Unicode
Jaehyun ညက တမှေးလောက်ပဲ မှေးပြီး အိပ်မပျော်တာကြောင့် ညအိပ်မီးလေးဖွင့်ကာ စာအုပ်တစ်အုပ်ကို ဖတ်နေလိုက်သည်။
အချိန်အားဖြင့် မနက် ၃နာရီ ရှိနေပြီ ဒါပေမယ့် သူ့ရဲ့မျက်လုံးတွေက အိပ်ချင်စိတ်ကို ဖြစ်မလာသေး။
ဘေးနားက Silent လုပ်ထားတဲ့ ဖုန်းScreenလေးက လင်းလာတာကြောင့် ကြည့်လိုက်တော့ Jungwooဆီက massageလေးဖြစ်နေသည်။
*ဒီကောင်လေးရော အိပ်မပျော်လို့များလား*
ဖုန်းကိုဖွင့်ကြည့်လိုက်တော့
💬 Jae အိပ်မက်လှလှမက်နေရဲ့လား
*ကျွန်တော်အိပ်နေတယ်အထင်နဲ့ ပို့ထားတဲ့စာကြောင်းလေးက ချစ်စရာ *
💬 အင်း ...ကိုယ် အိပ်မက်လှလှ မက်နေတယ် ကောင်လေးတစ်ယောက် ကိုယ့်ကို စာလာပို့နေတဲ့ အိပ်မက်လှလှ လေး
💬 ဟာ Jae မအိပ်နေဘူးလား ကျွန်တော်ကဖြင့် အိပ်နေတယ် ထင်နေတာ
💬 ဒါဖြင့် Jungwooကရော
💬 ကျွန်တော်က တရေးနိုးတာ _ ပြီးတော့
ပြီးတော့ဆိုပြီး စာဆက်မပြန်လာတော့တဲ့ကောင်လေးရှက်နေတာကို Jaehyungသိသည်။
💬 ပြီးတော့ ကိုယ့်ကို လွမ်းလို့လား
Seenပြပြီး replyမပြန်တော့တဲ့ ကောင်လေးကို Jaehyun အနားရှိရင် တင်းကြပ်နေအောင် ပွေ့ဖက်ထားချင်သည်။
စာမပြန်တော့တဲ့ ကောင်လေး မအိပ်သေးမှန်း Jaehyunသိတာကြောင့် ဖုန်းခေါ်လိုက်သည်။
အဖွားအခန်းနဲ့ ကပ်ရက်ဖြစ်နေတာကြောင့် ချိတ်ထားတဲ့အနွေးထည်လေး ထပ်ဝတ်ကာ တစ်ထပ်အိမ်လေးရဲ့ အရှေ့ဘက်သို့ Jaehyun ထွက်လာတော့ Jungwoo ဖုန်းကိုင်တာနဲ့ ကွက်တိဖြစ်သည်။
"ညကြီးကို ဖုန်းခေါ်တယ်"
အသံလေးတိုးပြီးပြောနေတဲ့ ကောင်ငယ်လေးကလဲ ချိတ်ထားတဲ့ အနွေးထည်လေးကိုယူကာ လိုက်ကာနောက်က မှန်တံခါးလေးကို တွန်းဖွင့်ပြီး ပန်းအိုးလေးတွေပြည့်နေတာကြောင့် တိုယ်ကိုယ်စာလောက်ပဲ ကျယ်တဲ့ ဝရံတာလေးကို ထွက်ရပ်နေလိုက်သည်။
YOU ARE READING
If we go far [ငါတို့ဝေးသွားရင်](complete)
Fanfictionနေ့တိုင်း တွေ့ခွင့်ရချင်ပါတယ်လို့ ဆုတောင်းခဲ့တာလည်း ငါပဲ ဘယ်တော့မှ တွေ့ခွင့်မရပါစေနဲ့တော့လို့ ဆုတောင်းခဲ့တာလည်း ငါပါပဲ။