Zawgyi
Polaris တွေဟာ လူတွေကို လမ်းညွှန်ရင်း လူသားတွေကို ပျော်ရွှင်စေတယ်တဲ့
ပန်းတိုင်နေရာဆီ ပထမဆုံး ရောက်ရှိလာတဲ့ ဆိုင်ကယ်နဲ့အတူ လက်ခုပ်သံတွေ ဆူဝေနေတယ်... တဝေးဝေး တဝါးဝါး အော်သံတွေလဲ မြည်ဟီးလို့ ... Loey ဆိုသူကတော့ သူနဲ့မဆိုင်သလို Helmet ကို ဆွဲချွတ်ကာ ကောက်ကွေးကွေးဆံပင်တွေထဲး လက်ထည့်ကာ ခါထုတ်နေတယ်... helmet ချွတ်ပြီးတိုင်း လုပ်တတ်တဲ့ အကျင့်ထင်ပါရဲ့...
"အင့်..."
helmet ချွတ်ဖို့ ဒုက္ခများနေတဲ့ baekhyun လက်ထဲကို သူချွတ်ထားတဲ့ helmet အနီရောင်ကို ထည့်လာတာကြောင့် အယောင်ယောင် အမှားမှားနဲ့ လှမ်းယူလိုက်ရတယ်... မော့ကြည့်မိတော့မှ တကယ်ကို တော်တော်ရှည်တဲ့ အရပ်ပါလား...
မေးစပ်ကို ထိတွေ့လာတဲ့ အေးစက်စက်လက်ချောင်းတွေရဲ့ ခံစားချက်နဲ့အတူ မျက်နှာပေါ်က Helmet က ခုနတုန်းကနဲ့ မတူစွာ loey လက်ထဲ လျောလျောရှူ ရှူ ပါသွားတယ်... ကိုယ်ချွတ်နေတုန်းဖြင့် မရပါပဲနဲ့...."နာမည်..."
"ဟမ်..."
ဆူညံနေတဲ့ အသံတွေဟာ မရပ်သွားသေးသဖြင့် loey မေးတာကို မကြားရတာကြောင့် အသံမြှင့်ကာမေးမိတယ်... နောက်ကနေ တစ်စီးပြီး တစ်စီး ဝင်လာတဲ့ ဆိုင်ကယ်တွေကလဲ မစဲသေးဘူး... ခါးလေးအနည်းငယ် ကုန်းကာ အနားကပ်မေးတာတောင် အော်ပြောနေရတဲ့ သူတို့အဖြစ်...
ခပ်ကျယ်ကျယ်အော်သံနဲ့ ..."မင်း နာမည် မေးတာ..."
"အာ ...Byun.."
"ဝိုး.... ဟေး...."
"ဘာ... Byeol.... လား..."
"Nae... Byun bae......"
"တစ်လုံးတည်းလား.... "
"ဘာပြောတာ..."
ဆူနေတဲ့ အသံတွေကြားထဲ အော်ပြောနေပေမယ့် ဘာကဘာမှန်း မသေချာခင်ပင်...
"Loey .... Congraculation..."
"Ok...Thanks.."
လက်ထဲထည့်လာတဲ့ စက္ကူလက်ဆွဲအိတ်လေးကို ဖြဲကြည့်လိုက်တော့ ငွေစက္ကူတွေ အပြည့်... ထိုထဲက တစ်အုပ်ဆွဲနှုတ်ကာ
"အပြန်ရောက်ရင် အရသာရှိတာ ဝယ်စားလိုက်ကြ..."
"ပြန်တော့မှာလား..."