Peonies(Uni)

900 102 0
                                    

*Peonies ပန်းတွေရဲ့ အဓိပ္ပါယ်က Happy life တဲ့*

"Baekhyun ဒီနေ့ အခန်းက သက်တမ်းပြည့်သွားပြီနော်.."

"ဟုတ် အန်တီ ကျွန်တော် မနက်ဖြန် ရွှေ့ ပေးပါမယ်...
မနက် ဘယ်ချိန်သွားဖြစ်မယ်မှန်းမသိလို့လေ အခန်းထဲက အန်တီလိုချင်တာရှိရင် လာယူလိုက်ပါနော်...
ကျွန်တော် ဘာမှမယူသွားဖြစ်လောက်ဘူးမို့...
ပြီးတော့ ဒီတောအတွင်း ကျေးဇူးတင်ပါတယ်.."

"ကောင်လေး အိမ်ပြောင်းတယ်ဆိုတာ ပစ္စည်းတွေ ယူသွားရတယ် ...
မဟုတ်ရင် အကုန်အကျ အရမ်းများသွားမှာပေါ့..."

"ဟုတ် ကျွန်တော် အခု အကုန်အကျခံပြီး သုံးကြည့်တော့မလို့ပါ..."

ဒီစကားကို တကယ် စိတ်ထဲက ပြောလိုက်တာပါ... အပြုံးတွေ ဖောသီနေတဲ့ ပုံစံဟာ baekhyun ပုံစံ မဟုတ်ပေမယ့် ဒီနေ့ကနေစပြီး သေချာပေါက် ပျော်တာတွေပဲလုပ်ပြီး လုပ်ချင်တာကို ဘာကိုမှ မတွေးပဲ လုပ်တော့မှာဖြစ်တယ်...

အသက် ၁၃ နှစ်အရွယ်ထဲက ရရာအလုပ် လုပ်ပြီး ငွေစုတာဟာ အသက် ၃၀ လောက်ရောက်ရင် Baekhyun ဟာ တိုက်ခန်းလေးတစ်ခန်း အပိုင်ဝယ်မယ်...
ပန်းဆိုင်လေးတစ်ဆိုင်ဖွင့်ကာ လှပတဲ့ ပန်းတွေနဲ့ လူတွေကို ပျော်ရွှင်စေချင်တယ်...
ပြိီးတော့ အခြေကျနေတဲ့ ဝင်ငွေလေးကနေ မိဘမဲ့ ကလေးတွေကို လှူ မယ်...
အများကြီးပြုံးမယ်... လှလှပပ ... လွတ်လွတ်လပ်လပ်...
ပြီးတော့ တကယ်ချစ်ရတဲ့သူနဲ့တွေ့ဖြစ်ခဲ့ရင် ဘဝတစ်ခုထူထောင်ပြီး အေးအေးချမ်းချမ်းလေး ဖြတ်သန်းသွားမယ်...
ဘဝရည်မှန်းချက်ဆိုတာ Baekhyun အတွက်တော့ ဒီလောက်ပါပဲ...

အသက် ၁၃ နှစ် ဂေဟာက ထွက်လာတဲ့နေ့ထဲက ဒီအခန်းလေးထဲမှာ ကျင်လည်လာခဲ့တာ ၁၀ နှစ်နဲ့ ၃လ တိတိ ...
မနက်ဖြန်ရောက်ရင်တော့ သူအပြီးတိုင် နှုတ်ဆက်ရတော့မည် ...
ဒီအခန်းလေးထဲမှာ သူ့ဘဝရဲ့ အဆိုးဆုံး နေ့ရက်တွေရှိတယ်...
မအိပ်ခဲ့ရတဲ့ နေ့ရက်တွေရှိတယ်..
ပူကျပ်နေတဲ့ ခန္တာကိုယ်ကို မသိချင်ယောင်ဆောင်ကာ လူးလိမ့်ခဲ့ရတဲ့ နေ့ရက်တွေလဲ ရှိခဲ့ဖူးတယ်...

အတိတ်ကိုပြန်ကြည့်လိုက်တိုင်း ပျော်ခဲ့ရတဲ့ နေ့ရက်တွေ ရှိခဲ့ဖူးလားဆိုတာ မသေချာဘူး...
အခုတွေးကြည့်တော့မှ လွန်လေပြီးသော နေ့ရက်တွေတိုင်းကို ဖြုန်းတီးခဲ့မိလေသလား သံသယဝင်မိလာတယ်...
baekhyun သိတတ်စထဲက သူ့စိတ်ကူးထဲမှာ တစ်ခုပဲ ရှိခဲ့ဖူးတယ် အဲ့တာက အသက် ၃၀ နောက်ပိုင်း သူ အေးချမ်းစွာ နေနိုင်ဖို့ ..
အခုတော့ သူအဲ့ဒီစိတ်ကူးတွေ တစ်ခုမှ စိတ်မဝင်စားတော့ဘူး...
ဒီနေ့ကစပြီး နေ့ရက်တိုင်းကို စိတ်ထဲရှိတဲ့အတိုင်းနေမယ်... ပျော်ရင် ရီမယ်...ဝမ်းနည်းရင်ငိုမယ်... အော်စရာရှိရင် အော်ထုတ်ပစ်လိုက်မယ်... မတရားတာမြင်ရင် ပြောမယ်... ဘယ်အလုပ်ရှင်ရဲ့ မျက်နှာမှလဲ မကြည့်တော့ဘူး... ဘယ် customer ကိုမှလဲ သည်းခံမနေတော့ဘူး...

Byeol(complete)Where stories live. Discover now