Part-1

416 49 11
                                    

'HaNaကို မကောင်းကြံစည်ခဲ့တဲ့ YoonGiဟာ သူ့ပြစ်ဒဏ်ကျနေတဲ့ အချိန်တွင်းမှာပင် HaNaကို တစ်ဖက်သတ် စိတ်ဝင်စားနေတဲ့ ငယ်သူငယ်ချင်းရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းခံရပြီး အလောင်းကို ပြည့်တန်ဆာအိမ်ရှေ့တွင် လွင့်ပစ်ခံရပြီး သိက္ခာမဲ့စွာ သေဆုံးသွားရသည်'

ဝတ္ထုရဲ့ စာသားအဆုံးကို ဖတ်ပြီးပြီးချင်း Min Yoongi ပါးစပ်က ထွက်သွားတဲ့ စကားတစ်ခွန်းက

"ချီးလိုဝတ္ထု!!"

အစ်ကိုဟူသည် မိမိအနိုင်ကျင့်ခံလူသားလို့ သတ်မှတ်ထားတဲ့ အိမ်ကနှမတော်က သူနဲ့နာမည်တူတဲ့လူပါတယ်။ ဖတ်ပါ တလဲလဲ နားပူနားဆာ ဂျီကျလွန်းလို့သာ အဓိပ္ပါယ်မရှိတဲ့ ဆယ်ကျော်သက်ကြိုက် အချစ်ဝတ္ထုကို အလုပ်ဆင်းတိုင်း Busစီးရင်း အပျင်းပြေ Onlineမှာ ဖတ်ကြည့်ပါတယ်။

ဝတ္ထုရဲ့ ဇာတ်အိမ်အကျဉ်းက ဖန်တရာထပ်နေတဲ့ ဆင်းရဲတဲ့မိသားစုက မွေးဖွားလာတဲ့ စိတ်ကောင်းနှလုံးဖြူစင်တဲ့ ဇာတ်လိုက်မက 'B'တိုင်းပြည်ရဲ့ Dukeအဆင့်ရှိတဲ့ မြို့စားအိမ်မှာ အိမ်စေလာလုပ်တယ်က စတာပေါ့။ 'ဇာတ်လိုက်မ'ဆိုတဲ့ ခေါင်းစဉ်အရှိန်အဝါက နည်းနည်းနှောနှော မဟုတ်တာကြောင့် မြို့စားကြီးရဲ့သမီးကို တဖြည်းဖြည်း ဖုံးလွှမ်းသွားပြီး 'ဗီလိန်'ဆိုတဲ့ ခေါင်းစဉ်အောက်ကို အလိုလိုရောက်လို့သွားတယ်။

Haremဝတ္ထုဆိုတဲ့အတိုင်း မနာလိုဝန်တိုမှုတွေ ပြည့်နေတဲ့ ဗီလိန်မရဲ့ အမျိုးမျိုးဒုက္ခပေးမှုကနေ ဇာတ်လိုက်မကို အကာအကွယ်ပေးမယ့် အမျိုးကောင်းသား ဇာတ်လိုက်ချောတွေက အသင့်ရှိနေတယ်။

ဇာတ်လိုက်မ မြို့မရောက်ခင် အချိန်တုန်းက တောစပ်နားမှာ သွေးအလိမ်းလိမ်းနဲ့ ဒဏ်ရာရနေတဲ့ လျှို့ဝှက်လုပ်ကြံသတ်ဖြတ်ရေးသမား Jung Kookကို ကယ်တင်ပေးခဲ့ရာကနေ အရိပ်ထဲကနေ အမြဲကာကွယ်ပေးတဲ့ကိုယ်ရံတော်ကို အသပြာတစ်ပြားမကုန်ပဲ ရလာခဲ့တယ်။

ဇာတ်လိုက်မ မြို့စားအိမ်မှာ အလုပ်ဝင်လုပ်ဖို့လာတဲ့ လမ်းခရီးမှာလည်း 'B'တိုင်းပြည်ရဲ့ ဘုရင်နီးနီးချမ်းသာတဲ့ TaeHyungနဲ့ မတော်တဆဆုံမိရာကနေ ဇာတ်လိုက်မက အလိုလိုနေရင်း သကြားဖေဖေရလာတော့တယ်။

Oh Sh*t! I Became Villian's BrotherWhere stories live. Discover now