Part-6

427 54 23
                                    

{Unicode}

YoonGi အဖျားကြောင့် တစ်ပတ်နီးပါး အခန်းထဲ၌ ထူထူထောင်ထောင် ဖြစ်လာတဲ့အထိ ထပ်အောင်းလိုက်ရပြန်တယ်။ ဒီကမ္ဘာမှာ အပျင်းပြေအောင် စာအုပ်ဖတ်သည်နဲ့ အိပ်သည်မှလွဲ၍ မရှိသဖြင့် YoonGiမှာ ပျင်းလွန်းလို့ ကိုယ့်ကိုယ်ကိုယ် ကျောက်တုံးဖြစ်သွားပြီလို့တောင် ထင်လိုက်မိတယ်။ အရင်တုန်းက နောင်ဘဝ ကျောက်တုံးဖြစ်ချင်တယ်လို့ပြော,ပြောနေတဲ့ ဆုတောင်းက အခုတော့ ပြည့်နေလိုက်တာ တစ်ဖက်ကန်းကိုလွန်လို့။

အပျင်းပြေစရာအနေနဲ့ ထပ်ပြီး YoonGiရဲ့ ကြောင်မမည်တဲ့ ကြောင်ရှိနေပါသေးတယ်။ ထိုကြောင်က မိမိနဲ့အတူ ဒီအိမ်တော်ကြီးထဲမှာ မနေပေမယ့် သူ့သဘော၊ သူ့စိတ်တိုင်းကျအတိုင်း တံခါးမရှိ၊ ဓားမရှိ အဝင်အထွက်တော့ လုပ်လေရဲ့။ အစာကြွေးရင်လည်း ကိုယ်တော်ချောက သူစိတ်လိုရင်စားပြီး သူစိတ်မလိုရင်တော့ မှောက်ပစ်လေရဲ့။

'ဒေါက် ဒေါက် ဒေါက်'

Chul ဝင်လာပြီး

"သခင်ကြီးက သူတို့နဲ့အတူ မနက်စာစားဖို့ သခင်လေးကို ခေါ်ခိုင်းလိုက်ပါတယ်"

YoonGiလည်း မြန်မြန်သွက်သွက်ပြင်ဆင်ပြီး လာခဲ့ပေမယ့်လည်း သူတို့ကတော့ စားနှင့်နေကြသည်။

YoonGi ရောက်လာတာလည်းမြင်ရော Mr.Yoonက

"အချိန်ကို ဘယ်တော့မှ အလေးမထားဘူး။ ဒီအိမ်တော်မှာ မင်းကနေလွဲရင် အကုန်အလုပ်များတဲ့လူတွေချည်းပဲ.."

YoonGiစိတ်ထဲ ထောင်းကနဲ ဖြစ်သွားရသည်။ မိမိလည်း အကြောင်းသိ,သိရခြင်း လာခဲ့တာပဲ။ နောက်ပြီး မိမိရောက်လာတာကို စောင့်ပြီးမှ စားကြတာလဲမဟုတ်။ အဲ့ဒါကိုများ သူ့ကို စောစောစီးစီး လာအော်နေသေးတယ်။ အရင်ခန္ဓာကိုယ်ပိုင်ရှင်တော့မသိပေမယ့် ဒီYoonGiကတော့ ကိုယ်မလုပ်တာကို လာပြောရင် နည်းနည်းလေးမှ ငြိမ်မခံနိုင်ပေါင်။ နောက်ပြီး အမြောက်စာဗီလိန်ဆိုတဲ့ ခေါင်းစဉ်နဲ့တန်အောင်တော့ နေပြရမှာပေါ့။

"စကားဖြတ်ပြောရလို့ စိတ်မရှိပါနဲ့ လူကြီးမင်းတို့က ကျွန်တော့်ကို မစောင့်ဘဲ စားနှင့်နေကြပြီးပဲဟာ ကျွန်တော် ဒီလို အပြောခံရမယ့်အခွင့်မရှိဘူးထင်တယ်"

You've reached the end of published parts.

⏰ Last updated: May 12, 2022 ⏰

Add this story to your Library to get notified about new parts!

Oh Sh*t! I Became Villian's BrotherWhere stories live. Discover now