The Plough(Uni)

811 91 13
                                    


The Plough တွေရဲ့ ထိပ်ဆုံးနှစ်လုံးဟာ polaris နဲ့ တစ်တန်းတည်းမှာ တည်ရှိတယ်

"Leukemia....
Dr. ဟို အဲ့တာ ဘာပြောလဲ... ကျွန်တော် နားမလည်လို့ပါ..."

"သွေးကင်ဆာ ... ဖြစ်နေတာ..."

"ဗျာ..."

" သွေးအားကောင်းစေတဲ့ အစားအစာ များများစားပါ... ပြီးတော့ အကြံပြုချင်တာက အမြန်ဆုံး ဆေးရုံတက်ပြီး ကုသမှု ယူစေချင်တယ်... ရက်နည်းနည်း ဖြစ်ဖြစ် ပိုနေနိုင်အောင်..."

"အချိန်... အချိန် ဘယ်လောက် ရှိသေးလဲ ကျွန်တော့်အတွက်..."

"အများဆုံး ၆လ အနည်းဆုံး ၃ လ လောက်..."

"အာ အဲ့ဒီလိုကိုး....
ဟို ကျွန်တော့်ကို ဆေးပေးလိုက်လို့ရမလား.. နာကျင်တာတွေ သက်သာဖို့.."

"ဆရာကတော့ ဆေးရုံအမြန်ဆုံး တက်စေချင်တယ်..."

"ကျွန်တော် ပိုက်ဆံတွေ အများကြီး ကုန်အောင်သုံးရဦးမှာ...
ပြီးတော့ ဒီတောအတွင်း မလုပ်ရသေးတာတွေလဲ များတော့ ကျွန်တော့်အတွက် ကျန်တဲ့အချိန်လေးကို အကျိုးရှိရှိ သုံးချင်လို့ ... ဆေးရုံတက်ဖို့က..."

"စဉ်းစားကြည့်ပါဦး လောလောဆယ် ဆေးပေးလိုက်မယ်.. တကယ်လို့ စိတ်ကူးပြောင်းသွားရင် အချိန်မရွေးလာခဲ့ပါ..."

"Nae... ကျေးဇူးတင်ပါတယ် ဒေါက်တာ..."

*****

"Yeol ဒီနေ့ soul ကို ပြန်ကြစို့..."

"အင်း ပြန်ကြမယ်လေ..."

ခရီးဆက်ဖို့ ကားလဲ မလိုဘူး မီးရထားလဲဘူး... baekhyun အတွက်တော့ ဆိုင်ကယ်တစ်စီးနဲ့ Yeol သာလိုပါတယ်...

မိုးဖွားတွေ တဖွားဖွားကျလာကာ Helmet ဆောင်းထားတဲ့ကြားက ရေမှုန်ရေမွှားလေးတွေ တစ်စ တစ်စ စင်လာတယ်... အေးမြတဲ့ ခံစားချက်နဲ့ အတူ မြေသင်းနံ့ သင်းသင်းလေးပါ မွှေးနေတယ်... လတ်ဆတ်အေးမြသော ခံစားချက် ...

မိုခိုဖို့ Bus gate အမိုးလေးနား ဆိုင်ကယ်ရပ်လိုက်တာကြောင့် နှစ်ယောက်သား bus gate လေးမှာ မိုးခိုနေကြတယ်....
ဆောင်းတွင်းရွာတဲ့ မိုးမို့ အသည်းခိုက်အောင် အေးပါတယ်... အချိန်အတော်ကြာသည်အထိ စဲသွားခြင်းမရှိတဲ့ မိုးဟာ ပို၍ပို၍ သည်းလာပါတယ်... တံစက်မြိတ်က ကျလာတဲ့ မိုးရေစက်တွေကို လက်ဖဝါးနဲ့ခံရင်း ခေါင်းထဲမှာ ရေဆော့ ချင်သလို ဖြစ်လာတာကြောင့် မိုးရေထဲကို ခြေလှမ်းထွက်လိုက်တယ်...

Byeol(complete)Where stories live. Discover now