အပိုင်း ၃ /အပိုင္း ၃

1.9K 323 79
                                    

Unicode
________

"အရှင်မင်းကြီး..."

ဂျိုဆွန်း၏ ဘုရင်မင်းမြတ်သည် သူ၏ အဆောင်တော်အတွင်း အမတ်များ၏ အစီရင်ခံစာ တစ်ထပ်ကြီးကို ဖတ်ရှုနေစဥ် မိဖုရားကြီး၏ အလောတကြီးခေါ်သံကို ကြားလိုက်ရသည်။

ထိုအသံသည် သွေးရိုးသားရိုးအသံမဟုတ်ဘဲ တစ်စုံတစ်ယောက်၏ ပယောဂကြောင့်မှန်း ကြား
ကတည်းက အလိုလိုသိနေသည်။ထို့ကြောင့် သက်ပြင်းတစ်ချက်ချကာ ဖတ်လက်စ အစီရင်ခံစာကို ပိတ်လိုက်သည်။

မိဖုရားကြီးသည် အဆောင်တော်အတွင်း သုတ်သုတ်ပြာပြာ ဝင်လာပြီးသည့်နောက်..

"အရှင်မင်းကြီး...အိမ်ရှေ့စံက..."

ေမျှာ်လင့်ထားသည့် အတိုင်းပါပင်။မရိုးနိုင်သည့် အမှုပေါင်း သောင်းခြောက်ထောင်သည် 'အိမ်ရှေ့စံက' ဟူသောစကားလုံးနှင့် စ သည်။ခေါ်ယူစစ်ဆေးပြန်လျှင်လည်း တစ်သောင်းခြောက်ထောင်ထက်ပိုသော ပြန်လည်ချေပချက်များက အိမ်ရှေ့စံတွင် အဆင်သင့်ရှိတတ်သည်။ထိုသားတော်ကို ကိုယ်ဝန်ဆောင်စဥ်က မိဖုရားကြီးသည် မည်သို့ ချဥ်ခြင်းတက်ခဲ့သည် မသိ။အမျိုးမျိုးအဖုံဖုံသော ပြဿနာများကို ဖြေရှင်းပေးပြီးသည့် အခါတိုင်း သည်ဘုရင်မှာ သွေးတက်ရတာပဲ အဖတ်တင်သည်။

"ဆိုပါဦး..ဒီတစ်ခေါက်ရော ဘာတဲ့လဲ"

မိဖုရားကြီး၏ မျက်နှာက လငပုပ်ဖမ်းထားသလို အပျက်ပျက်အယွင်းယွင်း ဖြစ်နေကာ ေလျှာက်တင်ဖို့ကို အတော်ဝန်လေးနေပုံရသည်။

"အဲ့ဒါကလေ..အရှင်မင်းကြီး..."

ဘယ်လို အမှုကိစ္စမျိုးကို ထပ်ကျူးလွန်သည်တော့မသိ။ 'ဒီလို သားတော်မျိုး မွေးထားမိတာ ငါကိုယ်တော် အပြစ်လည်းပါတယ်' ဟူသော စိတ်ကို အကြိမ်ကြိမ်နှလုံးသွင်းပြီး မိဖုရားကြီး စကားဆက်ဖို့ အားရှိသွားအောင် စကားထောက်ပေးလိုက်သည်။

"ဘာလဲ...အိမ်ရှေ့စံ ကိုယ်တော့်စာကြည့်ခန်းသော့ကိ​ု ဖျက်ဆီးပစ်လိုက်ပြန်ပြီလား။ဒါမှမဟုတ်..နန်းတော်ထဲကို ဆိတ်တွေမောင်းသွင်းပြီး ကစားတာလား။ဒါမှမဟုတ် စားဖိုဆောင်ထဲကို သွားမွှေပြန်ပြီလား။အင်း...ဒီထက့်အဆိုးဆုံးဆိုရင် ကိုယ်တော့် နန်းတော်ကို မီးတက်ရှို့ဖို့တဲ့လား"

မင်းသားလေးရဲ့ ဖူးစာရှင်  || JINKOOK ✓Where stories live. Discover now