အပိုင်း ၂ / အပိုင္း ၂

2.1K 344 60
                                    

Unicode
_______

​စျေးသည် လမ်းဆုံလမ်းခွဆုံရာ အရပ်ဖြစ်သောကြောင့် နေမြင့်သည်တိုင်အောင် လူပွဲမသွားသေး။အသားငါး၊အသီးအရွက်၊သရေစာမုန့်မျိုးစုံမှ စ၍ အထည်အလိပ်၊လူသုံးကုန်အမျိုးမျိုးအထိ ရှိသည်။​

​စျေးခေါ်သံ စကားပြောသံများဖြင့် ဆူညံနေသည့်ကြားထဲမှာ တိုးကာ လျှိုးကာဖြင့် လိုရာအရပ်ကို သွားနေကြသည့် အရွယ်စုံ ပုံစံစုံ လူများ။တွေ့သမျှလူ လိုက်ငေးနေမိသော သူ့မှာ အတော်မူးနေပြီ။

သွေးပူသွေးလော ပြေးလာခဲ့တုန်းက ဂရုမပြုမိခဲ့သော ဝမ်းဗိုက်သည် အငွေ့တထောင်းထောင်း ထနေသော ပေါက်စီရောင်းသည့် ဆိုင်ရှေ့အရောက်တွင် ဆန္ဒပြတော့သည်။အငွေ့ကြားထဲက ဖြူုဖြူဖွေးဖွေးပေါက်စီလုံးများသည် သူ့ကိုလက်ယပ်ခေါ်နေသယောင်ရှိသည်။

"အဟမ်း လာထားနော်။ပေါက်စီတွေ ရမယ်။နူးနူးညံ့ညံ့အိအိလေး..တစ်ခါစားရုံနဲ့တစ်သက်လုံး ဆွေမျိုးမေ့သွားမယ်နော်။နောက်ကျရင် လက်ဗလာနဲ့ လှည့်ပြန်သွားရမယ်နော်..လာထား...ပေါက်စီတွေ...ပေါက်စီတွေ"

ပါးနပ်သော ဆိုင်ရှင်သည် ရစ်သီ,ရစ်သီလုပ်နေသော ဂျောင်ကုကိုမြင်လျှင် ယခင်ကထက် အရှိန်မြှင့်ကာ ပိုပြီးဖိအော်တော့သည်။

ခက်သည်က သူ့မှာ ပိုက်ဆံတစ်ပြားမှမပါ။အလကား တောင်းစားရအောင်လည်း ဆိုင်ပိုင်ရှင်သည် သူနေ့တိုင်း အနိုင်ကျင့်ဗိုလ်ကျနေသော အထိန်းတော်ကြီးရှောင်းလည်းမဟုတ်ပြန်။ခက်တော့ ခက်ချေပြီ။သို့သော် ထိုမျှလောက်ကို အကြံအဖန်ဂွင်မဖန်တတ်လျှင် ဂျောင်ကုသည် ေဂျာင်ကုဖြစ်နေတော့မည် မဟုတ်။

"ပေါက်စီတစ်လုံး ဘယ်လောက်လဲ "

"ငွေစ ၅စ"

"ဟင်!!​စျေးကြီးလိုက်တာ"

"​စျေးကြီးရင် မစားနဲ့"

သူ့ရှေ့က ဝယ်သူတစ်ယောက်စ နှစ်ယောက်စသည် မတန်တဆ ​စျေးကြောင့် မဝယ်ဘဲလှည့်ပြန်သွားကြသည်။ဂျောင်ကု အသာကြည့်နေလိုက်သည်။

သူသည် အိမ်ရှေ့စံမင်းသားတစ်ပါးပင်ဖြစ်သော်လည်း နန်းတော်အပြင်ကို လစ်ရင်လစ်သလို ခိုးထွက်နေကျမို့ ဆီ​စျေး၊ဆန်​စျေးကအစ သိသည်။လောဘကြီးသော ဆိုင်ရှင်ကို နည်းနည်းတော့ ပညာပေးဖို့လိုပြီ။

မင်းသားလေးရဲ့ ဖူးစာရှင်  || JINKOOK ✓Where stories live. Discover now