ဇန်နဝါရီ ၁ရက် ၂၀၁၈"မေတို့လမ်းခွဲကြရအောင်"တဲ့
နှစ်သစ်အတွက်အကောင်းဆုံးလက်ဆောင်ပါပဲ...မေရယ်။ငါးနှစ်တာသံယောဇဥ်တစ်ခုကိုငါ့ရဲ့မပြည့်စုံမှုလေးတစ်ခုကရိုက်ချိုးပစ်လိုက်နိုင်တာကသိပ်လည်းမထူးဆန်းပါဘူး။ဝတ္ထုဆန်ဆန်ပြောရရင် ငါကအရင်ထွက်သွားရင်သွား မဟုတ်ရင် သူတို့ကအရင်ထွက်သွားနေကြပဲ။နှုတ်ဆက်ခြင်းဆိုတဲ့အရာကငါ့ဘဝထဲမှာအစိုင်အခဲတစ်ခုအဖြစ်ကိုကြီးကြီးမားမားနေရာယူပြီးနေပါပြီ။စကားမပြောနိုင်ဘူးဆိုတဲ့လိုအပ်ချက်ကြောင့်ငါ့ဘဝထဲကနေတစ်ယောက်ပြီးတစ်ယောက်ထွက်သွားခဲ့ကြတယ်။မိဘဆိုတဲ့လူတွေလည်းအပါအဝင်ပေါ့။လူတစ်ယောက်ကငါ့ကိုရွံရှာတဲ့အကြည့်တွေနဲ့လာကြည့်နေရင်တောင်၊
ငါ့ပုံစံကိုကြည့်ပြီးရှုံ့ချနေရင်တောင် ငါ့အတွက်မထူးဆန်းတော့ဘူး။ကိုယ်တိုင်တောင်မသိလိုက်ဘဲနေသားကျနေခဲ့တာတော်တော်ကြာပါပြီ။
ဒဏ်ရာတွေကိုပုံကြီးမချဲ့သင့်ဘူးထင်တယ်။လောကမှာငါတစ်ယောက်ထဲနာကျင်နေတာမှမဟုတ်တာ...။ဇန်နဝါရီ ၁ရက်နေ့ရဲ့အဓိကဖြစ်ရပ်-ဖြတ်သွားဖြတ်လာခရီးသွားတစ်ယောက်ငါ့ဘဝထဲကထွက်သွားတယ်။
ဇန်နဝါရီ ၂ရက် ၂၀၁၈
ဒီနေ့စိတ်ပျော်အောင်ပန်းပင်စိုက်ကြည့်တယ်။
ပျိုးပင်ပေါက်လေးတွေဝယ်ပြီးရေလောင်းနေလိုက်တယ်။ဘာအပင်အမျိုးအစားတွေလဲဆိုတာတော့မသိဘူး။ဘာမှမသိတာဘဲကောင်းမယ်ထင်တယ်။ဇန်နဝါရီ ၃ရက် ၂၀၁၈
ဘာလို့ငါကအတိတ်ကနေရုန်းမထွက်နိုင်သေးရတာလဲအဆင်မပြေလိုက်တာကွာ
ဇန်နဝါရီ ၃ရက် နေ့လည်၅နာရီ ၊ ၂၇မိနစ်
မင်းအတွက်ကျလွယ်လိုက်တာကွာမေရယ်
မင်းပျော်ရွှင်ပါစေလို့ဆုတောင်းပေးသင့်လား
မပျော်စေချင်တာတော့အမှန်ပဲ
လက်ထက်ပွဲကိုတော့ကိုယ်မလာတော့ဘူးနော်ဇန်နဝါရီ ၄ရက် ၂၀၁၈
သူများတွေရေးသလိုဒိုင်ယာရီကိုအရှည်ကြီးရေးကြည့်ချင်တယ်ဒါပေမယ့်ငါ့တစ်နေတာကထွေထွေထူးထူးမှမရှိတာ။အတိတ်မှာပိတ်မိနေတဲ့သာမန်ကောင်လေးတစ်ယောက်ပဲဘာမှမရှိဘူး။ကော်ဖီသောက်တယ်၊စားတယ်၊ထိုင်တယ်၊အပင်ရေလောင်းတယ်၊တိမ်တွေကိုငေးတယ်၊အိပ်တယ်။ငါ့တစ်နေတာက ဒါပဲ။
YOU ARE READING
: STORY TELLS : (One Shot Collection)