Chapter 4 ( Z )

557 48 5
                                    

မှန်တံခါးတစ်ခုကို ဆွဲဆွဲဖွင့်ခြင်းမှာပဲ မွှေးပျံနေတဲ့ ကော်ဖီနံသင်းသင်းလေးကို စတင်ခံစားမိစေမယ့် ကဖေးဆိုင်တစ်ခု။ အသုံးအဆောင်နဲ့ အပြင်အဆင်အများစုကို အညိုရောင်တွေချည်း သုံးထားတဲ့ အဲ့ဒီကဖေးက စားပွဲတစ်ခုမှာ ရိပေါ် ထိုင်နေတယ်။ သူ့ရဲ့ အရှေ့တည့်တည့်က ခုံနေရာမှာ ရှိနေသူက ရှောင်ကျန့်။

" တောင်းပန်ပါတယ် ကျွန်တော့ကြောင့် ကျန့်ကော အလုပ်များသွားရပြီ "

" ရပါတယ် ပင်ပန်းတာမှမဟုတ်ပဲ
ဒီမှာ ရိပေါ်ရဲ့ ဖောင်တိန် "

စားပွဲပေါ် ရှောင်ကျန့် တင်လိုက်တဲ့ ဖောင်တိန်အမဲရောင်လေးက သူတို့နှစ်ယောက် ထပ်တွေ့ရတဲ့ အကြောင်းအရင်းဖြစ်တယ်။ ရှောင်ကျန့်ရဲ့ ကားရဲ့ နောက်ခန်းထဲ ကျန်ခဲ့ကြောင်း ရိပေါ် စာပို့တော့မှ ပြန်ရှာခဲ့ရတာလဲ ဖြစ်တယ်။

" ဒီတိုင်းဆို အပျောက်ခံလိုက်မှာ
ဒါပေမယ့် ဒါက ကျွန်တော့ မားမား ပေးခဲ့တာမို့ "

" တန်ဖိုးရှိမှာပဲ နောက်တစ်ခါ မမေ့ကျန်ခဲ့စေနဲ့ပေါ့ "

" အင်း "

စားပွဲပေါ်က ဖောင်တိန်ကို ပါလာတဲ့ လွယ်အိတ်ထဲထိုးထည့်ရင်း ရိပေါ် ခေါင်းငြိမ့်ဖြေလိုက်တယ်။အဲ့ဒီတော့ သူတို့ အချင်းချင်း ပြုံးပြဖြစ်တယ်။

" ဒါနဲ့လေ ကျန့်ကော နောက်စာအုပ်အသစ်တွေ ရေးဖို့ရှိသေးလား ကျွန်တော်က စောင့်နေတာ "

" လက်တလောတော့ မရှိသေးဘူး
ရေးဖြစ်ခဲ့ရင် ရိပေါ်ကို အရင်ဆုံး ပြောပြပါ့မယ် "

အငွေ့တဝေ့ဝေ့တက်နေတဲ့ ကော်ဖီပူနှစ်ခွက်ဟာ သူတို့ရှေ့မှာ ရှိနေတယ်။ မနက်ပိုင်းမို့ ကဖေးအတွင်းမှာလူအနည်းငယ်ရှင်းနေတယ်။

" ရိပေါ်က ကိုယ့်စာအုပ်တွေ အကုန်ဖတ်ခဲ့တာလား "

" အင်း အကုန်ဖတ်တယ် ဒါမယ့် အခုနောက်ဆုံးထွက်ထားတဲ့ စာအုပ်ကို ခဏခဏဖတ်ဖြစ်နေတာ
အလွတ်တောင် ရတော့မလို့ "

"  နောက်ဆုံးထွက်ထားတဲ့ စာအုပ်?
ဘာလို့လဲ ပျင်းစရာမကောင်းဘူးလား "

ကဖေးအတွင်း ဖွင့်ထားတဲ့ သီချင်းက ၂၀ ရာစုလောက်က နာမည်ကြီးခဲ့တဲ့ ခပ်မြူးမြူး သီချင်း တစ်ပုဒ်။ စားပွဲပေါ်တင်ထားတဲ့ ရှောင်ကျန့်ရဲ့ လက်တစ်ဖက်ဆီက လက်ချောင်းတွေက သီချင်းရဲ့ စည်းချက်အတိုင်း လှုပ်ရှားနေတယ်။

I N S O M N I A [ Completed ] Tempat cerita menjadi hidup. Temukan sekarang