အခန်း ၅။နောက်တစ်နေ့

360 12 1
                                    

များသောအားဖြင့်လူတွေက အမျိုးသမီးတွေကို ပျော့ညံ့တယ်လို့ထင်ကြတယ်။အမျိုးသမီး‌တွေဟာ ကိုယ်ခန္ဓာအားဖြင့်အမျိုးသားတွေ‌ လောက်မသန်မာဘူးလေ။အဲ့တော့သန်မာတဲ့‌ယောကျ်ား‌ တွေကိုအနိုင်ယူဖို့Evolutionကကျွန်မတို့အတွက် ဟန်ဆောင်လိမ်လည်လှည့်ဖျားနိုင်တဲ့စွမ်းရည်ကိုပေးခဲ့တာပေါ့။ဒါ‌‌ကြောင့်ပဲကမ္ဘာ့အကောင်းဆုံးသရုပ်ဆောင်တွေက အမျိုးသမီးတွေဖြစ်နေတာလေ။လူတွေကကျွန်မတို့ကို အန္တရာယ်မရှိဘူးလို့ယူဆလေ ကျွန်မတို့အတွက်ရန်သူကိုအငိုက်ဖမ်းပြီးတိုက်ခိုက်ဖို့ကောင်းလေပဲ။‌ကျွန်မတို့မှာတစ်ဖက်သားကိုထိခိုက်‌ အောင်လုပ်နိုင်တဲ့သတ္တိမရှိဘူးလို့ထင်နေကြတဲ့သူတွေမေ့နေကြတာတစ်ခုက ကျွန်မတို့ချက်ထားတဲ့ စားပွဲပေါ်ကဟင်းပန်ကန်တွေထဲက သတ္တဝါလေးတွေကလည်းတစ်ချိန်က အသက်ရှိနေခဲ့တယ်ဆိုတာပဲ။ဘယ်သူကမှသူတို့ရှေ့ကလှလှပပ စားချင်စဖွယ်ပြင်ထားတဲ့ဟင်းတွေကိုကြည့်ပြီး ဒီအကောင်လေးတွေအသက်ရှင်နေတုန်းကအချိန်ကိုပြန်မတမ်းတကြဘူးလေ။ဒါကကျွန်မတို့အိမ်ရှင်မတွေရဲ့သတ်ပုံသတ်နည်းပဲ။အကောင်အသေတွေကိုဖုံးကွယ်ထားပြီး အရသာရှိတဲ့ဟင်းပွဲတွေကိုပဲမြင်ရအောင်စွမ်းဆောင်နိုင်တာက‌တော့ကျွန်မတို့အနုပညာပဲ။

ဒီဇင်ဘာလ ၁၆ရက်
၂၀၁၉ ခုနှစ်
ကျွန်မသေပြီးနောက်တစ်ရက်

ဆောင်းလေအေးစိမ့်စိမ့်က သီရိစံပါယ်လမ်းတစ်လျှောက်ခေါက်တုန့်ခေါက်ပြန်ပြေးလွှားနေသည်။ညတာရှည်သောဆောင်းတွင်းမနက်က အလင်းရောင်ဝိုးတိုးဝါးတား။မြူတွေကလည်း ဆိုင်းနေသည်။ညကဖြစ်သွားသောကိစ္စကြောင့်တစ်လမ်းလုံးအိပ်မောကျနေပုံရသည်။တစ်ညလုံးတစ်ရေးမှမအိပ်နိုင်ခဲ့တဲ့သူတွေက တစ်လမ်းလုံးမှလေးယောက်သာရှိသည်။လေးယောက်လုံးအမျိုးသမီးတွေချည်း။အမျိုးသမီးလေးယောက်ထဲမှတစ်ယောက်ကတော့ ဘေးဘီဝဲယာကြည့်ရင်း သီရိစံပါယ်လမ်းပေါ်ခပ်သုတ်သုတ်လျှောက်နေသည်။သူမအိမ်ရှေ့ကအိမ်ကိုတစ်ချက်ကြည့်ပြီး အကဲခတ်သည်။လူရိပ်လူယောင်မတွေ့တော့ရှေ့ဆက်လျှောက်လာသည်။အိမ်နံပါတ်၄၀ရှေ့ရောက်တော့ အိမ်ထဲကိုတစ်ချက်လှမ်းကြည့်လိုက်သည်။လူရိပ်လူယောင်မတွေ့တော့နောက်ပြန်လျှောက်လာသည်။နောက်တစ်ခါအိမ်နံပါတ်၁၂ကိုတစ်ချက်လှမ်းကြည့်သည်။လူမတွေ့တော့ရှေ့ကိုခပ်သွက်သွက်လျှောက်လာသည်။သူမလက်တွေက တဆတ်ဆတ်တုန်ရီနေသည်။မသိတဲ့လူဆိုရင်တော့ ဆောင်းတွင်းအအေးဓါတ်ကြောင့်လို့ထင်စရာရှိသည်။ကျွန်းသစ်တွေနဲ့ဆောက်ထားသည့်အိမ်မည်းကြီးကဆောင်းမနက်ရဲ့ တိုးမပေါက်သေးတဲ့အလင်းရောင်အောက်မှာထီးထီးကြီးဖြင့်ခြောက်ခြားရာကောင်းနေသည်။သူဇာရှိစဉ်က ဒီအိမ်ကြီးကိုမှောင်ထဲမှာမမြင်ဖူးသောကြောင့် ခြောက်ခြားရကောင်းမှန်းမသိခဲ့။သူမတစ်ချက်တုန်သွားသည်။စိတ်တင်းရင်း ခပ်သွက်သွက်လျှောက်လာရင်း နောက်ဆုံးတော့သူမလိုပဲလမ်းပေါ်ရောက်နေသည့်အမျိုးသမီးတစ်ယောက်ကိုလှမ်းတွေ့လိုက်သည်။သူမစိတ်ထဲတုန်ရီနေတာနည်းနည်းသက်သာသွားသလိုလို။အမျိုးသမီးကသူမခြံထဲက ပန်းပင်တွေရဲ့အောက်ခြေပိုင်းတွေကို ဥယျာဉ်သုံးကတ်ကြေးလေးနဲ့လိုက်ညှပ်နေတယ်။ခဏနေတော့ မြူတွေကြားကထွက်သူမကိုမြင်သွားပုံရသည်။မျက်နှာတော့ခဏပျက်သွားသည်။ပျက်သွားသည့်မျက်နှာကိုချက်ချင်းပြန်ထိန်းရင်း

အိမ်ရှင်မတို့လျှို့ဝှက်ချက်Where stories live. Discover now