Chapter 5 ( Z )

462 46 4
                                    

'' ရှောင်းကတော်ရဲ့ အလောင်း စစ်ဆေးမှု ပြီးသွားပါပြီ ဆရာ ''

အညိုရောင်စက္ကူအိတ်ကို စားပွဲပေါ်တင်ပေးရင်း ပြောတော့ ပေကျင်းမြို့ အထူးရဲတပ်ဖွဲ့ရဲ့
ဒုရဲအုပ်က လှမ်းယူ ဖွင့်ကြည့်ပြီး မျက်ခုံးကျုံ့တယ်။

ဆေးစစ်ချက်အရ ဖော်ပြနေတဲ့ အကြောင်းအရာက တွေးတောစရာတွေ အတော်မှများသွားစေတယ်။

'' ခွေးတွေနဲ့အတူ တွေ့ရတဲ့ အလောင်းက အစကတည်းက သေဆုံးပြီးသားဆို တရားခံက လက်နက်သုံးပြီး အရင်သတ်ခဲ့တာပေါ့ ''

ဒုရဲအုပ်လက်ထဲက ဓာတ်ပုံထဲမှာ ခွေးအုပ် ဝိုင်းကိုက်ခံထားရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အလောင်းက ရုပ်ပျက်ဆင်းပျက်။ ဆေးစစ်ချက်မှတ်တမ်းနဲ့ ဓာတ်ပုံကို စားပွဲပေါ် ပြန်ချရင်း အရှေ့မှာရပ်နေတဲ့ သူ့တပည့်ဆီ တည့်တည့်ကြည့်တယ်။

'' လီလီ့ရဲ့ အမှုကရော ... ''

'' စဲုစမ်းနေဆဲပါ ''

'' အင်း... မင်းသွားလို့ရပြီ ''

'' ဟုတ်ကဲ့ ''

ခါးကိုင်း အရိုအသေပေးပြီး လှည့်ထွက်လာခဲ့ရင်း တံခါးနားအရောက်။ ဒုရဲအုပ်ရဲ့ ခေါ်သံကြောင့် ခြေလှမ်းတချို့ရပ်တန့်သွားတယ်။

'' ရဲမှူးဝမ် ''

'' သူ့ကို သေချာစောင့်ကြည့်ထားတယ်မလား... ''

ဒါက သူလှည့်အကြည့်မှာ ဆက်ပြောလာတဲ့ စကားဖြစ်တယ်။

.....

မှန်နံရံတွေဆီ မျက်နှာမူထားတဲ့ ဆိုဖာခုံတွေဆီမှာ ရှောင်ကျန့်က ခြေထောက်ချိတ်ထိုင်ရင်း စာအုပ်တစ်အုပ်ဖတ်နေတယ်။ သူ့ရှေ့က မှန်စားပွဲပေါ်မှာ ကုန်ခါနီး ကော်ဖီတစ်ခွက်ရှိတယ်။

ရုတ်တရက် နိုတီသံထွက်လာတဲ့ ဖုန်းကို လှမ်းယူဖို့ သူက လက်ထဲက စာအုပ်ကို အရင်ပိတ်လိုက်တယ်။
နောက်ပြီး တပ်ထားဖြစ်တဲ့ မျက်မှန်ကိုင်းကိုပင့်တင်လိုက်တယ်။

သူ ဖွင့်ကြည့်မိတဲ့ ဖုန်းစခရင်ပေါ်က မက်ဆေ့တစ်စောင်။အဲ့ဒီ မက်ဆေ့က ရိပေါ်ဆီက။

စာပါ အကြောင်းအရာက မပြည့်စုံပေမယ့် ရှောင်ကျန့်က အများကြီး တွေးမနေဘူး။ ဘာကြောင့်မှန်းတော့မသိ။ သူ့ရဲ့ နှုတ်ခမ်းပါးတွေက ပြုံးလို့။

I N S O M N I A [ Completed ] Where stories live. Discover now