အခန်း ၇။မစ်(စ်)ဘားမား

322 8 0
                                    

ကလင် ကလင် ကလင်...
ထူးထူးဆန်းဆန်းမနက်စောစော ဖုန်းတွေလာလို့ပါလားလို့ကျွန်မတွေးလိုက်မိသည်။ဖုန်းတပ်ထားတဲ့ဧည့်ခန်းဆီကိုခပ်သုတ်သုတ်လျှောက်သွားပြီး ဖုန်းကိုကောက်ကိုင်လိုက်သည်။အရေးထဲမှစကားပြောခွက်ဘေးကဖုန်းကြိုးကလိမ်ပြီးညိ နေလို့ဖြေနေရသေးတယ်။နားနားကပ်လိုက်တာနဲ့ ဟိုဘက်က ဟဲလို၊ဟဲလိုလို့အဆက်မပြတ်အော်သံကနားထဲဝင်လာသည်။ကျွန်မလည်း ကပျာကယာ
"ဟဲလို။ဘယ်သူပါလဲ"
"အမ။ကျွန်မပါ။သန္တာလေ"
"ဪ သန္တာပြေ။စောစောစီးစီးဘာကိစ္စရှိလို့လဲ။"
"အမရေ ပြောရမှာနည်းနည်းတောင်တစ်မျိုးဖြစ်နေတယ်။မနေ့ကကျွန်မတို့စကားပြောနေတုန်း အမတို့အိမ်မျက်စောင်းထိုးကျော်လောက်က ဒေါ်ရင်မေရောက်လာတယ်လေ။အဲ့ဒါဒီနေ့ ကျွန်မဈေးသွားဝယ်ရင်းကြားတာ ညကသူ့အမေဆုံးသွားတယ်တဲ့"
"ဟင်။သူ့အမေက ရှိသေးတယ်?"
"မရှိတော့ဘူးအမ။ညကဆုံးသွားပြီ"
"ဪအင်း။ဟုတ်တယ်လေ။အမပြောချင်တာက ဒေါ်ရင်မေအသက်အရွယ်နဲ့ သူ့အမေကအစောကြီးထဲကဆုံးသွားလောက်ပီထင်နေတာ"
"သူ့အမေက၉၀ကျော်‌နေပြီပြောတယ်။တစ်ခြားမြို့မှာ သူ့သားအငယ်ဆုံးမိသားစုနဲ့နေတာ။ဒေါ်ရင်မေကသာဒီမှာမွေးပြီး ဒီမှာကြီးလို့ ဒီမှာပဲအရိုးထုတ်တော့မယ်ဆိုပြီး ဘယ်ဆွေမျိုးသားချင်းဆီမှမပြောင်းဘဲနေနေတာတဲ့။သတင်းကြားတာနဲ့သူ့ဆီဖုန်းဆက်ကြည့်‌တော့ညကျရင် လိုက်သွားမယ်ပြောတယ်။ကားကညမှပဲရတော့မှာမို့လို့တဲ့"
"ဪ ဟုတ်လား။"
"အမမှတ်မိလား။မနေ့ကကျွန်မတို့နောက်လိုက်တာလေ။အခုလိုဖြစ်တော့စိတ်မကောင်းဘူး။ဘယ်လိုလုပ်ရမလဲမသိဘူး"
"အဲ့ဒါကမဆိုင်ပါဘူး။ဒီလိုပဲတိုက်ဆိုင်သွားတာပါ။"
"ဒါပေမဲ့လည်းအမရယ်။စိတ်ထဲတစ်မျိုးပဲ။"
"ဒါဆို ဒီနေ့ဈေးသွားရင် ဟင်းစားပိုဝယ်ပြီးဒေါ်ရင်မေအတွက်ပါပိုချက်ပြီးသွားပို့လိုက်မယ်လေ။"
"အင်း။အဲ့ဒါမဆိုးဘူးအမ။သူလည်းချက်နိုင်ချင်မှချက်နိုင်မှာ"
"သဉ္ဇာနဲ့သီတာကိုရောပြောလိုက်အုံးမလား"
"ကျွန်မပြောလိုက်မယ်အမ။သဉ္ဇာကတော့လာရင်လာလိမ့်မယ်။သီတာကတော့ရုံးတက်ရက်ဆိုတော့မလာနိုင်လောက်ဘူး"
"အင်းအင်း။အဲ့ဒါဆိုအမဖုန်းမဆက်တော့ဘူးနော်။သဉ္ဇာနဲ့သီတာကိုဖုန်းဆက်ပြီးရင်တော့ပြန်ပြောအုံး"
"ဟုတ်အမ။ခဏနော်" ဆိုပြီးသန္တာက ဖုန်းကိုဂွက်ခနဲချသွားသည်။

အိမ်ရှင်မတို့လျှို့ဝှက်ချက်Where stories live. Discover now