Part-3

247 41 3
                                    

{Unicode}

အခန်းထဲမှာ Yoongiနဲ့  မိသားစု၀င်ရဲ့ အသုဘရှိသလိုမျိုး ငိုချည်းငိုနေတဲ့ အဖြူအမည်းmaidဂါ၀န် ၀တ်ထားတဲ့ ကောင်မလေးနဲ့ အေးတိအေးစက် ရေခဲရိုက်မျက်နှာထားနဲ့ butlerလို ၀တ်ထားတဲ့ ကောင်လေးအပါအ၀င် (၃)ယောက်သာ ကျန်ခဲ့တော့တယ်။

Yoongiရဲ့ အားနည်းချက် ဖြစ်သလို အကြောက်ဆုံးအရာကတော့ မိန်းကလေးတွေရဲ့ မျက်ရည်ပါပဲ။ အဲ့အားနည်းချက်ကို အခွင့်ကောင်းယူပြီး အိမ်ကညီမက သူ့ကို နိုင်စားနေကြလေ။ အခုလည်း အရှေ့မှာ တရှုံရှုံနေတဲ့ ကောင်မလေးကို

"ဘာဖြစ်လို့ ငိုနေတာလဲ ဟင်?? တစ်ခုခုဖြစ်လို့လား?"

"သခင်လေး... ကျွန်မတို့ရဲ့ သနားစရာ သခင်လေး"

ခုနကထက် ဆတိုးထပ်ငိုလို့

"မငိုပါနဲ့ ကျွန်တော် ဘာမှမဖြစ်ပါဘူး.. ဆရာ၀န်.. အဲ.. သမားတော် ပြောသွားတာပဲ.. ယာယီမှတ်ဉာဏ်ပျောက်သွားတာ ဆိုတော့ ကျွန်တော့်ကို မြန်မြန်ပြန်နေကောင်းစေချင်ရင် အရင်တုန်းက အကြောင်းတွေပြောပြပေးလေ.. ကျွန်တော် မှတ်ဉာဏ်ပြန်ရဖို့ အကူအညီဖြစ်တာပေါ့"

ကျွန့်တော်စကားလည်းဆုံးရော ဆည်ဖောက်ချလိုက်သလိုပဲ။ ဘယ်အချိန်ကတည်းက ပြောချင်နေလဲ မသိဘူး။ အဲ့ကောင်မလေး ပြောလိုက်တာမှ စုံစိနေတာပဲ။ သူရောက်နေတဲ့ ခန္ဓာကိုယ် မွေးတဲ့အချိန်ကစပြီး စီကုံးပြောသွားလိုက်တာ တစ်အိမ်လုံးရဲ့အကြောင်းဆိုတာထက် အတင်းတွေကိုပါ သိလိုက်ရတယ်။ ဘေးနားက မျက်နှာသေနဲ့ ကောင်လေးကို ကြည့်လိုက်တော့ ပုံစံမပျက်တာမို့လို့ ကြည့်ရတာ အဲ့တစ်ယောက်က ကျင့်သားရနေတဲ့ပုံပဲ။

မမောမပန်းဘဲနဲ့ ပြောသွားလိုက်တာ ကျွန်တော် ဆေးသောက်ပြီး အနားယူချိန်မှ ရပ်သွားတော့တယ်။ ကျွန်တော် သိသွားတာတစ်ခုက နားမပူချင်ရင် အဲ့ကောင်မလေးကို နောက်ဘယ်တော့မှ ဘာမှမမေးသင့်ဘူးဆိုတာပဲ။

သူ အိပ်ပြီအထင်နဲ့ အခန်းထဲက နှစ်ယောက်ထွက်သွားတော့မှ ကျွန်တော် အိပ်ယာထဲကထွက်ကာ အခန်းထဲမှာရှိတဲ့ စာအုပ်စင်က စာအုပ်တစ်အုပ်ကို ယူဖတ်ကြည့်လိုက်တော့ ဘ၀မှာ ပထမဆဒံးမြင်ဖူးတဲ့ ဘာသာစကား ဖြစ်နေပေမယ့် ထူးဆန်းစွာနဲ့ သူနားလည်ပြီး ဖတ်တတ်နေတယ်။ စာအုပ်ကို နေရာတကျ ပြန်ထားလိုက်ပြီး စောနက တစ်ယောက်ဆီကရခဲ့တဲ့ အချက်အလက်တွေကို စားပွဲပေါ်မှာရှိတဲ့ စာရွက်အလွတ်ပေါ်မှာ ဟန်းဂုဘာသာနဲ့ အကြမ်းရေးမှတ်လိုက်တယ်။

Oh Sh*t! I Became Villian's BrotherWhere stories live. Discover now