Part 2

564 76 3
                                    

Unicode

အကုန်လုံးမိတ်ဆက်ပြီး ကိုယ့်အခန်းကိုယ်စီ ပြန်ဝင်သွားကြတာကြောင့် ကျွန်တော် ထိုဂျယ်ဟျောင်းဆိုသူနဲ့ အတူ နေရမယ့်အခန်းသို့ ဝင်လာလိုက်သည်။

ကုတင်က အခန်းရဲ့ ထောင့်တစ်ဖက်စီမှာ ကပ်ထားတာကြောင့် ဘယ်ဘက် ကုတင်ပေါ်က ကျွန်တော့်ပစ္စည်းတွေကို မြင်တဲ့ သူက ညာဘက်ကုတင်ဘေး သူ့ Luggageကို ကပ်ထားလိုက်ပြီး ကုတင်ပေါ် ထိုင်ချလိုက်သည်။

ကျွန်တော်လည်း ပစ္စည်းတွေ နေရာတကျထားနေရင်း အနေမခက်အောင် စကားစလိုက်သည်။

"မင်းနာမည်က ဂျောင်ဂျယ်ဟျောင်း မလား ငါမင်းထက် အသက်ငယ်လားကြီးလားမသိပေမယ့် ငါ့အသက်က ၁၆ မင်းက ငါ့ထက် ငယ်လားကြီးလား "

ကျွန်တော်မေးနေရင်း လှည့်ကြည့်လိုက်ပေမယ့် သူ့မျက်လုံးတွေက အခန်းကိုသာ လှည့်ပတ် ကြည့်နေတာကြောင့် ကျွန်တော် ဘာမှထပ်ပြောဖို့ မလုပ်တော့ပဲ အဝတ်တွေကိုသာ ချိတ်နဲ့သေချာချိတ်ရင်း ကုတင်ဘေးက အဝတ်ဘီဒိုထဲ ထည့်နေလိုက်သည် ။

၅မိနစ်နေလောက်နေတော့ သူက နားကြပ်ကို ဖြုတ်ရင်း ကုတင်ပေါ်လှဲလိုက်တာကြောင့် ကျွန်တော်သူ့ကို ဒုတိယအကြိမ် စကားပြောဖို့​​ပြင်လိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် အ​​စောနက နားကြပ်တပ်ထားတာကြောင့် ကျွန်တော်မေးတာကို မကြားလိုက်တာပဲ မလား ။

ကျွန်တော် ချောင်းအနည်းငယ်ဟန့်ပြီး

"အဟမ်း....မင်း အသက်ဘယ်လောက်လဲ Jae "

ကျွန်တော်ရုတ်တရက် သူ့နာမည်ကို အဖျားစွတ်ခေါ်လိုက်မိတာကြောင့် သူစိတ်ဆိုးသွားမယ် ထင်ခဲ့ပေမယ့် သူက ကျွန်တော့်ကိုပဲ ခပ်တည်တည်စိုက်ကြည့်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြေလာသည်။

"၁၇ ထဲမှာ "

"အာ...ကျွန်တော့်ထက်ကြီးတာပဲ တောင်းပန်ပါတယ် အကိုလို့ ခေါ်ရမှာကို"

"အများကြီးကွာတာမှ မဟုတ်ပဲ မင်းအဆင်ပြေရင် အခုနကလို Jae တစ်လုံးထဲ ခေါ်ပေး။ ငါ့အတွက် အဲ့တာက ပိုပြီးသက်တောင့်သက်သာ ဖြစ်တယ် "

If we go far [ငါတို့ဝေးသွားရင်](complete) Where stories live. Discover now