Part-5

249 47 7
                                    

{Unicode}

YoonGi စာအုပ်ဖတ်လိုက်၊ ဆေးခါးတွေသောက်လိုက်၊ အိပ်ယာထဲ လှဲလိုက်နဲ့ ဘဲ အချိန်တွေကို ကုန်ဆုံးရင်း ညနေဘက်ကို ရောက်လို့လာတယ်။

"သခင်လေး ရေချိုးဖို့ ပြင်ပြီးပါပြီ"

"အင်း"

လာပြောတဲ့Chul နောက်လိုက်သွားတဲ့အခါ ရေချိုးကန်က တခြားနေ့တွေနဲ့ မတူဘဲ ပန်းပွင့်ဖတ်တွေ ချွေထည့်ထားပြီး အနံ့မွှေးမွှေးလေးလည်း သင်းနေတယ်။ ရေချိုးကန်ကိုမြင်ပြီး သူ့စိတ်ထဲတွေးနေတာကို Chulက သိနေတဲ့အလား ဖြေလာတယ်။

"မနက်က သခင်လေးနဲ့ သခင်မလေး ပြောတာကို Bongကြားပြီး သခင်လေး အနားယူလို့ရအောင် သူ(မ)ပြင်ပေးထားတာ"

"အင်း အပြင်မှာပဲ စောင့်နေပေးပါ"

"ဟုတ်ကဲ့ သခင်လေး လိုတာရှိရင် လှမ်းခေါ်လိုက်ပါ"

ရေချိုးကန်ထဲ ရေဝင်စိမ်နေတဲ့အချိန် 'မြောင်'ဆိုတဲ့အသံကြားလို့ လှည့်ကြည့်လိုက်တော့ ညက ကြောင်လေးဖြစ်နေတယ်။

"ဗိုက်ဆာလို့ ပြန်လာတာလား"

YoonGiပြောလိုက်တော့ ရေချိုးကန်ဘောင်ပေါ် ခုန်တက်လာတယ်။ YoonGiရဲ့ နောက်ကျောဘက်ဆီကို ဘောင်တလျောက် လျှောက်လာပြီး မိမိမျက်နှာကို သူ့အမြီးနဲ့ ပွတ်သပ်ကာနေတယ်။ ခဏကြာတော့ Bongလုပ်ပေးထားခဲ့တဲ့ အမွှေးနံ့ထက်ပိုပြီးသင်းတဲ့ ချိုမြမြအနံ့ရလာပြီး YoonGiရဲ့မျက်လုံးတွေ တဖြည်းဖြည်းမှေးစဉ်းလာတော့တယ်။

"ငါ အကြွေးတင်နေရတာကို မကြိုက်ဘူး"

နား,နားကပ်ပြီး ပြောသွားတဲ့အသံကို YoonGi အိပ်ပျော်လုနီးပါး ဖြစ်နေသည့်ကြားမှ ဝိုးတဝါး ကြားလိုက်ရပါသေးသည်။

YoonGi ဒီကမ္ဘာကို ရောက်ကတည်းက ပထမဆုံးအကြိမ်အဖြစ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားရပေမယ့်လည်း ရေးမွှန်းနေတဲ့ ခံစားချက်လန့်နိုးလာသည့်အခါ သူ့ကို တစ်စုံတစ်ယောက်က အတင်းချုပ်ကိုင်ပြီး ရေချိုးကန်ထဲ ခေါင်းနှစ်နေသည်။

YoonGi အသက်ရှင်ဖို့အတွက် အားကုန်သုံးပြီး အတင်းရန်းကန်ကာ လက်ကလည်း ဆွဲမိဆွဲရာတွေကို လှမ်းဆွဲနေမိတယ်။ နောက်ဆုံး လက်ထဲ တစ်စုံတစ်ခုပါလာပြီး မိမိသည်လည်း ထိုလူ့လက်ထဲက လွတ်သွားသည်။ လွတ်သွားသည်နဲ့ မတ်တပ်တန်းရပ်မိကာ အသက်ကို လုရှူနေမိတော့သည်။

Oh Sh*t! I Became Villian's BrotherWhere stories live. Discover now