အပိုင်း (7)

6.8K 758 22
                                    

[Unicode]

7. အဆိုးထဲမှ အကောင်းရသွားသော မုန့်ဖေး

" ကျွန်တော့်ကို မစွန့်ပစ် လိုက်ပါနဲ့နော်...''

အဲ့စကား တစ်ခွန်းကိုပဲ ထပ်တလဲလဲ ရွတ်ကာ မျက်ရည်များစွာ ရေတံခွန်လို စီးကျနေပြီး တုန်လှုပ်နေသော ထို ကလေးလေး ကို ချန်ချယ် ကြည့်လိုက်တယ် ။ သူ့ ကလေးလေး....က ဟော်မုန်းတွေ ကို တော်တော် ခုခံ ခဲ့ရမှာပဲ....။ အခုလဲ ကြည့် သူ့ကို ပစ်သွားမှာ ကြောက်လို့ တုန်လှုပ်နေတဲ့ သူလေး...။ ဒါလေးဟာ သူ့ရဲ့ အယ်ဖာလေး...သူက ဘာကိစ္စ သူ့ရဲ့ မရင့်ကျက် သေးတဲ့ အယ်ဖာ လေးကို စွန့်ပစ်ရမှာတဲ့လဲ... ။ သူကိုယ်တိုင် ကတောင် ချစ်ရလွန်းလို့ ဆွဲထား ချင်ခဲ့တဲ့ သူလေး...။

ချန်ချယ်ဟာ ငိုနေပြီး တုန်လှုပ်ခြောက်ခြား နေတဲ့ မုန့်ဖေး ကို ပွေ့ဖက်လိုက်ကာ ခေါင်းလေး ကို လက်တစ်ဖက်နဲ့ ပွတ်ပြီး နောက် လက်တစ်ဖက်နဲ့ ကျောကို ပွတ်ကာ ချော့ မြူပေးတော့တယ်။
(အဲ့လို ကောင်ရှိလား..🙂ကိုယ့်မှာတော့ မရှိဘူး ။)

" အဆင်ပြေ သွားပြီ။ အကုန် အဆင်ပြေ သွားပါပြီ....။ တိတ်တော့နော်.....ချယ့်က ဖေးဖေး ကို ပစ်မသွားပါဘူး....တိတ်တိတ်..... လာပါအုံး ချယ့်ကို ဖက်ပါအုံး....''

ချန်ချယ်က ဖက်ခွင့်ပေး လိုက်တော့မှ မုန့်ဖေး က သူ့ခါးတစ်ဝက်ကို တင်းကျပ်စွာ ဖက်လိုက်ပြီး စကားလုံးတွေ ရေရွတ်ကာ အော်ငိုတော့တယ်။

" ကျွန်တော်...ဟင့်ဟင့်..ကျွန်တော် ကြောက်နေခဲ့တာ..ဟင့်ဟင့်...အဲ့လူကြီး က အရမ်းကြောက်ဖို့ ကောင်းတယ်.....သူက ကျွန်တော့် ကို လိုက်ပြီး ချုပ်နေတာ....ဟင့်ဟင့်....ချယ့်ကို ဆုံးရှုံး လုနီးပါးပဲ....ဟင့်...ဟင့်....ချယ့် ချယ့်....''

ဘေးနားမှာ ရပ်ကြည့်နေတဲ့ လူတွေ ကတော့ အခုငိုနေတဲ့ ကောင်လေးဟာ အိုမီဂါ လားလို့တောင် သံသယ ဝင်ကြတယ်။ ဒါပေမယ့် အစောက ဟော်မုန်းတွေနဲ့ ထိန်းချုပ်ခံရတဲ့ အတွေ့အကြုံက ထိုကောင်လေးဟာ သေချာ သလောက် အဆင့်မြင့်တဲ့ အယ်ဖာ ဆိုတာပဲ။ ဒါပေမယ့် သူ့ချစ်သူ ဘီတာ ရှေ့လဲ ရောက်ရော ကျား တစ်ကောင် ကနေ ခွေးလေး တစ်ကောင် အဖြစ် ပြောင်းသွားတာကိုတော့ အံဩတယ် ။ ဒီလို ဟော်မုန်း တွေနဲ့ ပြည့်နေတဲ့ ကမ္ဘာ မှာ အချစ်က အဲ့လောက်ထိ အသုံးဝင် အရာရောက် တယ်ဆိုတာ မရှိသလောက် ရှားတယ်။
ဘယ်လောက်ပဲ ချစ်နေပါစေ ဟော်မုန်းတွေကြောင့် ပဲ လွှမ်း မိုးခံ ကြရတာ များလေတယ်။ အခုတော့ သူတို့ကို တောင် ကြောက်လောက်အောင် ဖိအားပေးနိုင်တဲ့ အယ်ဖာဟာ ဘီတာ တစ်ယောက် စွန့်ပစ်မှာကို ကြောက်နေတယ်တဲ့။ ဘီတာတဲ့နော်......ဟော်မုန်း အနံ့တွေ အားအရမ်းနည်းတဲ့ သူတွေ။

COMPLETE အရှက်မရှိသောအယ်ဖာ   (Own Creation)Where stories live. Discover now