Daisies(uni)

514 76 0
                                    

Daisies ပန်းတွေရဲ့ အဓိပ္ပါယ်က Hope (မျှော်လင့်ချက်)တဲ့

"ကမ်းပေ့ ... "

"ကမ်းပေ့..."

"အား... ခါးလိုက်တာ..."

"ဟားဟား...ဟား..."

"ဘာရီတာလဲ... ဒီလောက်ခါးတာကို."

"မျက်နှာတွေ ရဲလာပြီ မင်း.. မသောက်နိုင်ရင် ဆက်မသောက်နဲ့တော့..."

"အာညီး မူးအောင် သောက်ကြည့်မလို့..."

မူးအောင်သောက်မလို့ဟုဆိုကာ မက်ဂျူ တစ်ဘူးကို အကြိတ်အနှယ်သောက်နေသူဟာ မျက်နှာပြင်တွေသာမက လည်ပင်းတွေထိပါ ရဲပတောင်းခတ်နေတာကို ဆွယ်တာအဖြူ လေးအောင်ကနေ မြင်နေရလေသည်...

"မင်း မူးနေပြီ..."

"အာညီ...  အာညီး... မမူး... အေ့... ငါ နည်းနည်းတောင် မမူးသေး... ဂေ့ .. မမူးသေးဘူး... အများကြီးသောက်ဦးမှာ... အေ့ ...ငါ .. မက်.. မက်ဂျူ က ချို လာပြီ... ချိုဝါး... အရသာရှိတယ်... အများကြီး... အေ့....အများကြီးဘသောက်ဦးမှာ... ငါ နည်းနည်းတောင် မမူးသေး..အေ့ ...ဘူး..."

"တော်တော့..."

ဘီယာ ၃ ပုလင်းလောက် ကုန်သွားတဲ့ byeol အခြေအနေဟာ တော်တော်ကို မဟန်တော့တာကြောင့် နောက်တစ်ပုလင်း ဖောက်နေတဲ့ သူ့လက်ကို လှမ်းဆွဲကာ တားလိုက်ရသည်...

"Yeol... ဒီ Tatto က ဘာအဓိပ္ပါယ်လဲ..."

ဂျာကင် လက်ကို ဆွဲမကာ ဘယ်ချိန်က မြင်ထားလဲ မသိတဲ့ chanyeol လက်က Tatto ကို ပွတ်သတ်ပြီး မေးလာခဲ့တယ်...

"ရာသီခွင်တွေ ...."

"ဟင်... ရာသီခွင်တွေကို ဘာလို့ Tatto ထိုးထားတာလဲ... "

"မင်းလက်က ပန်းပုံကရော ဒါဆို..."

"အာ ... ဒီဟာလား..."

သူ့လက်ဖမိုးလေးကို ကြည့်ကာ ဆိုလာပါတယ်...

"ဒီပန်းလေးရဲ့ နာမည်က Peonies ..
ပျော်ရွှင်တဲ့ ဘဝ လို့ အဓိပ္ပါယ်ရတယ်...အေ့....တဲ့...
ဒီအတိုင်း တစ်ဘဝလုံး မပျော်ခဲ့ဘူးလို့ ပျော်ရွှင်မှုလေးကို သေရာပါ ခေါ်သွားတော့ မလို့..."

မျက်ဝန်းတွေဟာ ပကတိ ကြည်လင်နေတယ်... တစ်ခါတစ်ခါ သိပ်ကို ရိုးစင်းလွန်းတယ်ထင်ရပြီး...byeol ဟာ တစ်ခါတစ်ခါ သိပ်ကို နက်နဲစွာ ဖြူ စင်လွန်းနေပြန်တယ်...

Byeol(complete)Where stories live. Discover now