Part 8

446 65 0
                                    

Unicode

  အပေါ်ထပ်ကို ပြန်တက်ဖို့ ဓာတ်လှေကားခလုတ်ကိုဖွင့်ရင်း နာရီကြည့်မိတော့ မနက် ၄နာရီ နီးပါး

အနမ်းခံထားရလို့ စတော်ဘယ်ရီသီးလေးလို နီဆွေး နေတဲ့ ဂျောင်ဝူးနှုတ်ခမ်းလေးတွေကိုမြင်တော့ Jaehyunတံတွေးကို အသံမြည်သည်အထိ မျိုချမိသည်။

ဓာတ်လှေကား တံခါးပွင့်လာတာကြောင့် နှစ်ယောက်အတူဝင်လိုက်ပြီး အပေါ်ထပ်ကို တက်ဖို့ နံပါတ်ကို ဂျောက်ဝူးကသာ နှိပ်လိုက်ရသည်။

တိတ်ဆိတ်နေတဲ့ အခြေအနေဟာ စောစောက အကခန်းထဲ က အနမ်းမိုးတွေကြောင့်ဖြစ်သည်။

လည်ပင်းထောင့်နားအထိ Hickeyအချို့က ထင်းနေတာကြောင့် ဘယ်လောက်ခပ်ကြမ်းကြမ်းလေး နမ်းမိသွားမှန်း Jaehyun သာသိသည်။

"ဘာလို့ လူကိုအဲ့လောက် လာကြည့်နေတာလဲ နေရခက်အောင်"

သူကြည့်နေတာကို ရိပ်မိသွားတဲ့ ကောင်လေးက လည်ပင်းလေးတွေကို လက်လှလှလေးတွေနဲ့အုပ်လိုက်ပြီး မျက်စောင်းလေးခဲကာ စွာစွာလေး အော်ငေါက်လာတာကြောင့် Jaehyun ရှေ့က ဓာတ်လှေကားတံခါးကိုသာ အတင်းစိုက်ကြည့်နေမိသည်။

"Jae က အရှက်သည်းနေတော့ ကျွန်တော်ဘယ်လိုနေမလဲ "

အရှက်သည်းဆို အကခန်းထဲမှာပါ အခွင့်အရေးတွေတောက်လျောက် ယူခဲ့မိတာက ကိုယ်ပဲမဟုတ်ပါလား။

အပေါ်ထပ် ရောက်သွားတာကြောင့် ဓာတ်လှေကားထဲက ထွက်တော့မယ့်ကောင်လေးရဲ့ လက်လေးတွေကို ဆုပ်ကိုင်လိုက်တော့ အလန့်တကြားလေးရုန်းလာသည်။

"ဘယ်လိုဖြစ်နေတာလဲ သူများတွေ မြင်သွားမယ်လေ "

"မြင်ပါစေ ကိုယ့်ချစ်သူရဲ့ လက်ကိုင်ရုံလေးကို "

"တကယ် ပြောရခက်လိုက်တာ "

"ဟား...ဟား...ဟား "

အသံပြဲကြီးနဲ့ အော်ရယ်နေတဲ့သူ့ကြောင့် ဂျောင်ဝူး ကျန်တဲ့လက်တစ်ဖက်ဖြင့် သူ့နှုတ်ခမ်းတို့ကို အုပ်လိုက်မိသည်။

သူနဲ့ တွဲနေတာ အကုန်သိကြတယ် ဆိုပေမယ့် ဂျောင်ဝူးက သိသာသိ မမြင်စေနဲ့ ပုံစံဖြင့်သာ နေသားကျနေသည် ။

If we go far [ငါတို့ဝေးသွားရင်](complete) Where stories live. Discover now