အပိုင်း (8)

6.7K 723 13
                                    

[Unicode]

8. ဒီတစ်ခါတော့ မုန့်ဖေး အရင်ဘဝ ကလို မမှားတော့ပါ..

   ကျိုးဝန် ကို အဲ့ ကတည်းက ဖယ်ထုတ် နိုင်ခဲ့တာကြောင့် သူတို့ တွေရဲ့ တက္ကသိုလ် ကျောင်းသား ဘဝ က တော်တော်လေး ကို ချိုမြိန် မှုတွေ နဲ့ ပြည့်နေ ခဲ့တယ်။ အခုဆိုလျှင် သူတို့ရဲ့ နောက်ဆုံး နှစ် ကို တောင် ရောက်နေ ခဲ့ ပြီ ဖြစ်လေတယ်။ ဒါပေမယ့် အချစ်တွေ ဟာ ဘယ်တော့မှ ဖြောင့်ဖြူး လေ့ မရှိ ကြဘူး လို့ပြောကြတယ်မလား။ သက်လတ် ပိုင်း အရွယ်ကို ရောက်လာပြီ ဖြစ်တဲ့ အယ်ဖာ တစ်ယောက် ကရော ဒီ လို အချိန်အပိုင်း အခြား လေးကို အောင်မြင်နိုင်မယ် လို့ ထင်ကြ ပါသလား။

   မုန့်ဖေး ဟာ ကျော်ကြားတဲ့ သူတစ်ဦး ဖြစ်လေတယ်။ သူက သူ့ရဲ့ ရုပ်ရည် အရည် အချင်းနဲ့ ဟော်မုန်းတွေကြောင့် ကျော်ကြား တာထက် သူ့ရဲ့ စေ့စပ်သူ ကို တင်းတင်းကြပ်ကြပ် ကာကွယ်ပေး တက်တဲ့ စရိုက်က ပို လို့ကျော်ကြား လေတယ်။ ဒါကြောင့်လဲ ချန်ချယ် ကို ဘယ်သူကမှ မုန့်ဖေး ကို ကျော်ပြီး သူတို့ရဲ့ အချစ်တွေ ကို ဖွင့်ဟ ဝန်မခံ ရဲ ကြလေဘူး။ တကယ်လို့များ ချန်ချယ် ကို လာပြီး ချစ်ကြောင်း ဝန်ခံတဲ့ သူ ရှိရင် သူက အမျိုး အစား ပေါ် လိုက်ပြီးတော့ နှိမ်ချ ပြောဆိုလေတယ်။ သူ့ရဲ့ စကားလုံးတွေ ထဲမှာ ဓားတွေ အပြည့်ပါလေတယ်။ အပြောခံ ရတဲ့ သူက ချက်ချင်း သွေးအန် သွား လောက်တဲ့ အထိ လျှာစောင်း ထက်တဲ့ အယ်ဖာ ပါလေ။

  အိုမီဂါ တစ်ယောက်က ချန်ချယ်ကို ပန်းလေး ပေးပြီး ခေါင်းလေး ငုံ့ကာ သူချစ်ကြောင်း ရှက်ရဲရဲ လေးနဲ့ ဝန်ခံနေရင် မုန့်ဖေးက ဘေး ကနေ ပြုံးပြုံးကြီး ရပ်နေပြီး မေးလိမ့်မယ်။

" မင်းက ငါ့ရဲ့ ချယ့် ကို ဘယ်လောက်ထိ ချစ်တာမို့လဲ.... ပန်း တစ်ပွင့် ထဲလား...? ဟမ့်....ငါဆို တစ်လ တစ်ခေါက် လပတ်လည် ကျင်းပတိုင်း နှင်းဆီပွင့် အနက်ရောင် ၁၃၁၄ ပွင့်ကို ပေး တာကွ....မင်းရဲ့ နှင်းဆီနီလေး ကို ပြန်သိမ်း ထား လိုက်စမ်းပါ.....ကျွတ်...ကျွတ်....''

  အဲ့လိုမျိုး သောက်မြင်ကပ် လောက်အောင် ကြွားဝါပြီး နှိမ့်ချတက်တဲ့ အယ်ဖာ ပါလေ။ အိုမီဂါ တွေကို အယ်ဖာ အများစုက သနားကာ ကာကွယ်တက်ကြ ပေမယ့် ထို အုပ်စုထဲ မုန့်ဖေး လုံးဝ မပါပေ။ သူ့ကို ဝန်ခံဖို့ အိုမီဂါ လာရင်တောင် သူက သူ့ဇနီးလေး ကို ဖက်ပြီး '  ငါက သူ့အပိုင်လေ..' ဆိုပြီး အရှက်မရှိပြောလေ့ ရှိတယ် ။

COMPLETE အရှက်မရှိသောအယ်ဖာ   (Own Creation)Where stories live. Discover now