: လွမ်းရိပ်ငယ် :

168 25 34
                                    

🎈🎐

ကာနေးရှင်းပန်းရနံတွေဟာ
မွှေးပျံနေတယ်။

ပြတင်းတံခါးအပြင်ကမိုးသံဖွဲဖွဲတွေကိုကြားရလောက်တဲ့အထိအခန်းဟာတိတ်ဆိတ်နေတယ်

ဥသြငှက်လေးတွေရဲ့တေးဆိုသံကိုလည်းကြားရတယ်။

ဆိုစွတ်စွတ်ရာသီဥတုကိုလည်းခံစားရတယ်။

အိမ်မက်ကနိုးလာချိန်မျက်လုံးအစုံကိုအလင်းမပေးဘဲဘေးပတ်ဝန်းကျင်ကိုစိတ်နဲ့သာခံစားကြည့်နေမိသည်။တစ်အောင့်လောက်ကြာမှသာမျက်လုံးဖွင့်ကြည့်မိတော့အပြာရောင်မျက်နှာကျက်ကြီးဟာအမြင်အာရုံအပြည့်နေရာယူလာသည်။ထပ်ပြီးဘေးပတ်ဝန်းကျင်ကိုစနည်းနာကြည့်တော့" သြော်ငါဆေးရုံရောက်နေတာပဲ "။

မနေ့ကအိမ်ပြန်လမ်းမှာမိုးရွာတော့အလျင်စလိုနဲ့ပြေးတာချော်လဲမလိုတောင်ဖြစ်သွားမိသေးသည်။အိမ်ရောက်တော့လည်းခေါင်းပြောင်အောင်သုတ်ရဲ့သားနဲ့အအေးမိလေသတဲ့။

ကိုယ်ကလည်းဒီဆေးရုံမှာပဲလုပ်အားပေးလုပ်နေကြဆိုတော့အပြင်ဆေးခန်းဟိုဟိုဒီဒီသွားတာထပ်ဒီကိုပဲတန်းလာခဲ့မိသည်။သူနာပြုအစ်မကဆေးထိုးပေးပြီးတာနဲ့တစ်ချိုးထဲအိပ်ပျော်သွားတာနိုးလာတော့အိမ်မက်တောင်မမှတ်မိတော့ဘူး။

နံရံကပ်နာရီကိုလှမ်းကြည့်တော့နှစ်နာရီခွဲခါနီးပြီ။အဲ့လောက်တောင်အိပ်ပျော်သွားတာလား?

အချိန်တောင်လင့်ရောပေါ့။အောက်ကဗိုက်ပူလေးကလည်းတဂွီဂွီနဲ့အချက်ပြနေပြီ။မနက်ကတည်းကလည်းဘာမှမစားရသေးဘူး။

ထိုအချိန်တွင်
' ဒေါက် ဒေါက် ဒေါက် '

" ဝင်လာခဲ့လေဘယ်သူလဲ "
ကျွန်တော့်စကားအဆုံးတွင် လူနာဝတ်ဆုံဝတ်ထားပြီးလက်ထဲမှာလည်း
လင်ဗန်းတစ်ချက်နဲ့ သူလေး ကျွန်တော့အခန်းထဲဝင်လာသည်။

ဆယ့်နှစ်ရာသီနားကြပ်ကိုနားကမချွတ်တဲ့ကောင်မလေး...။

Maskတပ်ထားတောင်သူဘယ်သူလည်းမှတ်မိသည်။

" သူရိန်,ငါပြောပါတယ်မနေ့က
ထီးယူသွားပါဆိုတာကိုယူမသွားဘူး၊
အခုတော့ဖြစ်ပြီမလား
ခံလေ  နည်းတောင်နည်းသေးတယ် "

: STORY TELLS :  (One Shot Collection)Where stories live. Discover now