Part 6

406 67 4
                                    

Unicode

"Jae အခုဘယ်လိုဆက်လုပ်ကြမှာလဲ"

မန်နေဂျာအကို အပြင် လေ့ကျင့်ခန်းထဲမှာ Member အားလုံးကစိတ်ပျက်လက်ပျက်ထိုင်နေကြခြင်းဖြစ်သည် ။

Jaehyun ကတော့ ကာယကံရှင်မို့ ပိုပြီး စိတ်ထိခိုက်နေပုံ

"ကျွန်တော်ဘာလုပ်ရမလဲမသိ​တော့ဘူး အကို"

အက်ရှရှ Jaehyun စကားက တကယ်ကို ဝမ်းနည်းနေပြီး စိတ်ကုန်နေသည့် ပုံစံမျိုး

လွန်ခဲ့တဲ့ တစ်ပါတ်အထိ City Kpop group ကထိပ်ဆုံးအထိ အောင်မြင်ကျော်ကြားနေခဲ့သေးသည်။

ဒီနေ့ရဲ့ မနက်ခင်းမှာတော့ Jaehyunရဲ့ Dating News ဆိုတဲ့ ကောလဟာလ သတင်းဟာ တစ်ကမ္ဘာလုံးကိုဖုံးလွှမ်းသွားခဲ့​ပြီး SM entertainment တစ်ခုလုံး ယောက်ယက်ခပ်ကုန်သည်။

အခုတော့ မန်နေဂျာအကိုက တစ်ဖွဲ့လုံးခေါ်ပြီး ဆွေးနွေးနေခြင်း။

"လောလောဆယ်တော့ Jae ကိုခန အနားယူပြီးသေချာစဥ်းစားစေချင်တယ် ဒါမှအဖွဲ့အတွက်ရော မင်းအတွက်ရော အဆင်ပြေလိမ့်မယ် "

Jae ကတော့ခေါင်းသာ အသာငြိမ့်ပြပြီး အံကိုတင်းနေအောင်ကြိတ်ထားသည်။

မန်နေဂျာအကို ပြောပုံအရဆိုရင် Jaeက ဒီရက်တွေမှာ အဖွဲ့လှုပ်ရှားမှုတွေ မပါရတော့မယ့်ပုံပါပဲ

"ကျွန်တော်တို့က အဆင်ပြေတယ် အကို"

ထယ်ယုံးက ငြိမ်နေရာမှ Jae ကို  မနားစေချင်တာကြောင့် မန်နေဂျာအကို ကို ထပြောလိုက်သည်။

Jaeအပြင် Memberအားလုံးက မန်နေဂျာအကို ကို အားကိုးတကြီး ကြည့်နေကြသည် ။

"မဖြစ်ဘူး ထယ်ယုံး ဒီကိစ္စက ဖြေရှင်းမပြီးမချင်း ပိုပြီးဆက်နွယ်လာမှာ တစ်လ နှစ်လလောက်ပဲ သည်းခံပေးကြပါ အကိုတို့ ရအောင်ဖြေရှင်းပေးမှာမို့လို့ အားလုံးလည်း နားလည်မယ်လို့ထင်ပါတယ် "

အခန်းရဲ့ နံရံထောင့်လေးနားမှီနေတဲ့ Jungwooလေးဟာ ဘာခံစားချက်မှမရှိသလို
ငြိမ်ငြိမ်လေးသာ ထိုင်နေသည်။

အမှန်ဆိုလျှင် သူငိုလိုက်တာ ထပေါက်ကွဲလိုက်တာမျိုးလုပ်လိုက်ရင်တောင် အားလုံးအတွက် ခံသာဦးမည်ဖြစ်သည် ။

If we go far [ငါတို့ဝေးသွားရင်](complete) Where stories live. Discover now