်။မို့အစ်နေသော မျက်ခွံတို့နှင့်အတူ ခပ်လုံးလုံးနှာခေါင်း၊အနည်းငယ်ကြီးနေသော ရှေ့သွားနှစ်ချောင်းက မင်းသားငယ်လေးတစ်ယောက်၏ သွင်ပြင်ကို ပိုပြီးနုပျိုအောင် ဖန်တီးပေးထားသည်။နန်းတော်ဝင်းထဲ လိပ်ပြာလေးတွေ လိုက်ဖမ်းတတ်သော လမ်းလျှောက်တတ်စ ပေါက်စလေးသည် ယခုတော့ လူပျိုအရွယ် အိမ်ရှေ့စံမင်းသားလေး ဖြစ်လာခဲ့ပြီ။

မင်းသားလေးရဲ့ ဖူးစာရှင်  || JINKOOK ✓Where stories live. Discover now